ျပည္နယ္တိုင္း ၆ ခုတြင္ အပူခ်ိန္ သိသိသာသာျမင့္တက္ေနဟု မိုးဇလ သတိေပးၿပီ
ျပည္နယ္တိုင္း ၆ ခုတြင္ အပူခ်ိန္ သိသိသာသာျမင့္တက္ေနဟု မိုးဇလ သတိေပးၿပီ
မႏၲေလးတိုင္းအပါအဝင္ ျပည္နယ္တိုင္း ၆ ခုမွာ ေန႔အပူခ်ိန္ေတြ သိသိသာသာ ျမင့္တက္ေနလို႔ သတိျပဳေနထိုင္ၾကဖို႔ မိုးေလဝသဌာနက သတိေပးလိုက္ပါတယ္။
ေမလ ၁၈ ရက္ကစၿပီး စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မေကြးတိုင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းေဒသေတြမွာ ေန႔အပူခ်ိန္ေတြဟာ ေမလရဲ႕ ပုံမွန္အပူခ်ိန္ထက္ ၇ ဒီဂရီစင္တီဂရိတ္ကေန ၈ ဒီဂရီ စင္တီဂရိတ္အထိ ျမင့္တက္ေနတာျဖစ္ပါတယ္။
စစ္ကိုင္းတိုင္း အထက္ပိုင္း၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔မွာေတာ့ ေမလရဲ႕ ပုံမွန္ အပူခ်ိန္ထက္ ၅ ဒီဂရီစင္တီဂရိတ္ကေန ၇ ဒီဂရီစင္တီဂရိတ္ အထိ ျမင့္တက္ေနတာ ျဖစ္ပါတယ္။
အဲဒီျပည္နယ္တိုင္း ၆ ခုမွာ ေနာက္ ၃ ရက္အထိ ေန႔အပူခ်ိန္ေတြ ျမင့္တက္ေနဦးမယ္လို႔ ခန္႔မွန္းထားပါတယ္။
Credit – dvb
ပြည်နယ်တိုင်း ၆ ခုတွင် အပူချိန် သိသိသာသာမြင့်တက်နေဟု မိုးဇလ သတိပေးပြီ
မန္တလေးတိုင်းအပါအဝင် ပြည်နယ်တိုင်း ၆ ခုမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေလို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။
မေလ ၁၈ ရက်ကစပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေဟာ မေလရဲ့ ပုံမှန်အပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့ မေလရဲ့ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်ကနေ ၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
အဲဒီပြည်နယ်တိုင်း ၆ ခုမှာ နောက် ၃ ရက်အထိ နေ့အပူချိန်တွေ မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
Credit – dvb
Post Comment