သမီးေလး သစ္ရဲ႕ စိတ္ဓာတ္ေလးကို ခ်ီးက်ဴးလိုက္တဲ့ ခ်စ္သုေဝ
သမီးေလး သစ္ရဲ႕ စိတ္ဓာတ္ေလးကို ခ်ီးက်ဴးလိုက္တဲ့ ခ်စ္သုေဝ
ခ်စ္သုေဝက အရမ္းကုိ ၾကင္နာတတ္တဲ့ သမီးေလး ေမျမန္မာသစ္ေၾကာင့္ ဝမ္းသာပီတိျဖစ္လုိ႔ေနပါတယ္။
ဒီလုိ သမီးေလးေတြ ပုိင္ဆုိင္ရခြင့္ရတဲ့ ခံစားခ်က္ကုိလည္း အခုလုိ ေျပာျပလာပါတယ္။
ခ်စ္သုေဝ တစ္ေယာက္ အရမ္းလိမၼာတဲ့ အျမႊာသမီးေလးေတြေၾကာင့္ အျမဲတမ္း ၿပဳံးေပ်ာ္ေနတတ္တဲ့ ေမေမ ျဖစ္ပါတယ္။
အခုလည္း သမီးေလး ေမျမန္မာသစ္ ရဲ႕ စိတ္ဓာတ္ေလးကုိ အခုလုိ ခ်ီးက်ဴးစကားဆုိခဲ့ပါတယ္။
‘’သည္းသစ္ေလး ရဲရင့္တယ္၊ ေခါင္းမာတယ္ ၊ ၾကင္နာတတ္တယ္ ၊ ညႇာတာတတ္တယ္ ၊ စကားနည္းတယ္ ၊ အာရံုစိုက္မႈေကာင္းတယ္။
ခုဆို သူလုပ္ၿပီးသားေလးေတြကို ေမေမဒီမွာလို႔ ေခၚျပတတ္ေနၿပီ။ သမီးေလးေတြရဲ႕အေသးစိတ္ အရာရာျဖတ္သန္းမႈမွာ ပါဝင္ေနႏိုင္တာကိုက
ဘုရားေပးတဲ့ဆု’’ ဆုိၿပီးေတာ့ ေမလ ၂၈ ရက္ေန႔ ညေန ၄ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ။
သမီးေလးေတြရဲ႕ အနာဂတ္လွပဖို႕နဲ႕ မိခင္အတြက္ ဂုဏ္ယူေစဖို႕ကိုလည္း သူမဆက္ႀကိဳးစားသြားဖို႕ ခြန္းအားေတြ အျပည့္ပါပဲလို႕ ဆုိပါတယ္။
ျဖတ္သန္းရတဲ့ ေလာကဓံေတြ ၾကံဳရေလ သူမကို ေမြးထားတဲ့ မိခင္ကို နားလည္ေလေလပါပဲတဲ့။
“သမီးေလးေတြ အနာဂတ္လွဖို႔ သမီးေလးေတြဟာ ကိုယ့္လုပ္ရပ္ ကိုယ့္ဆံုးျဖတ္မႈေတြ ေအာက္မွာ မ်က္ႏွာမငယ္ရဖို႔ သမီးေလးေတြအတြက္
ျပည့္စံုလံုျခံဳေႏြးေထြးတဲ့ ေမတၱာေတြေပးဖို႔ သမီးေလးေတြမ်က္ႏွာမွာ အျပံဳးေလးေတြေဝေနဖို႔ သမီးေလးေတြအသိစိတ္မွာ ငါတို႔ေမေမရယ္လို႔
ဂုဏ္ယူေနေစဖို႔ ကၽြန္မပခံုးထက္မွာ တာဝန္ေတြနဲ႔ ကၽြန္မရင္ထဲမွာ ေမ်ာ္လင့္ခ်က္ေတြနဲ႔ ကၽြန္မစိတ္ဝိညည္မွာ ခြန္အားေတြအျပည့္နဲ႔ေမေမခ်စ္တယ္ေနာ္
ကေလးငယ္ေလးေတြ ျဖတ္သန္းရတဲ့ေလာကဓံေတြၾကံဳရေလ ကိုယ့္ကိုေမြးထားတဲ့ေမေမ့ ကိုနားလည္ေလေလပါပဲ” လို႕ Duwun Media အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။
ခ်စ္သုေဝ(Chit Thu Wai) ဟာ အဆုိေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကုိ စတင္ဝင္ေရာက္လာ တာျဖစ္ပါတယ္။
အဲ့ဒီေနာက္ သရုပ္ေဆာင္တစ္ဦး အျဖစ္နဲ႔ပါ ရပ္တည္ခဲ့ပါေသးတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ အဆုိေတာ္ လင္းလင္းနဲ႔ လက္တြဲၿပီး
အိမ္ေထာင္တစ္ခု တည္ေဆာက္ခဲ့ကာ ၂၀၁၇ ခုႏွစ္မွာ ခ်စ္စရာေကာင္းတဲ့ အျမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္တုိ႔ကုိ ေမြးဖြားခဲ့ပါတယ္။
အခုဆိုရင္ အျမႊာသမီးေလးေတြရဲ႕ ေမေမခ်စ္သုေဝဟာ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။
Credit \Original
Unicode
သမီးလေး သစ်ရဲ့ စိတ်ဓာတ်လေးကို ချီးကျူးလိုက်တဲ့ ချစ်သုဝေ
ချစ်သုဝေက အရမ်းကို ကြင်နာတတ်တဲ့ သမီးလေး မေမြန်မာသစ်ကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
ဒီလို သမီးလေးတွေ ပိုင်ဆိုင်ရခွင့်ရတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။
ချစ်သုဝေ တစ်ယောက် အရမ်းလိမ္မာတဲ့ အမြွှာသမီးလေးတွေကြောင့် အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ မေမေ ဖြစ်ပါတယ်။
အခုလည်း သမီးလေး မေမြန်မာသစ် ရဲ့ စိတ်ဓာတ်လေးကို အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။
‘’သည်းသစ်လေး ရဲရင့်တယ်၊ ခေါင်းမာတယ် ၊ ကြင်နာတတ်တယ် ၊ ညှာတာတတ်တယ် ၊ စကားနည်းတယ် ၊ အာရုံစိုက်မှုကောင်းတယ်။
ခုဆို သူလုပ်ပြီးသားလေးတွေကို မေမေဒီမှာလို့ ခေါ်ပြတတ်နေပြီ။ သမီးလေးတွေရဲ့အသေးစိတ် အရာရာဖြတ်သန်းမှုမှာ ပါဝင်နေနိုင်တာကိုက
ဘုရားပေးတဲ့ဆု’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ။
သမီးလေးတွေရဲ့ အနာဂတ်လှပဖို့နဲ့ မိခင်အတွက် ဂုဏ်ယူစေဖို့ကိုလည်း သူမဆက်ကြိုးစားသွားဖို့ ခွန်းအားတွေ အပြည့်ပါပဲလို့ ဆိုပါတယ်။
ဖြတ်သန်းရတဲ့ လောကဓံတွေ ကြုံရလေ သူမကို မွေးထားတဲ့ မိခင်ကို နားလည်လေလေပါပဲတဲ့။
“သမီးလေးတွေ အနာဂတ်လှဖို့ သမီးလေးတွေဟာ ကိုယ့်လုပ်ရပ် ကိုယ့်ဆုံးဖြတ်မှုတွေ အောက်မှာ မျက်နှာမငယ်ရဖို့ သမီးလေးတွေအတွက်
ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့ သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့ သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့
ဂုဏ်ယူနေစေဖို့ ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့ ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့ ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့မေမေချစ်တယ်နော်
ကလေးငယ်လေးတွေ ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။
အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး
အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။
အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။




