GMH သစ်ပင်စိုက်အဖွဲ့ကို အလှူငွေ (၁၁)သိန်း မတည် လှူဒါန်းလိုက်တဲ့ ဖြိုးမြတ်အောင်
မြန်မာအိုင်ဒေါကနေ ပရိသတ် အခိုင်အမာရရှိခဲ့ပြီး လက်ရှိမှာ နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ ပရိသတ်ရဲ့ အချစ်တော် ဖြိုးမြတ်အောင်ကတော့ Green Makers – Hinthada (GMH) ဆိုတဲ့ သစ်ပင်ဆိုက်အဖွဲ့ကို အလှူငွေ (၁၁) သိန်းတိတိ ထည့်ဝင်လှူဒါန်းလိုက်ကြောင်း Green Makers – Hinthada (GMH) လူမှုကွန်ယက်စာမျက်နှာမှာရော Phyo Myat Aung ရဲ့လူမှုကွန်ယက်စာမျက်နှာမှာပါ တင်ပြထားတာဖြစ်ပါတယ်..။
အဆိုတော်ဖြိုးမြတ်အောင်ကတော့ ကျွန်တော်နှင့်ပရိသတ်မိသားစု ဆိုတဲ့ အမည်နဲ့ မတည်ငွေ (၁၁) သိန်းကျပ် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်မိသားစုတွေအနေနဲ့ မိမိတို့ မြို့မှာရှိတဲ့ သစ်ပင်စိုက်မယ့် အဖွဲ့တွေကိုလည်း ကူညီပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားတာကိုလည်း တွေ့ရပါတယ်။
ကျနော်တို့ ဟင်္သာတမြို့လေးမှာ Green Makers – Hinthada (GMH) ဆိုတဲ့ အဖွဲ့ ဖွဲ့ပြီး သစ်ပင်တွေ စိုက်ဖို့ လုပ်နေကြပါပြီ။ တနိုင်ငံလုံးမှာလည်း သစ်ပင်စိုက်အဖွဲ့တွေ လုပ်နေကြတာကို သိပေမယ့် ဒီထက်ပိုပြီး သစ်ပင်စိုက်အဖွဲ့တွေ များလာစေချင်ပါသေးတယ်။ သစ်ပင်စိုက်တာဟာ အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုပါ။
GMH အဖွဲ့ကို ကျွန်တော်နှင့်ပရိသတ်မိသားစု ဆိုတဲ့ အမည်နဲ့ မတည်ငွေ (၁၁) သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ ပရိသတ်မိသားစုတွေအနေနဲ့ မိမိတို့ မြို့မှာရှိတဲ့ သစ်ပင်စိုက်မယ့် အဖွဲ့တွေကိုလည်း ကူညီပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
GMH အဖွဲ့ကို လှူချင်ရင် အဖွဲ့ရဲ့ ဘဏ်အကောင့်ဖြစ်တဲ့ KBZ Account တခုတည်းကိုပဲ လွှဲပြီး လှူလို့ရပါတယ်။
KBZ Account – 3673 0201 801 345 801
Account Name – U Phyo Paing Soe
ဆက်သွယ်ရန်
ဒေါက်တာဖြိုးပိုင်စိုး (0926936660)
ကိုကျော်ဘိုဘိုဆွေ ((0926936661)
ကိုထက်အောင်ကောင်း (0926936662)
Source – Phyo Myat Aung
သစ်ပင်စိုက်ရန်အလှူငွေလက်ခံပါပြီ
GMH အဖွဲ့အနေနဲ့ ပျိုးပင်များ နှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် အလှူငွေ လက်ခံပါပြီ။ အဖွဲ့ဝင်အဖြစ်နဲ့ အပင်စိုက်ကြဖို့ လူအင်အားလည်း လိုအပ်နေပါတယ်။
ရပ်ဝေးကနေလှူလိုသူများ အဆင်ပြေစေရန် #ဘဏ်အကောင့်တခုတည်းဖြင့်သာ လက်ခံပေးမှာပါ။
KBZ Account – 3673 0201 801 345 801
Account Name – U Phyo Paing Soe
ဖြိုးမြတ်အောင် နှင့် ပရိသတ်မိသားစု ကနေ မတည်ငွေ အဖြစ်နဲ့ အလှူငွေ (၁၁) သိန်းကျပ် လှူဒါန်းထားပါတယ်။
အလှူငွေတွေကို အသုံးပြုတဲ့အခါ ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ပေးမှာပါ။
ဆက်သွယ်ရန်
ဒေါက်တာဖြိုးပိုင်စိုး (09269366660)
ကိုကျော်ဘိုဘိုဆွေ ((09269366661)
ကိုထက်အောင်ကောင်း (09269366662)
ငွေလွှဲပြီးလျှင်ဖုန်းဆက်ပေးပါနော်
ငွေလွှဲပါက ငွေလွှဲသည့် အကြောင်းအရာ (Description) တွင် လွှဲလိုက်သည့် သူ၏အမည် (သို့) အကြောင်းအရာကို ခေါင်းစဉ်တပ်၍ လွှဲပေးစေလိုပါသည်။
ငွေလွှဲပြီးပါက ငွေလွှဲ Bank Slip (သို့) ငွှေလွှဲပြီးကြောင်း Screenshot ကို Green Makers – Hinthada Page သို့ ပြန်လည်ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့် …
Credid\original
GreenMakersHinthada







