စစ္ကိုင္းယူႏိုက္တက္အသင္းကို… စပြန္ဆာမရွိဘဲ… ဇာတ္ကသည့္ေငြျဖင့္… ေထာက္ပံ့ေပးထားျခင္းဟု ..ဇာတ္မင္းသားဖိုးခ်စ္ ေျပာ
ျမန္ မာေ နရွင္နယ္လိဂ္ အမွတ္ေပး ေဘာလုံးၿပိဳင္ပြဲအသင္းမ်ားအေနျဖင့္ ဝင္ ေငြမ်ားမရွိဘဲ အသင္းပိုင္ရွင္မ်ား၏စိုက္ ထုတ္ေငြမ်ားျဖင့္ လည္ပတ္ေနရသည့္အ ေျခအေန၌ မိမိမွာစီးပြားေရးလုပ္ငန္းရွင္မဟုတ္ေသာေၾကာင့္ ဇာတ္ကသည့္ဝင္ေငြ ျဖင့္ အသင္းကိုေထာက္ပံ့ေပးထားရျခင္း ျဖစ္ၿပီး ရာသီကုန္အထိ ထပ္၍႐ုန္းကန္ သြားရဦးမည္ျဖစ္ေၾကာင္း အသင္းပိုင္ရွင္ ဇာတ္မင္းသား ဖိုးခ်စ္က ေျပာသည္။
စစ္ ကိုင္း တိုင္းေဒသႀကီး ကိုယ္စားျပဳ အသင္းအျဖစ္ ျမန္မာေနရွင္နယ္လိဂ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိေသာ စစ္ ကိုင္းယူႏိုက္တက္အသင္းအေနျဖင့္ ယခု ႏွစ္ေဘာလုံးရာသီတြင္ စပြန္ဆာမ်ားရ ရွိထားျခင္းမရွိသည့္အျပင္ အိမ္ကြင္းပြဲ စဥ္မ်ား၌လည္း ပရိသတ္လာေရာက္ ၾကည့္႐ႈအားေပးမႈအဆင္ေျပေစရန္ ကြင္း ဝင္ေၾကးမေကာက္ခံေၾကာင္းသိရသည္။ ]]ကၽြန္ေတာ္က အသင္းပိုင္ရွင္ေတြထဲမွာ အခ်ိဳ႕တဲ့ဆုံး အသင္းပိုင္ရွင္ပါ။ ဒါ ပြင့္ပြင့္ လင္းလင္းေျပာတာပါ။ ကၽြန္ေတာ္က လုပ္ ငန္းရွင္သူေဌးလည္းမဟုတ္ဘူး။ ေဘာ လုံးအသင္းပိုင္ရွင္ေတြထဲမွာ ဟိုးေအာက္ ဆုံးမွာပါ။
အ ခု ပထမအေက်ာ့ဆိုရင္ ကၽြန္ ေတာ္ စပြန္ဆာ တစ္ခုမွမရွိဘူး။ ဝင္ေငြက ဘာမွ မရွိတာ။ ၁၀၀၀ က်ပ္ဆိုလည္း တခ်ိဳ႕ကမတတ္ႏိုင္ၾကဘူးဆိုေတာ့ ကၽြန္ ေတာ္တို႔ အိမ္ကြင္းပြဲေတြဆိုလည္းဝင္ ေၾကးအခမဲ့ ျပေပးတယ္။ ကၽြန္ေတာ္ ပြဲကတယ္။ ကၽြန္ေတာ့္မွာ ပြဲကတဲ့ ဇာတ္ကတဲ့ ဝင္ေငြပဲ ရွိပါတယ္။ အဲဒီေတာ့ ဇာတ္ကတဲ့ဝင္ေငြနဲ႔ ပြဲတစ္ပြဲကလာလိုက္ ပိုက္ဆံေလး ခ်န္လိုက္ ထမင္းဖိုးေလး ရွင္းလိုက္၊ Training စရိတ္ေလးရွင္းလိုက္ အဝတ္အစားေလး ဝယ္လိုက္။ တစ္ခါ လကုန္တာနဲ႔ ပိုက္ဆံေတြ စုေပါင္းၿပီး လစာေတြ ေပးလိုက္နဲ႔ေပါ့ေနာ္။ အဲဒီ လိုမ်ိဳးေလးနဲ႔ ကၽြန္ေတာ္က လုပ္ေနတာ}} ဟု စစ္ကိုင္းယူႏိုက္တက္အသင္းပိုင္ရွင္ ဦးဖိုးခ်စ္က ေျပာသည္။
ထို ကဲ့ သို႔ ခက္ခက္ခဲခဲ႐ုန္းကန္ေနရ သည့္ အေနအထားတြင္ စစ္ကိုင္းယူႏိုက္ တက္ အသင္းသည္ နည္းျပ ဦးေဇာ္လင္း ထြန္း (ျမန္မာ့လက္ေ႐ြးစင္ေဟာင္း)၊ ကစားသမားမ်ား၏ ႀကိဳးစားအားထုတ္မႈ မ်ားေၾကာင့္ ယခုႏွစ္ေဘာလုံးရာသီ ပထမ အေက်ာ့ပြဲစဥ္မ်ားအၿပီး၌ အမွတ္ေပး ဇယား အဆင့္၅ေနရာတြင္ ရပ္တည္ေနႏိုင္ ခဲ့သည့္အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဒိုင္း ႐ႈံးထြက္ၿပိဳင္ပြဲ၌လည္း ဆီမီးဖိုင္နယ္အထိ တက္ေရာက္ထားႏိုင္သည္။ အဆိုပါ ရ လဒ္ေကာင္းမ်ားကို ရာသီကုန္ထိ ဆက္ ထိန္းသြားႏိုင္ၿပီး လာမည့္ႏွစ္၌ AFC Cup ဝင္ခြင့္ ရရွိပါက အသင္းကို ပိုမို ေထာက္ပံ့ႏိုင္ရန္ ႀကိဳးစားသြားမည္ျဖစ္ ေၾကာင္း ယင္းကေျပာသည္။
လက္ ရွိ ကၽြန္ေတာ္အသင္းကို ေထာက္ပံ့ေနတဲ့ ဝင္ေငြေလးနဲ႔ အင္အားက ဒါအကုန္ပဲဗ်။ကၽြန္ေတာ့္ရွိတဲ့ အစြမ္းကုန္ေပါ့။ အဲဒီ ၾကားထဲက ေအာင္ျမင္မႈတစ္ခုမ်ား ရ သြားခဲ့ရင္ ရွိေသာ္ ကၽြန္ေတာ္ ဒီထက္ပိုၿပီး ဘယ္လို ႀကိဳးစားရမလဲ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္တို႔နဲ႔ေပါ့။ ဦးေဇာ္ေဇာ္က ကၽြန္ေတာ္တို႔ မိဘလိုပါပဲ၊ တိုင္ပင္ရမွာ ေပါ့။ ကၽြန္ေတာ္က စပြန္ဆာရွာတဲ့ အပိုင္း မွာ သိပ္အားနည္းတာ။ အခုဆို ကၽြန္ေတာ္ တစ္ေယာက္တည္းပဲ ႐ုန္းကန္ခဲ့ရတာေနာ္။ ဒါေပမဲ့ ကၽြန္ေတာ္ႀကိဳးစားရမွာေပါ့။}}ဟု ေျပာသည္။
မိုင္းေစာလြင္ (သတင္း၊ ဓာတ္ပုံ)
Credit – Pyi Myanmar
Unicode Version
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအသင်းများအနေဖြင့် ဝင် ငွေများမရှိဘဲ အသင်းပိုင်ရှင်များ၏စိုက် ထုတ်ငွေများဖြင့် လည်ပတ်နေရသည့်အ ခြေအနေ၌ မိမိမှာစီးပွားရေးလုပ်ငန်းရှင်မဟုတ်သောကြောင့် ဇာတ်ကသည့်ဝင်ငွေ ဖြင့် အသင်းကိုထောက်ပံ့ပေးထားရခြင်း ဖြစ်ပြီး ရာသီကုန်အထိ ထပ်၍ရုန်းကန် သွားရဦးမည်ဖြစ်ကြောင်း အသင်းပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအဖြစ် မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော စစ် ကိုင်းယူနိုက်တက်အသင်းအနေဖြင့် ယခု နှစ်ဘောလုံးရာသီတွင် စပွန်ဆာများရ ရှိထားခြင်းမရှိသည့်အပြင် အိမ်ကွင်းပွဲ စဉ်များ၌လည်း ပရိသတ်လာရောက် ကြည့်ရှုအားပေးမှုအဆင်ပြေစေရန် ကွင်း ဝင်ကြေးမကောက်ခံကြောင်းသိရသည်။ ]]ကျွန်တော်က အသင်းပိုင်ရှင်တွေထဲမှာ အချို့တဲ့ဆုံး အသင်းပိုင်ရှင်ပါ။ ဒါ ပွင့်ပွင့် လင်းလင်းပြောတာပါ။ ကျွန်တော်က လုပ် ငန်းရှင်သူဌေးလည်းမဟုတ်ဘူး။ ဘော လုံးအသင်းပိုင်ရှင်တွေထဲမှာ ဟိုးအောက် ဆုံးမှာပါ။
အခုပထမအကျော့ဆိုရင် ကျွန် တော် စပွန်ဆာ တစ်ခုမှမရှိဘူး။ ဝင်ငွေက ဘာမှ မရှိတာ။ ၁၀၀၀ ကျပ်ဆိုလည်း တချို့ကမတတ်နိုင်ကြဘူးဆိုတော့ ကျွန် တော်တို့ အိမ်ကွင်းပွဲတွေဆိုလည်းဝင် ကြေးအခမဲ့ ပြပေးတယ်။ ကျွန်တော် ပွဲကတယ်။ ကျွန်တော့်မှာ ပွဲကတဲ့ ဇာတ်ကတဲ့ ဝင်ငွေပဲ ရှိပါတယ်။ အဲဒီတော့ ဇာတ်ကတဲ့ဝင်ငွေနဲ့ ပွဲတစ်ပွဲကလာလိုက် ပိုက်ဆံလေး ချန်လိုက် ထမင်းဖိုးလေး ရှင်းလိုက်၊ Training စရိတ်လေးရှင်းလိုက် အဝတ်အစားလေး ဝယ်လိုက်။ တစ်ခါ လကုန်တာနဲ့ ပိုက်ဆံတွေ စုပေါင်းပြီး လစာတွေ ပေးလိုက်နဲ့ပေါ့နော်။ အဲဒီ လိုမျိုးလေးနဲ့ ကျွန်တော်က လုပ်နေတာ}} ဟု စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးဖိုးချစ်က ပြောသည်။
ထိုကဲ့သို့ ခက်ခက်ခဲခဲရုန်းကန်နေရ သည့် အနေအထားတွင် စစ်ကိုင်းယူနိုက် တက် အသင်းသည် နည်းပြ ဦးဇော်လင်း ထွန်း (မြန်မာ့လက်ရွေးစင်ဟောင်း)၊ ကစားသမားများ၏ ကြိုးစားအားထုတ်မှု များကြောင့် ယခုနှစ်ဘောလုံးရာသီ ပထမ အကျော့ပွဲစဉ်များအပြီး၌ အမှတ်ပေး ဇယား အဆင့်၅နေရာတွင် ရပ်တည်နေနိုင် ခဲ့သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၌လည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်ထားနိုင်သည်။ အဆိုပါ ရ လဒ်ကောင်းများကို ရာသီကုန်ထိ ဆက် ထိန်းသွားနိုင်ပြီး လာမည့်နှစ်၌ AFC Cup ဝင်ခွင့် ရရှိပါက အသင်းကို ပိုမို ထောက်ပံ့နိုင်ရန် ကြိုးစားသွားမည်ဖြစ် ကြောင်း ယင်းကပြောသည်။
လက်ရှိ ကျွန်တော်အသင်းကို ထောက်ပံ့နေတဲ့ ဝင်ငွေလေးနဲ့ အင်အားက ဒါအကုန်ပဲဗျ။ကျွန်တော့်ရှိတဲ့ အစွမ်းကုန်ပေါ့။ အဲဒီ ကြားထဲက အောင်မြင်မှုတစ်ခုများ ရ သွားခဲ့ရင် ရှိသော် ကျွန်တော် ဒီထက်ပိုပြီး ဘယ်လို ကြိုးစားရမလဲ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့နဲ့ပေါ့။ ဦးဇော်ဇော်က ကျွန်တော်တို့ မိဘလိုပါပဲ၊ တိုင်ပင်ရမှာ ပေါ့။ ကျွန်တော်က စပွန်ဆာရှာတဲ့ အပိုင်း မှာ သိပ်အားနည်းတာ။ အခုဆို ကျွန်တော် တစ်ယောက်တည်းပဲ ရုန်းကန်ခဲ့ရတာနော်။ ဒါပေမဲ့ ကျွန်တော်ကြိုးစားရမှာပေါ့။}}ဟု ပြောသည်။
မိုင်းစောလွင် (သတင်း၊ ဓာတ်ပုံ)
Credit – Pyi Myanmar


