အာယုဒီဃ(၆)ပါး ေသမည့္ေန႕ကို…ေရႊ႕ပစ္နိုင္ေသာကုသိုလ္မ်ားပါ ….အရမ္းေကာင္းလို႔…လူတိုင္းဖတ္သင့္တယ္ေနာ္
Zawgyicode
အာ ယု ဒီဃ(၆)ပါး ေသမည့္ေန႕ကိုေရႊ႕ပစ္နိုင္ေသာကုသိုလ္မ်ားပါ အရမ္းေကာင္းလို႔လူတိုင္းဖတ္သင့္တယ္ေနာ္
ျမတ္ စြာ ဘု ရားသက္ေတာ္ထင္ရွားရွိစဥ္က ေဗဒင္ကြ်မ္းက်င္ေသာ ပုဏၰားမိသားစုရွိရာတြင္ ပုဏၰားၾကီးသည္ မိမိကို္ယ္ကိုေဗဒင္တြက္ၾကည့္ရာ…အသက္(၆၀)ျပည့္သည့္ေန႔တြင္ ေသရမည္ကို သိေလ၏။ထိုအခါ ျမတ္စြာဘုရားကို မကိုးကြယ္ေသာ္လည္း ေသရမည္ကိုေၾကာက္လန္႔၍ ဘုရားထံ သြားေလ၏။ဘုရားရွင္ထံေရာက္ေသာ္ ျမတ္စြာဘုရားက ” မွန္၏။ အသက္(၆၀) ေနမြန္းတည့္ခ်ိန္တြင္ေသမည္။
ေသ လ်ွင္ ေျမာက္ဘက္ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ ” ဟုေဟာၾကားလိုက္ေလသည္။ပုဏၰားလည္း အိမ္ျပန္ျပီး ေမ်ာက္ဘဝ၌ စားရန္ ေတာတန္းတြင္—ဥယ်ာဥ္စိုက္၏ေနရန္ ဇရပ္ေဆာက္၏ေရတြင္းတူး၏…လမ္းေဖာက္၏…တံတားေဆာက္၏စသည္ တို႔ကို လုပ္ေသာ္ ထိုအတြက္ေၾကာင့္လူအမ်ား သြားလာရပ္နားမႈအဆင္ေျပေနေတာ့သည္။ အသက္(၆၀) ျပည့္၍ မေသေသာအခါဘုရားရွင္ထံ သြားေရာက္ အျပစ္တင္ေလ၏။ျမတ္စြာဘုရားက ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲအမ်ားအတြက္ ျပဳလုပ္ေပးေသာ ေအာက္ပါကုသိုလ္မ်ားသည္ ေသေန႔ကိုပင္ေရႊ႕ပစ္ႏိုင္သည္ဟု ေဟာျပေလရာပုဏၰားမိသားစု ဗုဒၶဘာသာသို႔ ကူးေျပာင္း၍ေသာတာပန္ တည္ေလ၏။
(၁) အ မ်ား စားသံုးရန္ ဥယ်ာဥ္စိုက္ျခင္း(၂) အမ်ားစားသံုးရန္ အရန္စိုက္ျခင္း(၃) အမ်ားေနရန္ ဇရပ္ေဆာက္ေပးျခင္း(၄) အမ်ားသြားလာႏိုင္ရန္ လမ္းေဖာက္ေပးျခင္း(၅) အမ်ားသြားလာႏိုင္ရန္ တံတားေဆာက္ေပးျခင္း(၆) အမ်ားေသာက္သံုးႏိုင္ရန္ ေရတြင္းေရကန္ တူးေပးျခင္းမွတ္ခ်က္။ ။ “အရန္” စိုက္သည္ ဆိုသည္မွာ မိမိေနအိမ္၊ ေနရာ၊ ပတ္ဝန္းက်င္တြင္ အမ်ားအတြက္ သစ္ပင္စိုက္ပ်ိဳးေပးျခင္း ျဖစ္ပါသည္။ေသေန႔ကို ေရႊ႕ႏိုင္ေသာ ကုသိုလ္ထူးမ်ား ရရွိႏိုင္ၾကပါေစ။ သီတဂူဆရာေတာ္ဘုရားေဟာၾကားေတာ္မူအပ္ေသာ အာယုဒီဃ(၆)ပါးကို အက်ဥ္း ေဖာ္ျပျခင္း ျဖစ္ပါသည္။
All credit goes to ေအာင္နိုင္ထြန္း
Unicode Version
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ဗေဒင်ကျွမ်းကျင်သော ပုဏ္ဏားမိသားစုရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကို်ယ်ကိုဗေဒင်တွက်ကြည့်ရာ…အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကိုကြောက်လန့်၍ ဘုရားထံ သွားလေ၏။ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက်(၆၀) နေမွန်းတည့်ချိန်တွင်သေမည်။
သေလျှင် မြောက်ဘက်တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟုဟောကြားလိုက်လေသည်။ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်—ဥယျာဉ်စိုက်၏နေရန် ဇရပ်ဆောက်၏ရေတွင်းတူး၏…လမ်းဖောက်၏…တံတားဆောက်၏စသည် တို့ကို လုပ်သော် ထိုအတွက်ကြောင့်လူအများ သွားလာရပ်နားမှုအဆင်ပြေနေတော့သည်။ အသက်(၆၀) ပြည့်၍ မသေသောအခါဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲအများအတွက် ပြုလုပ်ပေးသော အောက်ပါကုသိုလ်များသည် သေနေ့ကိုပင်ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍သောတာပန် တည်လေ၏။
(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း(၂) အများစားသုံးရန် အရန်စိုက်ခြင်း(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း(၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း(၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်းမှတ်ချက်။ ။ “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။ သီတဂူဆရာတော်ဘုရားဟောကြားတော်မူအပ်သော အာယုဒီဃ(၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။
All credit goes to အောင်နိုင်ထွန်း


