အိမ်ထောင်ရှင်တွေထက် ပိုအသက်ရှည်နိုင်ကြတယ်ဆိုတဲ့ တစ်ကိုယ်တည်းအပျိုကြီးများ




အမျိုးသမီးတွေအများစုဟာ လူသားတွေရဲ့သဘာဝအရ အရွယ်ရောက်လာရင် အသင့်တော်ဆုံးလူနဲ့အိမ်ထောင်ပြုကာ သားသားမီးမီးလေးတွေမွေးမယ်ဆိုတဲ့ အသိတစ်ခု သူတို့ရဲ့ဦးနှောက်ထဲ အလိုအလျောက်ရှိနေကြတာကို ငြင်းလို့ရနိုင်မယ် မထင်ပါဘူး။ ဒီအတွေးဟာ အခုအချိန် အိမ်ထောင်သည်ဖြစ်နေတဲ့သူတိုင်း၊ တစ်ကိုယ်တည်းနေနေသေးတဲ့လူတိုင်း ဒီလိုအတွေးမျိုးရှိတတ်ကြပေမယ့် ဘဝပေးအခြေအနေတွေ၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် အတွေ့အကြုံတွေနဲ့ တခြားသော အခြေအနေအကြောင်းကြောင်းတွေကြောင့်သာ လက်ထပ်တဲ့လူနဲ့ မထပ်တဲ့လူဆိုပြီး ကွဲပြားသွားကြတာပါ။
များသောအားဖြင့် သာမန်အမျိုးသမီးတစ်ယောက် သူမဘဝအတွက် စိတ်ကူးယဉ်ထားတဲ့ ပုံစံကို ပြောပါဆိုရင် အသက် ၂၅ နှစ်ပတ်ဝန်းကျင်လောက်မှာ ချစ်ရသူနဲ့ လက်ထပ်မယ်၊ သားတစ်ယောက် သမီးတစ်ယောက်လောက်တော့ အနည်းဆုံးမွေးမယ်၊ နေစရာအိမ်လေးတစ်အိမ်ရှိပြီး ရှာဖွေကျွေးမွေးနေတဲ့ အမျိုးသားဘေးမှာ မယားဝတ်တရားတွေ ကျေပွန်အောင် ကြိုးစားရင်း သားသားမီးမီးတွေကို ပြုစုပျိုးထောင်ရင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အတွေးမျိုးဟာ ယေဘုံယျဆန်တဲ့ အတွေးမျိုးတစ်ခုပဲဖြစ်ပါတယ်။

pixabay
မကြာသေးခင်ကမှ ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ လက်မထပ်ထားဘဲ ကလေးလည်းမရှိတဲ့ အပျိုကြီးတွေဟာ အိမ်ထောင်ရှင်တွေထက်စာရင် ပိုပြီးအသက်ရှည်ရှည်နေနိုင်တယ်ဆိုတဲ့ အချက်ကို Hay Festival ဆွေးနွေးပွဲမှာ စိတ်ပညာပါမေက္ခတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအချက်ကို သိပ္ပံပညာရှင် Paul Dolan က ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး အဓိကပြောသွားတဲ့အချက်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့စံနှုန်းနဲ့ကိုက်ညီပြီး ပြီးပြည့်စုံတဲ့အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တာနဲ့ပဲ ပျော်ရွှင်ခြင်းအစစ်အမှန်ကို မရနိုင်ဘူးဆိုတာပါပဲ။

pixabay

ဆိုလိုချင်တာက ကိုယ်လက်ထပ်လိုက်လို့ လူနေမှုအဆင့်အတန်း ခပ်မြင့်မြင့်မှာနေရတယ်၊ အမျိုးသားကလည်း တာဝန်ကျေတယ်၊ ချစ်ချင်ပေးတယ်၊ သားသမီးတွေကလည်း ကိုယ်ဖြစ်စေချင်တဲ့အတိုင်း လိမ္မာရေးခြားရှိကြတယ်ဆိုပေမယ့်လည်း တစ်ကိုယ်တည်းအမျိုးသမီးတွေနဲ့ယှဉ်ရင်တော့ များသောအားဖြင့် အိမ်ထောင်ရှင်မတွေဟာ တစ်ဖန်ပြန်ပြီး အားကျလေ့ရှိတတ်ကြပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်နဲ့ အပျိုကြီးတစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်း နှစ်ခုမှာကတည်းက ကွာခြားမှုတွေ အရမ်းကိုများနေခဲ့ပါပြီ။

pixabay
ခင်ပွန်းအရေး၊ သားသမီးအရေး၊ ကိုယ့်မိဘဆွေမျိုးအရေးအပြင် တစ်ဖက်ကကိုယ့်ခင်ပွန်းကြောင့် အပိုထပ်ဆောင်းလာတဲ့ ယောက္ခမဆွေမျိုးတို့အရေးကိုပါ ခေါင်းထဲထည့်ထားရပြီး လစဉ်ကုန်ကျစရိတ်တွေ၊ နေ့စဉ်မလုပ်ချင်လည်း လုပ်နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ဝတ္တရားတွေကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတို့ရဲ့ ဘဝဟာ စစပိုင်းသူတို့တွေးထင်ထားကြတဲ့ ပျော်ရွှင်မှုတွေနဲ့ တစ်လမ်းစီဖြစ်လို့နေတတ်ကြပါတယ်။ သံယောဇဉ်တွေကြောင့်လည်း လူလွတ်တုန်းကလို လွတ်လွတ်လပ်လပ်မရှိတော့တဲ့အတွက် ကိုယ်ချစ်တဲ့ ခင်ပွန်းနဲ့သားသမီးတွေရှိနေတာတောင်မှပဲ တစ်ခါတစ်ရံ မသိစိတ်မှာ စိတ်ဖိဆီးမှုတွေ များလာတဲ့အတွက်ကြောင့် အလိုမကျမှုတွေဖြစ်လာကာ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးထိခိုက်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း ရှိရင်းစွဲအသက်ထက် အနည်းငယ်ပိုရင့်လာတတ်ကြတာ ပတ်ဝန်းကျင်မှာ မျက်မြင်ပါပဲ
တစ်ယောက်တည်းသမားတွေကျပြန်တော့ သူတို့ရဲ့ ၂၄ နာရီသောအချိန်တိုင်းဟာ ဘယ်သူ့ကိုမှ မဖြစ်မနေခွဲပေးစရာမလိုတဲ့ ကိုယ်ပိုင်အချိန်တွေချည်းဖြစ်တာကြောင့် ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်မလား၊ အတတ်ပညာတစ်ခုခုသင်မလား၊ ဒါမှမဟုတ် အလှအပရေးရာအတွက် အချိန်ပေးမလား၊ ကောက်ခါငင်ကာခရီးထွက်မလား ကြိုက်တဲ့အချိန် ကြိုက်သလိုလုပ်နိုင်တာဖြစ်တာကြောင့် လွတ်လပ်တဲ့ပျော်ရွှင်မှုတွေကို အပြည့်အဝခံစားတတ်ကြပါတယ်တဲ့။


pixabay
ဒီလိုတိကျသေချာတဲ့ရလဒ်တစ်ခုကို ထုတ်ပြောဖို့အတွက် ပါမေက္ခ Paul Dolan ဟာ အိမ်ထောင်ရှိနဲ့မရှိ အမျိုးသမီးအုပ်စုနှစ်စုတို့ကို ယှဉ်တွဲပြီး အချိန်အတောာ်ကြာအောင် လေ့လာခဲ့ရတယ်လို့သိရပါတယ်။ အမျိုးသားတွေအတွက်ကျတော့ အိမ်ထောင်ပြုတာဟာ ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ခံစားရနိုင်ပြီး အမျိုးသမီးတွေအတွက်ကျတော့ အိမ်ထောင်မပြုလည်း တစ်ယောက်တည်း လွတ်လပ်ပျော်ရွှင်စာ ဘဝရဲ့အနှစ်အရသာတွေကို ခံစားနိုင်တာမို့ ပြောရတော့လက်သားပါပဲလို့ ပါမေက္ခကဆွေးနွေးပွဲမှာ အရွှန်းဖောက်ပြောသွားခဲ့ပါသေးတယ်။

တီးတိုးဖော်အိမ်ထောင်ဖက်မရှိလည်း ခင်မင်ချစ်ခင်ရတဲ့ အပေါင်းအသင်းမိတ်ဆွေတွေရှိပြီး ဝင်ငွေတစ်ခုရအောင်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကာ ဘဝမှာ ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံတွေ့ရ၊ ကြုံတွေ့ရ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အစွမ်းတွေနဲ့ ခရီးသွားလိုက်၊ အလှပြင်လိုက်နဲ့ ကိုယ်သာလျှင်ကိုယ့်ဘဝလို့ လက်မထောင်နိုင်တဲ့ အပျိုကြီးတွေပါပဲ။

Source: News.AU

Penny
Credit\ original

Recent Updates

Recent Posts Widget