လက်ရှိလေလံတင်လျက်ရှိတဲ့ ကမ္ဘာ့အန္တရာယ်အကြီးဆုံး ဗိုင်းရပ်စ် ၆ မျိုးရှိတဲ့ လက်ပ်တော့ပ်




ကမ္ဘာပေါ်က လက်ရာအမြောက်ဆုံးပစ္စည်းအချို့က သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ နောက်ခံသမိုင်းကြောင်းကြောင့် နာမည်ကျော်ကြပြီး များသောအားဖြင့် အန္တရာယ်ရှိတဲ့ ပစ္စည်းဆိုရင်တောင် သူတို့ရဲ့ ပိုင်ရှင်တွေကို အန္တရာယ်တော့ မဖြစ်စေပါဘူး။ ဒစ်ဂျစ်တယ်လောကနဲ့ ပတ်သက်တဲ့ အနုပညာဆန်စွာ အန္တရာယ်ကြီးတဲ့ ပစ္စည်းတစ်မျိုးလည်း အခုလို ရှိလို့ နေပါတယ်။
လက်ပ်တော့ပ်တစ်လုံးပါ။ အင်တာနက်ကျွမ်းကျင်ပညာရှင် Guo O Dong က ပိုင်ဆိုင်ထားပါတယ်။ ‘The Persistence of Chaos’ လို့ ခေါ်တဲ့ ထိုလက်ပ်တော့ပ်ထဲမှာဆိုရင် ကမ္ဘာ့အန္တရာယ်အကြီးဆုံး ဗိုင်းရပ်စ် ၆ မျိုး ရှိလို့ နေပါတယ်။ ထိုလက်ပ်တော့ပ်ကတော့ အန္တရာယ်မပြုနိုင်သေးပါဘူး။ Wi-Fi တစ်ခုခု ဒါမှမဟုတ် USB တစ်ခုခုနဲ့ ချိတ်လိုက်မှ ကူးစက်ပျံ့ပွားသွားနိုင်စွမ်း ရှိတာပါ။

The Verge
The Verge နည်းပညာ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ Guo က အခုလို ရှင်းပြခဲ့ပါတယ်။ ကွန်ပြူတာထဲက ဗိုင်းရပ်စ်တွေက တကယ့်အပြင်လောကက အများနဲ့ သက်ဆိုင်တဲ့ အရာတွေကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်ဆိုပြီးတော့ပါ။ ဗိုင်းရပ်စ် ၆ မျိုးထဲက ၂ မျိုးကတော့ ILOVEYOU ဗိုင်းရပ်စ်နဲ့ WannaCry ဗိုင်းရပ်စ်တို့ ဖြစ်ပါတယ်။

ILOVEYOU ဗိုင်းရပ်စ်ဆိုတာကတော့ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်တုန်းက ကွန်ပြူတာတွေရဲ့ အီးမေးလ်တွေမှာ ရည်းစားစာတွေလိုမျိုး ဝင်လာပြီး ဒေတာတွေကို ဖျက်ဆီးပစ်တာမျိုး ဖြစ်ခဲ့ပါတယ်။ WannaCry ransomware ဗိုင်းရပ်စ်ကတော့ ၂၀၁၇ တုန်းက ကမ္ဘာတဝန်းက ကွန်ပြူတာတွေကို ပိတ်ကျစေခဲ့ပြီး စက်ရုံတွေ ဆေးခန်းတွေ လည်ပတ်မှုများကို ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။
The Verge
သမိုင်းမှာတင် ထိုကဲ့သို့ ဖြစ်ရပ်တွေ ရှိခဲ့တာမဟုတ်ဘဲ မကြာသေးခင်ကတင် မေရီလန်းရဲ့ ဘယ်တီမောမြို့ရှိ အစိုးရ system ကို ransomware တိုက်ခိုက်မှုတစ်ခု ရှိခဲ့ပြီး နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ပါသေးတယ်။ ယခု လေလံတင်နေတဲ့ Guo ရဲ့ လက်ပ်တော့ထဲက ဗိုင်းရပ်စ် ၆ မျိုးကတော့ သမိုင်းတစ်လျှောက် ပျက်စီးမှုပေါင်း အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံခန့်တောင် ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Guo ရဲ့ အွန်လိုင်းမှာ လေလံတင်ထားတဲ့ ဗိုင်းရပ်စ် ၆ မျိုးပါ Samsung NC10-14GB လက်ပ်တော့ပ်ကတော့ အမေရိကန်ဒေါ်လာ ၁.၂ သန်း ဈေးခေါ်တဲ့သူ ရှိနေပါပြီ။ ဘယ်လောက်နဲ့ လေလံအောင်သွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။
Credit\Original
Ref: The Verge


Recent Updates

Recent Posts Widget