စိတ်ပဋိပက္ခရဲ့ သားကောင်တစ်ဦး (သို့) ဒေါက်တာမြ၀တ်ရည်
စိတ်ပဋိပက္ခရဲ့ သားကောင်တစ်ဦး– သူ့ကြောင့် လူတွေအချို့ စိတ်ရှုပ်ရတာတော့ မှန်ပါတယ် ဒါပေမဲ့ –(အခြေအနေကိုတွက်ဆပြီး လှောင်ပြောင်ဟားတိုက်သူတွေ တွေးစရာတစ်ခု ရစေချင်လို့ ရေးပြတာပါ။ အထူးသဖြင့် အချိန်တိုအတွင်း မိမိကောင်းကောင်းမသိတဲ့သူကို ပုဂ္ဂိုလ်ရေး သုံးသပ်ရတာဟာ ကျွန်တော့်အတွက် အရမ်းခက်ပါတယ်။ သို့သော်လည်း သေကြေပျက်စီးမှုတစ်ခုခုကို လူတွေဟာ ကိုယ်မသိလိုက်ဘဲ တွန်းပို့သလိုမျိုး မဖြစ်စေချင်တဲ့ ရည်ရွယ်စိတ်နဲ့ ချရေးလိုက်တာ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်ခင်ဗျာ)အစတုန်းကေတာ့ မီးသတ်စခန်းရှေ့က ကိစ္စ ဗီဒီယိုမြင်ရတော့ သြော် ကတ်ကတ်လန် နုတ်သီးကောင်းလျှာပါး ဆရာဝန်မတစ်ဦးလို့ပဲ မြင်လိုက်တယ်။
မင်းသမီးဖြစ်ချင်ဟန်တူတဲ့ သူ့ဗီဒီယိုဖိုင်တွေကို ထပ်မြင်ရတော့ သြော် သူလေးက ထင်ပေါ်ချင်တဲ့ စိတ်လေးရှိနေပါ့လား တွေးမိတယ်။ဒါပေမဲ့ ဒီမနက်မှာ သူတင်ထားတဲ့ အမှုကို တရားမမျှမတ ဆုံးဖြတ်ခံရရင် သူ့ကိုယ်သူ သတ်သေပြမယ်ဆိုတဲ့ ဗီဒီယိုကို မြင်လိုက်တဲ့အခါမှာတော့ နည်းနည်းတွေးစရာဖြစ်သွားတယ်။သူနဲ့ပတ်သက်တဲ့ လင့်ခ်တွေကို လိုက်ကြည့်ရင်း သူ့ကို Study လုပ်လိုက်တော့တယ်။ အဲလို လုပ်အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သဘောချင်းနီးတဲ့ ပို့စ်ကို ဆရာဒင် ( စာရေးဆရာမင်းဒင် ) က မရဏမောင်းသံ ခေါင်းစဉ်နဲ့ တင်လာတယ်။ အတော်ဖြစ်သွားတယ်။ လေ့လာထားမိသမျှနဲ့ မြင်ရတဲ့ အမြင်ကို သူ့ရဲ့ပို့စ်အောက်မှာ မှတ်ချက်ရှည် ရေးလိုက်တယ်။သူ့ကို နည်းနည်း study လုပ်ကြည့်မိတယ်။ ဆရာဝန်လောကအကြောင်း သူရင်ဖွင့်ထားတဲ့ video ကို ကြည့်ပြီးတဲ့အခါမှာ သူ့ကို နည်းနည်း နားလည်မိသွားတယ်။သူ ရှင်သန်ကြီးပြင်းခဲ့ရတာတွေက မတရားမှုတွေ ဖိနှိပ်မှုတွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းလာရတာလည်း ပါမယ်ဗျ။ အဲဒီ ဗီဒီယိုမှာ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ စိတ်ကျသွားတဲ့ ပုံစံတစ်ချို့ကို မြင်မိတယ်။
ဆေးကျောင်းကာလ၊ ဆရာဝန်လက်သင်ကာလ၊ မဟာဘွဲ့ယူကာလ ၊ case တွေ ကိုင်တွယ်တဲ့ ကာလမှာ သူ့ကို အရှိုက်ထိုးခံရတာတွေ အဖဲ့ခံရတာတွေ တော်တော်ဖြတ်သန်းခဲ့ရတာတွေ သိလိုက်ရတယ်။A အဲဒီလိုနဲ့ သူ့အတွင်းစိတ်မှာ နာကျည်းမှုနဲ့ မတရားကို ပြန်လှန်ချင်စိတ်က တော်တော် အတွင်းငုပ်ပြီး အောင်းသွားပုံပဲနောက်တစ်ဘက်မှာက သူက ဆရာဝန်ဆိုတော့ (မြန်မာပြည်မှာ ဆရာဝန်ဆိုတာကလည်း ဂုဏ်ကြီးတော့) သူ့မာနက သူ့ကို လှုံ့ဆော်နေပုံရတယ်။
B မာနက လူကို လှုံ့ဆော် တွန်းပို့နေပုံပဲ>>ထပ်ဖြည့်စွက်ကြည့်မိတဲ့အချက်က သူ့စိတ်သန်ရာ ဝါသနာက မင်းသမီး/မင်းသမီးလိုမျိုး ဖြစ်ချင်စိတ် ရှိတယ်။ ရိုက်ကူးထားတာတွေ တွေ့ရတယ်။ အဲဒီဝါသနာအရ စိတ်ထဲမှာ ထင်ပေါ်လိုမှုက ရှိနေတယ်။C ဝါသနာအရ စိတ်က ထင်ပေါ်လိုမှုကို တောင့်တတယ်A အခံပေါ်မှာ B နဲ့ C က သူ့ကို မောင်းနှင်လာတဲ့အခါ …..ရှုပ်ထွေးတဲ့ လူ့လောကကြီးထဲက ကတောက်ကဆတွေ၊ ဖိအားပေးခံရသလိုဖြစ်တဲ့ ဖြစ်ရပ်တွေ၊ မပြေလည်မှုတွေ ကြုံတိုင်း မတရားမှုတွေလို့ပဲ သူခံစားတယ်၊ လှန်တယ်၊ ပြန်တိုက်တယ်၊ (ဒီအပိုင်းမှာ သူ မျက်လုံးအကုန်မပွင့်တော့သလို ဖြစ်လာတယ်)မီးသတ်ကိစ္စမှာ ခြေကျွံသွားတယ်၊ လူထုအချို့က (အားနည်းသူတွေလို့ မြင်မိကြတဲ့) မီးသတ်ဝန်ထမ်းတွေဘက်က ရပ်တည်ကုန်တာမျိုးတွေ ဖြစ်လာတယ်။ ဒီ outcome ကို သူအနေနဲ့ မချိမဆန့်ဖြစ်သွားတယ်ထင်တယ်။ အဲဒီမှာ စိတ်က ထပ်ပြီး A အခံပေါ်မှာ B နဲ့ C က မိုင်ကုန်မောင်းနှင်တာမျိုး ဖြစ်ကုန်ရော။အမှုရှုံးခဲ့ရင် (အဲဒီအရှုံးက တရားမျှတမှုမရှိဘူးလို့ သူသတ်မှတ်ထားပြီး ဖြစ်နေတယ်) သူ့ကိုယ်သူ သတ်သေပြမယ်လို့ လူထုကို မခံချင်စိတ်နဲ့ ဂိတ်ဆုံးရာဇသံပေးတယ်။
Extremely Emotional ဖြစ်သွားပြီ၊ (တစ်ကယ်ဖြစ်လာရင် တစ်ကယ်သတ်သေသွားနိုင်လောက်တယ် – စိတ်အခြေအနေအရ)။(ဖြည့်စွက်ချက် – သတ်သေပြမယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ AYA တုန်းကလို့ သိရပါတယ်။ သို့သော်လည်းပဲ Extremely Emotional ဖြစ်နေတဲ့ အခေအြေနေရှိတာကတော့ သေချာသလောက်ပါပဲ)*** စိတ်ငြိမ်ဆေးတိုက်ကောင်း တိုက်သင့်တဲ့ အခြေအနေလို့ ယူဆစရာဖြစ်ပြီ ***ဘဝနာကျည်းချက်တွေ + ဆရာဝန်ဂုဏ် + ဝါသနာအရ ပေါ်လွင်လိုမှု .. အဲဒါတွေက သူ့ကို အဆက်မပြတ်ခုတ်မောင်းနေတယ်လို့ ကောက်ယူလို့ရသွားပြီ။စိတ်ပဋိပက္ခရဲ့ ရိုက်ချက်တွေဖြစ်နေတုန်းမှာ သူ့ကို လှောင်ပြောင် mock လုပ်ကြသူတွေလည်း ဆင်ခြင်သင့်ပြီလို့ ယူဆပါတယ်။သူမ ရင်ဖွင့်ခဲ့တဲ့ Videoချစ်ခင်လေးစားလျက်■ ကိုဂျိမ်းစ်
Credit\ original




