ဥပမာေပးတာ ေကာင္းလြန္းလို႔ပါ ❝ ကံလမ္း နဲ႔ ဥာဏ္လမ္း ကြာျခားပံု “




❋ အုန္းပင္ေပၚက အုန္းသီးေပၚမွာငွက္လည္း နားေနတယ္ အိမ္ေျမာင္လည္း နားေနတယ္။

❋ အုန္းသီးလည္း ေၾကြေ႐ာငွက္က အေတာင္ပံခတ္ ပ်ံျပီးေနာက္တစ္ကိုင္းေပၚ နားႏိုင္တယ္။

❋ အိမ္ေျမာင္ကေတာ့ အုန္းသီးနဲ႔အတူပါသြားျပီး ေအာက္ကိုျပဳတ္က်ေသ႐သလိုပဲ •••

❋ ဒါနနဲ႔ နတ္ျပည္ေ႐ာက္တဲ႔ နတ္တြ႐ွိတယ္။သီလနဲ႔ နတ္ျပည္ေ႐ာက္တဲ႔ နတ္ေတြ႐ွိတယ္။ဝိပႆနာနဲ႔ ေ႐ာက္တဲ႔ အ႐ိယာနတ္ေတြ႐ွိတယ္။

❋ သက္တမ္းကုန္ေတာ့ဒါန သီလနဲ႔ လာတဲ႔နတ္ေတြကအပါယ္ျပန္က်ကုန္တယ္။ ကံလမ္းကိုး။

❋ ေသာတာပန္ အ႐ိယာနတ္ေတြကေတာ့ေအာက္ကို မလာေတာ့ဘူး။ဘုံစဥ္စံျပီး နိဗၺာန္ဝင္ၾကတယ္။ဥာဏ္လမ္းကြဲ႔။ အနိမ့္ဆံုး ေသာတာပန္ျဖစ္႐င္ကို ေလာကမွာ ေနေပ်ာ္ေသေပ်ာ္ျပီ။ေပါ့ေပါ့ေလးနဲ႔ေတာ့ မ႐ဘူး။ေဝဒနာ ေက်းဇူး႐ွင္, ခႏၶာနဲ႔႐င္းမွ႐တယ္။

❋ တ႐ားက အင္မတန္ ခ်မ္းသာတာ။တ႐ားခ်မ္းသာထက္ ခ်မ္းသာတာေလာကမွာ မ႐ွိဘူး။အင္မတန္အဖိုးတန္တဲ႔ လူ႕ဘဝကို ႐ေနၾကတာေနာ္,လူေတြမသိၾကလို႔ မက်င့္ၾကတာ။ေသခါနီးမွ ေနာင္တ႐ၾကတယ္။အင္မတန္ သနားစ႐ာေကာင္းတယ္။

【ျပည္ ဝိေဇၨာဒယ(သဲအင္း)ဆ႐ာေတာ္ဘုရား】

❁ အပၸမာေဒန သမၼာေဒထ

ျပန္လည္၍မွ်ေဝပါသည္။

Unicode

❋ အုန်းပင်ပေါ်က အုန်းသီးပေါ်မှာငှက်လည်း နားနေတယ် အိမ်မြောင်လည်း နားနေတယ်။

❋ အုန်းသီးလည်း ကြွေရောငှက်က အတောင်ပံခတ် ပျံပြီးနောက်တစ်ကိုင်းပေါ် နားနိုင်တယ်။

❋ အိမ်မြောင်ကတော့ အုန်းသီးနဲ့အတူပါသွားပြီး အောက်ကိုပြုတ်ကျသေရသလိုပဲ •••

❋ ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွရှိတယ်။သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။

❋ သက်တမ်းကုန်တော့ဒါန သီလနဲ့ လာတဲ့နတ်တွေကအပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။

❋ သောတာပန် အရိယာနတ်တွေကတော့အောက်ကို မလာတော့ဘူး။ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။ဉာဏ်လမ်းကွဲ့။ အနိမ့်ဆုံး သောတာပန်ဖြစ်ရင်ကို လောကမှာ နေပျော်သေပျော်ပြီ။ပေါ့ပေါ့လေးနဲ့တော့ မရဘူး။ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှရတယ်။

❋ တရားက အင်မတန် ချမ်းသာတာ။တရားချမ်းသာထက် ချမ်းသာတာလောကမှာ မရှိဘူး။အင်မတန်အဖိုးတန်တဲ့ လူ့ဘဝကို ရနေကြတာနော်,လူတွေမသိကြလို့ မကျင့်ကြတာ။သေခါနီးမှ နောင်တရကြတယ်။အင်မတန် သနားစရာကောင်းတယ်။

【ပြည် ဝိဇ္ဇောဒယ(သဲအင်း)ဆရာတော်ဘုရား】

❁ အပ္ပမာဒေန သမ္မာဒေထ

ပြန်လည်၍မျှဝေပါသည်။

Recent Updates

Recent Posts Widget