အခြေအနေမကောင်းလို့ သီချင်းသစ်မထွက်ဖြစ်တာပါလို့ပြောတဲ့ဆင်ပေါက်




Big Bag ရဲ့ ဘေစ့်ဂစ်တာသမားတစ်ယောက်အဖြစ်တီးခတ်ခဲ့ဖူးပြီး ကလေးတစ်ယောက်ရဲ့ဗီဇ တကိုယ်တော်ခွေထုတ်ခဲ့ပြီး နောက်နှစ်အနည်းအကြာမှာ အကြည့်တစ်ချက် တကိုယ်တော်ခွေတွေကို ထပ်မံထွက်ရှိခဲ့ပြီးအတွဲခွေတွေမှာလည်းသီဆိုခဲ့တဲ့ တေးရေး၊တေးဆို ဆင်ပေါက် ကိုအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ အခုနှစ်ပိုင်းတွေမှာတော့ သူရဲ့အနုပညာ လှုပ်ရှားမှုတွေကိုလည်းပရိသတ်တွေမတွေ့မမြင် ရတော့တာလည်းကြာပါပြီ။ အခုသူ နဲ့ Eleven Broascasting နဲ့အင်တာဗျူးတစ်ခုမှာပြောဖြစ်တဲ့အကြောင်းလေးတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ဆင်ပေါက်က “ လတ်တလောလှုပ်ရှားမှုကတော့ ဒီသီချင်းတွေထွက်ပြီးရင် အွန်လိုင်းပလက်ဖောင်း ပေါ်မှာMTV တစ်ပုဒ်တင်ပေးဖို့ရှိပါတယ်။ ပရိသတ်တွေလည်းကြိုက်မယ်လို့ထင်ပါတယ်။ ဒီခေတ်အခြေအနေကိုရေးထားတဲ့သီချင်းလေးပါ ။ ကျနော်ကိုယ်တိုင်ရေးထားတဲ့သီချင်း လကုန်ကျော်ပြီး လည်းဖြစ်ချင်လည်းဖြစ်မယ် ။ နည်းနည်းလေးတော့ စောင့်ကြည့်ပေးစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်ပြောထားတာတွေနဲ့ လွဲသွားတာလေးတွေလည်းဖြစ်ရင်လည်းဖြစ်သွားမှာစိုးလို့ပါ။”လို့ပြောပြသွားပါတယ်။

ပရိသတ်တွေရှေ့ကနေပျောက်နေရတဲ့အကြောင်းကို “ ကျနော်သီချင်းတွေလည်းမထွက်ဖြစ်ဘူးလေ။ မထွက်ဖြစ်တာနဲ့ ထွက်ဖြစ်ဖို့ကလည်းဒီအခြေနေကမလွယ်ဘူးလေ ။အဲ့ဒါကြောင့်ကျနော် တစ်ပုဒ်ချင်းဆီတင်ဆက်မယ် ။ ၆ပုဒ်လောက်ရှိရင်ခွေထွက်မယ်။ အဲ့ဒါကြောင့်လည်းဝေးကွာနေတယ်ထင်ပါတယ်။ သီချင်းတွေမရှိဘဲနဲ့ အင်တာဗျူးတွေလုပ် ၊ အွန်လိုင်းပေါ်တက်ဖို့ကအဆင်မပြေဘူးလေ ။အဲ့ဒါကြောင့်ပါ ။”လို့လည်းပြောပြသွားပါတယ်။ သီချင်းတွေလုပ်စုနေတဲ့အကြောင်းကိုလဲ “ ကျနော်ကိုယ်တိုင်ရေးထားတာတွေလည်းရှိနေပါပြီ။ ကျနော့်သူငယ်ချင်းတွေဆီကတောင်းထားတာတွေလည်းရှိနေပါပြီ အဲ့ဒါတွေအကုန်လုံး ဆိုပြီးသွားလို့ရှိရင်ကျနော်ဆက်ပြီးတော့ကြိုးစားသွားမှာပါ တင်ဆက်သွားမှာပါ ။ အေးအေးလေးတွေချည်းပဲတော့မဟုတ်ပါဘူး သီချင်းအမြူးလေးတွေရောပါပါတယ်။စောင့်ကြည့်ပေးပါ့ဦး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။


Recent Updates

Recent Posts Widget