ယုသႏၲာတင္နဲ႔ …သြားခဲ့ရတဲ့ ခရီးစဥ္ကို …တန္ဖိုးထားတယ္ဆိုတဲ့ …ခင္ေလးႏြယ္




[Zawgyi Version]
ခင္ေ လးႏြ ယ္တစ္ေယာက္ ယုသႏၱာတင္နဲ႔အတူ သြားခဲ့တဲ့ မႏၱေလးခရီးစဥ္ကေတာ့ သူမအတြက္ တန္ဖုိးမျဖတ္ႏုိင္တဲ့ ခရီးစဥ္တစ္ခု ျဖစ္ ခဲ့ ပါတယ္တဲ့။ ဒီခရီးကုိလည္း ယုသႏၱာတင္က ခင္ေလးႏြယ္ကို အတင္းေခၚခဲ့တာပါတဲ့။

ယု  သႏၱာ  တင္နဲ႔ ခင္ေလးႏြယ္တုိ႔ သူငယ္ခ်င္း ႏွစ္ေယာက္ အတူတူ ခရီးထြက္တဲ့အခ်ိန္မွာပဲ ေလယာဥ္ပ်က္တဲ့ အေျခအေနန႔ဲ ႀကဳံေတြ႔ခဲ့တဲ့အေၾကာင္း ယုသႏၱာတင္က အမွတ္တရ ေျပာျပလာပါတယ္။

‘’ ဒီ တစ္ေ ခါက္ သြားတဲ့ ခရီးဆုိရင္ သူမလုိက္ခ်င္ဘူး။ အဲဒါနဲ႔ သူ႔ကုိ ကုိယ္တစ္ေယာက္တည္းသြားရမွာ မုိ႔လုိ႔ပါ။ လုိက္ခဲ့ေပးပါ ဆုိၿပီး မသြား ခင္တစ္ရက္အလုိမွာ အတင္းေခၚလုိ႔ ပါလာတာ။ ဟုိလည္းေရာက္ေရာ အားလုံး ၿငိမ္းခ်မ္းသြားမွပါ။ အဲဒါနင့္ေၾကာင့္တဲ့ နင္ေခၚလုိ႔ လုိက္လာတာ ဆုိၿပီးေတာ့ ေျပာေရာ’’ ဆုိၿပီးေတာ့ ေလယာဥ္မွဴးႀကီး ဦးမ်ဳိးျမင့္ကုိ ဂုဏ္ျပဳတဲ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

Photo: Nay Min

ခင္ေ လးႏြ ယ္ကေတာ့ ေလယာဥ္ပ်က္တဲ့အခ်ိန္မွာ ယုသႏၱာတင္ကုိ အျပစ္ေတြတင္ရင္း ေၾကာက္ေနခဲ့တာပါ။ ဒါေပမယ့္လည္း အႏၱရာယ္ၾကားမွာ ႏွစ္ေယာက္အတူရွိခဲ့လို႔ မေမ့ႏုိင္စရာ အမွတ္တရျဖစ္ခဲ့တယ္လုိ႔ ခင္ေလးႏြယ္က ေျပာပါတယ္။

‘’ ဒါေပမ ယ့္လည္း ဒီႏွစ္ေယာက္က ကံေတာ္ေတာ္စပ္တယ္လုိ႔ ေျပာလုိ႔ရတာေပါ့ေနာ္။ ဒီလုိမ်ဳိး ေသေရးရွင္ေရးမွာ ႀကဳံခဲ့ရတယ္၊ ဒီလုိ ႀကဳံၿ ပီးေတာ့မွ အသက္ေဘးကေန လြတ္သြားရတယ္ေပါ့။ ဒါေၾကာင့္ အရမ္းတန္ဖုိးထားတယ္။ ဒါေၾကာင့္ ဒီႏွစ္ေယာက္က ဘာပဲရွိရွိ စိတ္ထဲမွာ မထားနဲ႔ တစ္ခါတည္းေျပာေပါ့။ တစ္သက္လုံး ဒီလုိေလး သြားခ်င္တယ္’’ လုိ႔ ဆုိပါတယ္။

Photo: Nay Min

ယု  သႏၱာ တင္နဲ႔ ခင္ေလးႏြယ္တုိ႔ဟာ ေမလ ၁၂ ရက္ေန႔က မႏၱေလးကုိ သြားခဲ့တဲ့ ခရီးစဥ္မွာ သူတုိ႔ လုိက္ပါ စီးနင္းခဲ့တဲ့ Myanmar National Airline ေလယာဥ္ဟာ ေလဆိပ္ကုိ ေရာက္ခါနီးမွာပဲ စက္ခ်ဳိ႔ယြင္းခဲ့တာ ေတြ႔ရပါတယ္။ ဒီျဖစ္စဥ္ကုိေတာ့ သရုပ္ေဆာင္ေနမင္းက ဗီဒီယုိနဲ႔ေရာ၊ ဓာတ္ပုံနဲ႔ပါ မွတ္တမ္းတင္ ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေလယာဥ္ေပၚက ခရီးသည္ေတြအားလုံး ထိခိုက္ဒဏ္ရာ မရွိခဲ့ၾကဘူးလုိ႔ သိရပါတယ္။

Photo: A Linn Young

မႏၱေလးခရီးစဥ္မွာေတာ့ သရုပ္ေဆာင္ ေနမင္း၊ စည္သူေမာင္၊ ယုသႏၱာတင္၊ ခင္ေလးႏြယ္၊ မုဏ္း တုိ႔လည္း ပါဝင္ခဲ့တာကုိ ေတြ႔ရပါတယ္။ ခရီးသည္ေတြ အႏၱရာယ္မျဖစ္ေအာင္ ႀကိဳးစားေမာင္းႏွင္ခဲ့တဲ့ ေလယာဥ္မွဴးႀကီးကုိလည္း ဂုဏ္ျပဳ မွတ္တမ္းေတြ ေပးခ့ဲၾကပါတယ္။ အဲဒီေနာက္ ေက်းဇူးတင္စကားေတြလည္း ေျပာထားၾကပါေသးတယ္။

Credit- Duwun

[Unicode Version]
ခင် လေးနွယ်တစ်ယောက် ယုသန္တာတင်နဲ့အတူ သွားခဲ့တဲ့ မန္တလေးခရီးစဉ်ကတော့ သူမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်တဲ့။ ဒီခရီးကိုလည်း ယုသန္တာတင်က ခင်လေးနွယ်ကို အတင်းခေါ်ခဲ့တာပါတဲ့။

ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ သူငယ်ချင်း နှစ်ယောက် အတူတူ ခရီးထွက်တဲ့အချိန်မှာပဲ လေယာဉ်ပျက်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့တဲ့အကြောင်း ယုသန္တာတင်က အမှတ်တရ ပြောပြလာပါတယ်။
‘’ ဒီတစ်ခေါက်သွားတဲ့ ခရီးဆိုရင် သူမလိုက်ချင်ဘူး။ အဲဒါနဲ့ သူ့ကို ကိုယ်တစ်ယောက်တည်းသွားရမှာ မို့လို့ပါ။ လိုက်ခဲ့ပေးပါ ဆိုပြီး မသွားခင်တစ်ရက်အလိုမှာ အတင်းခေါ်လို့ ပါလာတာ။ ဟိုလည်းရောက်ရော အားလုံး ငြိမ်းချမ်းသွားမှပါ။ အဲဒါနင့်ကြောင့်တဲ့ နင်ခေါ်လို့ လိုက်လာတာ ဆိုပြီးတော့ ပြောရော’’ ဆိုပြီးတော့ လေယာဉ်မှူးကြီး ဦးမျိုးမြင့်ကို ဂုဏ်ပြုတဲ့ပွဲမှာ ဖြေဆိုခဲ့တာပါ
Photo: Nay Min

ခင်လေးနွယ်ကတော့ လေယာဉ်ပျက်တဲ့အချိန်မှာ ယုသန္တာတင်ကို အပြစ်တွေတင်ရင်း ကြောက်နေခဲ့တာပါ။ ဒါပေမယ့်လည်း အန္တရာယ်ကြားမှာ နှစ်ယောက်အတူရှိခဲ့လို့ မမေ့နိုင်စရာ အမှတ်တရဖြစ်ခဲ့တယ်လို့ ခင်လေးနွယ်က ပြောပါတယ်။

‘’ ဒါပေမယ့်လည်း ဒီနှစ်ယောက်က ကံတော်တော်စပ်တယ်လို့ ပြောလို့ရတာပေါ့နော်။ ဒီလိုမျိုး သေရေးရှင်ရေးမှာ ကြုံခဲ့ရတယ်၊ ဒီလို ကြုံပြီးတော့မှ အသက်ဘေးကနေ လွတ်သွားရတယ်ပေါ့။ ဒါကြောင့် အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် ဒီနှစ်ယောက်က ဘာပဲရှိရှိ စိတ်ထဲမှာ မထားနဲ့ တစ်ခါတည်းပြောပေါ့။ တစ်သက်လုံး ဒီလိုလေး သွားချင်တယ်’’ လို့ ဆိုပါတယ်။



Photo: Nay Min

ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ဟာ မေလ ၁၂ ရက်နေ့က မန္တလေးကို သွားခဲ့တဲ့ ခရီးစဉ်မှာ သူတို့ လိုက်ပါ စီးနင်းခဲ့တဲ့ Myanmar National Airline လေယာဉ်ဟာ လေဆိပ်ကို ရောက်ခါနီးမှာပဲ စက်ချို့ယွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်ကိုတော့ သရုပ်ဆောင်နေမင်းက ဗီဒီယိုနဲ့ရော၊ ဓာတ်ပုံနဲ့ပါ မှတ်တမ်းတင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်က ခရီးသည်တွေအားလုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ကြဘူးလို့ သိရပါတယ်။



Photo: A Linn Young

မန္တလေးခရီးစဉ်မှာတော့ သရုပ်ဆောင် နေမင်း၊ စည်သူမောင်၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ မုဏ်း တို့လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ခရီးသည်တွေ အန္တရာယ်မဖြစ်အောင် ကြိုးစားမောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးကြီးကိုလည်း ဂုဏ်ပြု မှတ်တမ်းတွေ ပေးခဲ့ကြပါတယ်။ အဲဒီနောက် ကျေးဇူးတင်စကားတွေလည်း ပြောထားကြပါသေးတယ်။

Credit- Duwun

Recent Updates

Recent Posts Widget