တော်ဝင်မင်းသမီးလေးတစ်ပါးလို ခမ်းနားစွာ ပွဲတက်ခဲ့တဲ့ အေးမြတ်သူရဲ့အလှပုံရိပ်တွေ
ချိုသာလွန်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူလေးမို့ ပရိသတ်တွေရဲ့ချစ်ခင်အာပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ အေးမြတ်သူက ချစ်ရတဲ့ သူငယ်ချင်းလေး မိုးစက်ဝိုင်ရဲ့မွေးနေ့ပွဲကို ခမ်းနားလွမန်းတဲ့ ဖက်ရှင်နဲ့ အမိုက်စားတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ နှစ်လိုဖွယ်အပြုံးလေးတွေကို ဆင်မြန်းထားတဲ့ အေးမြတ်သူရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် တော်ဝင်နန်းတော်ထဲက မင်းသမီးတစ်ပါးလို ကျက်သရေရှိရှိလှနေတဲ့ အေးမြတ်သူရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေးမြတ်သူကတော့ “အရမ်းကိုပျော်စရာကောင်းခဲ့ပြီးတော့အရမ်းကိုလှပခမ်းညားလှတဲ့ပွဲတစ်ခုကိုသွားရောက်ခဲ့ရတဲ့အတွက်အရမ်းဝမ်းသာပါတယ်။ 💃🏻💃🏻💃🏻💃🏻မိုးစက် ရဲ့ ဒီမွေးနေ့လေးကစပြီးတော့ နောက်နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ ပြည်သူချစ်တဲ့အနုပညာရှင်တယောက်ဖြစ်သလို အောင်မြင်တဲ့လုပ်ငန်းရှင်ကြီး တယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။🎁🎁🎁❤️❤️❤️🎂🎂🎂🍾🍾❤️❤️❤️🙏🙏🙏ပရဟိတအလုပ်တွေကိုလည်း ဆထက်ထမ်းပိုး လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်ရှင့်။ မိတ်ကပ်ပြင်ပေးတဲ့ အမမြသုတ ရယ် အကျီချုပ်ပေးတဲ့ ကိုလတ်ရယ် ရိုက်ပေးတဲ့ ကိုကြီးနေမင်းထွန်းကိုလဲ အရမ်းကျေးဇူးတင်ပါတယ်။❤️❤️❤️❤️❤️” ဆိုပြီး သူငယ်ချင်းလေး မိုးစက်ဝိုင်ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးပြောရင်း သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
အကြည့် အပြုံးတွေကအစ အသက်ဝင်တောက်ပနေသောပါ မြတ်လေးရယ်…
အေးမြတ်သူကတော့ အလန်းစားဖက်ရှင်တွေဝတ်ရင်လည်း အထာကျသလို မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ဆိုရင်လည်း ကျက်သရေရှိလွန်းသူတစ်ဦးပါ။ လတ်တလောမှာတော့ အေးမြတ်သူက
ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတာတွေ့ရပြီး လွတ်လွတ်လပ်လပ်နဲ့ ခရီးတွေထွက်နေတာလည်း တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တော်ဝင်မင်းသမီးတစ်ပါးလို နန်းဆန်နေတဲ့ ချစ်စရာမင်းသမီးလေး အေးမြတ်သူကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Aye Myat Thu’s Facebook Page
Photo;Nay Min Tun






