ေန႔တိုင္းမိုင္ေပါင္းမ်ားစြာ ခရီးၾကမ္းႏွင္ၿပီး တပည့္ေတြကို စာသင္ျပေပးေနတဲ့ ေက်ာင္းဆရာ
အာမက္မုိဒ္အီဒရစ္စ္ဟာ အသက္(၄၀) ႏွစ္အရြယ္ ကေလးႏွစ္ေယာက္ဖခင္ ေက်ာင္းဆရာတစ္ဦး ျဖစ္ပါတယ္။ အာမက္က ေန႔စဥ္ေန႔တိုင္း (၁၃၅) ကီလိုမီတာကြာေ၀းတဲ့ ခရီးကို ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သြားၿပီး ကေလးေတြကို စာသင္ၾကားေပးရပါတယ္။ အဲဒီစာသင္တဲ့ေနရာကိုေတာ့ အာမက္ဟာ ေတာအုပ္ၾကီးအလယ္က ရႊံ႕လမ္းထဲကို ခက္ခက္ခဲခဲ ျဖတ္သန္းၿပီးမွ သြားရတာ ျဖစ္ပါတယ္။
ေက်ာင္းအသြားအျပန္ခရီးကေတာ့ တစ္ေန႔ကို (၂) နာရီ ၾကာပါတယ္။ အာမက္စာသင္သြားရတဲ့ ေက်ာင္းမွာေတာ့ အနီးနားကေန ေက်ာင္းလာတက္တဲ့ ကေလးေပါင္း (၄၆၅) ဦး ရွိပါတယ္။ ကေလးေတြဆီ ေန႔တိုင္း စာသြားျပေပးဖို႔ဆိုတာ အာမက္အေနနဲ႔ ေတာ္ေတာ္စြန္႔စားရမွာပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ေတာအုပ္ၾကီးထဲ ျဖတ္သြားရတာေၾကာင့္ ေတာေကာင္ေတြကို ေၾကာက္ရသလို တစ္ခါတစ္ေလ မိုးၾကီးရြာခ်တာ၊ လမ္းမရွိပဲ ရႊံ႕လမ္းၾကီးျဖစ္ေနလို႔ ဆုိင္ကယ္ျဖတ္ေမာင္းဖို႔ ခက္ခဲတာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ဆရာအာမက္ဟာ ေက်ာင္းသြားတဲ့ ခရီးလမ္းမွာ အက်ၤ ီတစ္စံု၊ ေက်ာင္းေရာက္တဲ့အခါမွာေတာ့ အက်ၤ ီသစ္တစ္စံုကို ျပန္လဲ၀တ္ရပါတယ္။
New Straits Times အရေတာ့ “တကယ္လို႔ ကြ်န္ေတာ္ ေက်ာင္းကိုအလာမွာတည္းက အက်ၤ ီေကာင္းေကာင္း၀တ္လာရင္ အ၀တ္ေတြ ညစ္ပတ္ေပေရကုန္လိမ့္မယ္ဗ်။ လမ္းေတြက ေတာ္ေတာ္ေလးဆိုးတယ္ေလ။ မိုးရြာရင္ ပိုေတာင္ ဆိုးေသးတယ္။ ဗြက္အိုင္ၾကီးေတြ ျဖစ္ၿပီး ေခ်ာ္ေနေရာပဲ။ ကြ်န္ေတာ္တို႔အေနနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ေပၚကေန ျပဳတ္က်တဲ့ ျဖစ္ရပ္မ်ိဳးက အထူးအဆန္း မဟုတ္ေတာ့ဘူး…” လို႔ အာမက္က ဆိုပါတယ္။
အာမက္ဟာ ၄င္းေက်ာင္းမွာပဲ စာသင္လာတာ (၃) ႏွစ္ေက်ာ္ရွိေနပါၿပီ။ သူကေတာ့ သူ႔ရဲ႕ ေက်ာင္းသားေတြကို စာသင္ျပဖို႔ သြားရတဲ့ ခရီးလမ္းဟာလည္း အလုပ္ရဲ႕ တစ္စိတ္တစ္ေဒသျဖစ္ေနၿပီလို႔ ေျပာပါတယ္။ စာသင္ေက်ာင္းဟာ ေနရာေခါင္တဲ့အတြက္ ေန႔စဥ္သံုးမရွိမျဖစ္တဲ့ လမ္းပန္းဆက္သြယ္ေရးေတြေတာင္ မထြန္းကားေသးေၾကာင္း ဆိုပါတယ္။ စာသင္ေက်ာင္းမွာ စာလာသင္ျပတဲ့ ဆရာေတြအတြက္ေတာ့ အစပိုင္းမွာ လမ္းပန္းဆက္သြယ္ေရးခက္ခဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ သြားလာရတာ ေနသားက်လာတယ္လို႔လည္း အာမက္က ဆိုပါတယ္။
အာမက္ဟာ သူ႔ရဲ႕ ေက်ာင္းသူေက်ာင္းသားေလးေတြကို ပညာေတာ္ရံုတင္မကပဲ ေက်ာင္းအားကစားမွာလည္း ထူးခြ်န္ေစခ်င္သူပါ။ ေက်ာင္းအားကစား အစီအစဥ္ေတြမွာေတာ့ အာမက္က နည္းျပအျဖစ္ ေဆာင္ရြက္ပါတယ္။ ၾကမ္းတမ္းပင္ပန္းလွတဲ့ ခရီးၾကမ္းကို ေန႔တိုင္းသြားၿပီး တပည့္ေတြ စာတတ္ေျမာက္ဖို႔ ၾကိဳးစားပမ္းစား သင္ျပေပးေနတဲ့ ဆရာအာမက္ရဲ႕ ေစတနာကေတာ့ ေလးစားဖြယ္ရာပဲ ျဖစ္ပါတယ္။ ရႊံ႕ေတာထဲ ဆိုင္ကယ္စီးၿပီး ေက်ာင္းသြားေနတဲ့ ဆရာအာမက္ရဲ႕ ဓာတ္ပံုေတြဟာ အြန္လိုင္းေပၚမွာ ျပန္႔ႏွံ႔သြားၿပီးေနာက္ သူ႔ဆီကို အကူအညီ အေထာက္အပ့ံမ်ားစြာ ေရာက္လာခဲ့ပါေသးတယ္။ ဒါေပမယ့္ အာမက္ကေတာ့ လူေတြရဲ႕ အကူအညီကို မယူပဲ လိုအပ္ေနတဲ့ သူ႕ရဲ႕ တပည့္ေလးေတြကုိသာ လွဴဒါန္းအကူအညီေပးၾကဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။
Credit – လင္းလင္း (ShweMom)
Ref: worldofbuzz, nst
Unicode ျဖင့္ဖတ္ရန္
အာမက်မိုဒ်အီဒရစ်စ်ဟာ အသက်(၄၀) နှစ်အရွယ် ကလေးနှစ်ယောက်ဖခင် ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ အာမက်က နေ့စဉ်နေ့တိုင်း (၁၃၅) ကီလိုမီတာကွာဝေးတဲ့ ခရီးကို မော်တော်ဆိုင်ကယ်နဲ့ သွားပြီး ကလေးတွေကို စာသင်ကြားပေးရပါတယ်။ အဲဒီစာသင်တဲ့နေရာကိုတော့ အာမက်ဟာ တောအုပ်ကြီးအလယ်က ရွှံ့လမ်းထဲကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီးမှ သွားရတာ ဖြစ်ပါတယ်။
ကျောင်းအသွားအပြန်ခရီးကတော့ တစ်နေ့ကို (၂) နာရီ ကြာပါတယ်။ အာမက်စာသင်သွားရတဲ့ ကျောင်းမှာတော့ အနီးနားကနေ ကျောင်းလာတက်တဲ့ ကလေးပေါင်း (၄၆၅) ဦး ရှိပါတယ်။ ကလေးတွေဆီ နေ့တိုင်း စာသွားပြပေးဖို့ဆိုတာ အာမက်အနေနဲ့ တော်တော်စွန့်စားရမှာပါ။ ဘာကြောင့်လည်းဆိုတော့ တောအုပ်ကြီးထဲ ဖြတ်သွားရတာကြောင့် တောကောင်တွေကို ကြောက်ရသလို တစ်ခါတစ်လေ မိုးကြီးရွာချတာ၊ လမ်းမရှိပဲ ရွှံ့လမ်းကြီးဖြစ်နေလို့ ဆိုင်ကယ်ဖြတ်မောင်းဖို့ ခက်ခဲတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆရာအာမက်ဟာ ကျောင်းသွားတဲ့ ခရီးလမ်းမှာ အကျင်္ ီတစ်စုံ၊ ကျောင်းရောက်တဲ့အခါမှာတော့ အကျင်္ ီသစ်တစ်စုံကို ပြန်လဲဝတ်ရပါတယ်။
New Straits Times အရတော့ “တကယ်လို့ ကျွန်တော် ကျောင်းကိုအလာမှာတည်းက အကျင်္ ီကောင်းကောင်းဝတ်လာရင် အဝတ်တွေ ညစ်ပတ်ပေရေကုန်လိမ့်မယ်ဗျ။ လမ်းတွေက တော်တော်လေးဆိုးတယ်လေ။ မိုးရွာရင် ပိုတောင် ဆိုးသေးတယ်။ ဗွက်အိုင်ကြီးတွေ ဖြစ်ပြီး ချော်နေရောပဲ။ ကျွန်တော်တို့အနေနဲ့ မော်တော်ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျတဲ့ ဖြစ်ရပ်မျိုးက အထူးအဆန်း မဟုတ်တော့ဘူး…” လို့ အာမက်က ဆိုပါတယ်။
အာမက်ဟာ ၄င်းကျောင်းမှာပဲ စာသင်လာတာ (၃) နှစ်ကျော်ရှိနေပါပြီ။ သူကတော့ သူ့ရဲ့ ကျောင်းသားတွေကို စာသင်ပြဖို့ သွားရတဲ့ ခရီးလမ်းဟာလည်း အလုပ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေပြီလို့ ပြောပါတယ်။ စာသင်ကျောင်းဟာ နေရာခေါင်တဲ့အတွက် နေ့စဉ်သုံးမရှိမဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေတောင် မထွန်းကားသေးကြောင်း ဆိုပါတယ်။ စာသင်ကျောင်းမှာ စာလာသင်ပြတဲ့ ဆရာတွေအတွက်တော့ အစပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပေမယ့် နောက်ပိုင်းမှာတော့ သွားလာရတာ နေသားကျလာတယ်လို့လည်း အာမက်က ဆိုပါတယ်။
အာမက်ဟာ သူ့ရဲ့ ကျောင်းသူကျောင်းသားလေးတွေကို ပညာတော်ရုံတင်မကပဲ ကျောင်းအားကစားမှာလည်း ထူးချွန်စေချင်သူပါ။ ကျောင်းအားကစား အစီအစဉ်တွေမှာတော့ အာမက်က နည်းပြအဖြစ် ဆောင်ရွက်ပါတယ်။ ကြမ်းတမ်းပင်ပန်းလှတဲ့ ခရီးကြမ်းကို နေ့တိုင်းသွားပြီး တပည့်တွေ စာတတ်မြောက်ဖို့ ကြိုးစားပမ်းစား သင်ပြပေးနေတဲ့ ဆရာအာမက်ရဲ့ စေတနာကတော့ လေးစားဖွယ်ရာပဲ ဖြစ်ပါတယ်။ ရွှံ့တောထဲ ဆိုင်ကယ်စီးပြီး ကျောင်းသွားနေတဲ့ ဆရာအာမက်ရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားပြီးနောက် သူ့ဆီကို အကူအညီ အထောက်အပ့ံများစွာ ရောက်လာခဲ့ပါသေးတယ်။ ဒါပေမယ့် အာမက်ကတော့ လူတွေရဲ့ အကူအညီကို မယူပဲ လိုအပ်နေတဲ့ သူ့ရဲ့ တပည့်လေးတွေကိုသာ လှူဒါန်းအကူအညီပေးကြဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
Credit – လင်းလင်း (ShweMom)
Ref: worldofbuzz, nst



