ျမန္မာႏိုင္ငံက ဆရာ၀န္က ငွက္ဖ်ားေဆးေတြ ေသာက္ခိုင္းေနတဲ႔ လူနာကို ဘန္ေကာက္ေဆးရံုသို႕ပို႔လိုက္ေသာအခါ…!
ေသရြာျပန္ငေက်ာ္ႀကီးရဲ႕ ေက်းဇူးတင္စကား..အံ့မခန္းလိလိပါဘဲ..
လူတစ္ေယာက္ဟာ သူ႕ရဲ႕က်မၼာေရးထိခိုက္လာၿပီး ေသေဘးနဲ႕ရင္ဆိုင္ရေတာ့မယ္ဆိုရင္ေတာ့ မွီရာကိုလက္လွမ္းမွီသေလာက္လွမ္းဆြဲတတ္ၾကပါတယ္…ေငြဘယ္ေလာက္ႀကီးဘဲရွိရွိ မက်မၼာျခင္းရဲ႕ေဝဒနာေတြကို မည္သူမွၾကည္ၾကည္ျဖဴျဖဴမခံစားခ်င္ျကပါဘူး ..ဒါ..လူ႕သဘာဝဘဲ.
မွန္ပါတယ္…ငေက်ာ္ဟာ စားမဝင္အ္ပ္မေပ်ာ္ ဆီးမမွန္ဝမ္းမမွန္နဲ႕ ၄ လေလာက္ ေန႕စဥ္ 🥵 Fever ေတြတက္ၿပီး ခႏၶာကိုယ္ အေလးခ်ိန္ ( Weight Drop Down )ကတေျဖးေျဖးနဲ႕က်ဆင္းလာတာ ၈ ေပါင္ေရာ့သြားတယ္..
ပုဂၢလိကေဆးရံုတစ္ခုကသူ႕ကိုစစ္ေဆးေတာ့ Liver hepatitis ( အသဲနဲနဲေရာင္တယ္ေပါ့ ) ျဖစ္တယ္ေျပာတယ္ ၊ ေနာက္တစ္ခုက ( Enlargement of Spleen ) ေဘလံုးႀကီးတယ္ေပါ့..ဒါ့ေၾကာင့္ ( Malarial ) ငွက္ဖ်ားဟုယူဆရတယ္ဆိုၿပီး ငွက္ဖ်ားေဆးေတြႀကီးဘဲေပးတယ္..သူလဲမေသာက္ခ်င္ဘူး..သူ႕ကိုယ့္သူငွက္ဖ်ားမဟုတ္ဘူးဆိုတာကိုသိေနတယ္..
ဒါနဲ႕ဆရာဝန္ေပးတဲ့ 4-4-2 ေတြလည္းမေသာက္ဘဲေပေတၿပီးေနလိုက္တာ..ေန႕တိုင္းအဖ်ားကမက်ဘူး..ဘာ့ေၾကာင့္ဖ်ားတယ္ဆိုတာကို သမားေတာ္ႀကီးလည္း တိက်တဲ့အေျဖမေပးႏိုင္ခဲ့ပါဘူး ..
ေနာက္ဆံုး သူကကၽြန္ေတာ့္ကိုသိၿပီး ကၽြန္ေတာ့္က သူ႕ကိုလံုးဝ ( လံုးဝ ) မျမင္ဖူးေသးတဲ့က်ဳပ္ကို ထိုင္းေဆးရံုကိုလိုက္ပို႔ေပးဘို႔အတင္း နားပူနားဆာလုပ္ဖုန္းတဂြမ္ဂြမ္ဆက္ေတာ့တာဘဲ ,..ဒီေကာင္ကလည္းအားနာတတ္ပါဘိနဲ႕..ကူညီခ်င္တာဘဲသိတဲ့လူမ်ိဳး ..
ကၽြန္ေတာ္ကလည္း ေတာင္ႀကီး ၄ ေလာင္းၿပိဳင္အမႈကိစၥနဲ႕ေတာင္ႀကီးေရာက္ေနတာ ၊ ငေက်ာ္ကလည္း ေအာင္ပန္းၿမိဳ႕ကေန အခ်ိန္တိုင္းမနားတမ္းဖုန္းဆက္တယ္ ၊ သူမရေတာ့ဘူးေပါ့…..
ေနာက္ဆံုးကိုယ္လည္းသနားတတ္ ကူညီတတ္ေတာ့ လာဆိုၿပီး ခ်င္း႐ိုင္းၿမိဳ႕ကဘန္ေကာက္ေဆးရံုကိုေရာက္ ခ်က္ခ်င္းလုပ္စရာရွိတာေတြလုပ္ ၊ MRI ေတြ႐ိုက္ ၊ သူ႕ေဘလံုးကပံုမွန္ ၈ စင္တီမီတာရွိသင့္တာထက္ ၁၈ စင္တီမီတာအထိႀကီးေနၿပီတဲ့ …..
ေဘးနားမွာလည္း ဖူးေရာင္ေနတဲ့ဘုလံုးေတြကိုျမင္ေနရေတာ့ ေသခ်ာတဲ့အေျဖေတြရွာၾကည့္လိုက္ေတာ့ ခြဲစိတ္ၿပီး ေဘလံုးကိုျဖတ္ထုတ္ ( Spleenomegaly ) ပစ္ရေတာ့မယ္..မတတ္ႏိုင္ဘူးခြဲဆိုခြဲရမွာေပါ့…
ခြဲစိတ္ခန္းဝင္ၿပီး ဆရာဝန္ႀကီးကေခၚျပတယ္..အားပါးပါး သူ႕ေဘလံုးက အခ်င္း ၇ လက္မေလာက္ႀကီးကိုရွိတယ္..အထဲကိုခြဲထားေတြျပေတာ့ အထဲမွာ ( Pus formations ) ေဘလံုးျပည္တည္ဖုေလးေတြတစ္လံုးလံုးမွာေနရာအျပည့္ယူထားေနၿပီ..ဆန္ေစ့ေတြလိုပါဘဲ…ေဖြးေနေရာဘဲ….
ဒါေတြကိုယူၿပီး ဒီေရာဂါဇစ္ျမစ္ဘယ္ကလာတာလဲဆိုတာကိုလည္း ဓါတ္ခြဲစစ္ေဆးေနပါၿပီ….လူမွာေဘလံုးမရွိလည္းဘာမွမျဖစ္ဘူးတဲ့..ေဘလံုးရဲ႕အဓိကတာဝန္က ျပင္ပကဝင္လာတဲ့ ေရာဂါေပါင္းစံု ၊ ဓါတ္မတည့္တဲ့ေဆးဝါးေပါင္းစံုကို တိုက္ခိုက္ေျခဖ်က္ရတဲ့အဓိကတာဝန္ကိုထမ္းေဆာင္ေနရတဲ့ ပင္မခံစစ္ စခန္းႀကီးေပါ့…ဗ်ာ…
အလာေနာက္က်ရင္ေတာ့ အေျခအေနမေကာင္းႏိုင္ဘူးတဲ့…ခြဲစိတ္ခန္းကထြက္လာၿပီးသတိရတဲ့အခ်ိန္ကစၿပီး သူ႕ခႏၶာတစ္ခုလံုးခံစားေနရတဲ့ေဝဒနာေတြယူပစ္သလိုေပ်ာက္ငြားတယ္တဲ့ဗ်ာ….အံ့ၾသစရာႀကီးပါဆို..
ခုေတာ့ လံုးဝမဖ်ားေတာ့တဲ့အျပင္စားလိုက္တာမွေၾကာက္ခမန္းလိလိ..ပါဘဲ..ဓႏုတိုင္းရင္းသားႀကီး ကိုဘုန္းေက်ာ္..ကၽြန္ေတာ့္ကို ေက်းဇူးေတြတင္လြန္းလို႕ …အသက္သခင္ေက်းဇူးရွင္ႀကီးပါတဲ့…
ကၽြန္ေတာ္ေျပာလိုက္ပါတယ္..ခင္မ်ားလိုဘဲ ေသလုဆဲဆဲကေယာင္ကတမ္းျဖစ္ေနတဲ့ လူနာေပါင္းမ်ားစြာကို ဒီလိုဘဲ..ကယ္ခဲ့ဖူးတယ္..ခင္ဗ်ားလိုဘဲ ေက်းဇူးတင္ၾကေၾကာင္း႗ီကာခ်ဲ႕ၿပီးေျပာတတ္ၾကတာဘဲ…အဲ့ဒါေတြအဓိကမက်ဘူးဗ်….
ဒါေပမယ့္ ခင္ဗ်ားကတိုင္းရင္းသားပီပီ တံုးတိႀကီးျပတ္ျပတ္သားသားေက်းဇူးတင္စကားေျပာတတ္တာကို ကၽြန္ေတာ္ေက်နပ္ပါတယ္..
ကၽြန္ေတာ္က ရင္ထဲကလာတဲ့ေစတနာနဲ႕ဘဲကူညီေပးတယ္… ကၽြန္ေတာ့္ကိုလည္းရင္ထဲကလာတဲ့ေစတနာအစစ္အမွန္နဲ႕ဘဲ ေက်းဇူးတင္ပါလို႕…ဘဲ ေျပာခ်င္တယ္..ေက်းဇူးဆိုတာဆပ္ဘို႕မဟုတ္ပါဘူး…. မေမ့ရင္ေက်နပ္ၿပီ….
ကၽြန္ေတာ့္ကိုေတာ္ေတာ္ေလးခင္သြားရွာပါတယ္…အိမ္မွာပါ..အလကားေပးေနခိုင္းခဲ့တာကိုး..ကၽြန္ေတာ့္အိမ္မွာသူတစ္ေယာက္တည္းစိတ္ႀကိဳက္ေနသြားတယ္..ခုေတာ့ေသရြာျပန္ငေက်ာ္တစ္ေယာက္ ( သို႕ ) ” ကိုဘုန္းေက်ာ္ၫြန္႕ ” တစ္ေယာက္ က်မၼာေရးေဒါင္ေဒါင္ျမည္သြားပါၿပီ…
ဘဝတစ္ေလွ်ာက္လံုး ကိုယ္ကဘဲကူညီႏိုင္သေရြ႕ကူညီေပးေနအံုးမွာပါ..ဘယ္သူဘဲျဖစ္ျဖစ္ပါ…ကုသိုလ္လည္းရ ဝမ္းလည္းဝတဲ့အလုပ္မို႕ေက်နပ္ပါသည္ ၊ ကၽြန္ေတာ့္ကိုဆက္ဆံၾကည့္ပါ…
တစ္သက္စြဲမက္ဖြယ္ခင္မင္စရာေကာင္းတဲ့ ဟာသဓါတ္ေလးေတြနဲ႕လည္း သူ႕ကိုေပ်ာ္ရႊင္ေအာင္စေနာက္ရင္းနဲ႕ဘဲ အေတာ္ေလးခင္မင္သြားၾကပါတယ္…
တစ္ခါတစ္ေလ စကားေျပာရင္ေတာ့ ဘုက်တတ္ပါတယ္ဗ် 🤣🤣🤣 ေက်းဇူးတင္ပါသည္..🙏
SiThu Maung
Credit \ Original
Unicode
သေရွာပြန်ငကျော်ကြီးရဲ့ ကျေးဇူးတင်စကား..အံ့မခန်းလိလိပါဘဲ..
လူတစ်ယောက်ဟာ သူ့ရဲ့ကျမ္မာရေးထိခိုက်လာပြီး သေဘေးနဲ့ရင်ဆိုင်ရတော့မယ်ဆိုရင်တော့ မှီရာကိုလက်လှမ်းမှီသလောက်လှမ်းဆွဲတတ်ကြပါတယ်…ငွေဘယ်လောက်ကြီးဘဲရှိရှိ မကျမ္မာခြင်းရဲ့ဝေဒနာတွေကို မည်သူမှကြည်ကြည်ဖြူဖြူမခံစားချင်ကြပါဘူး ..ဒါ..လူ့သဘာဝဘဲ.
မှန်ပါတယ်…ငကျော်ဟာ စားမဝင်အ်ပ်မပျော် ဆီးမမှန်ဝမ်းမမှန်နဲ့ ၄ လလောက် နေ့စဉ် 🥵 Fever တွေတက်ပြီး ခန္ဓာကိုယ် အလေးချိန် ( Weight Drop Down )ကတဖြေးဖြေးနဲ့ကျဆင်းလာတာ ၈ ပေါင်ရော့သွားတယ်..
ပုဂ္ဂလိကဆေးရုံတစ်ခုကသူ့ကိုစစ်ဆေးတော့ Liver hepatitis ( အသဲနဲနဲရောင်တယ်ပေါ့ ) ဖြစ်တယ်ပြောတယ် ၊ နောက်တစ်ခုက ( Enlargement of Spleen ) ဘေလုံးကြီးတယ်ပေါ့..ဒါ့ကြောင့် ( Malarial ) ငှက်ဖျားဟုယူဆရတယ်ဆိုပြီး ငှက်ဖျားဆေးတွေကြီးဘဲပေးတယ်..သူလဲမသောက်ချင်ဘူး..သူ့ကိုယ့်သူငှက်ဖျားမဟုတ်ဘူးဆိုတာကိုသိနေတယ်..
ဒါနဲ့ဆရာဝန်ပေးတဲ့ 4-4-2 တွေလည်းမသောက်ဘဲပေတေပြီးနေလိုက်တာ..နေ့တိုင်းအဖျားကမကျဘူး..ဘာ့ကြောင့်ဖျားတယ်ဆိုတာကို သမားတော်ကြီးလည်း တိကျတဲ့အဖြေမပေးနိုင်ခဲ့ပါဘူး ..
နောက်ဆုံး သူကကျွန်တော့်ကိုသိပြီး ကျွန်တော့်က သူ့ကိုလုံးဝ ( လုံးဝ ) မမြင်ဖူးသေးတဲ့ကျုပ်ကို ထိုင်းဆေးရုံကိုလိုက်ပို့ပေးဘို့အတင်း နားပူနားဆာလုပ်ဖုန်းတဂွမ်ဂွမ်ဆက်တော့တာဘဲ ,..ဒီကောင်ကလည်းအားနာတတ်ပါဘိနဲ့..ကူညီချင်တာဘဲသိတဲ့လူမျိုး ..
ကျွန်တော်ကလည်း တောင်ကြီး ၄ လောင်းပြိုင်အမှုကိစ္စနဲ့တောင်ကြီးရောက်နေတာ ၊ ငကျော်ကလည်း အောင်ပန်းမြို့ကနေ အချိန်တိုင်းမနားတမ်းဖုန်းဆက်တယ် ၊ သူမရတော့ဘူးပေါ့…..
နောက်ဆုံးကိုယ်လည်းသနားတတ် ကူညီတတ်တော့ လာဆိုပြီး ချင်းရိုင်းမြို့ကဘန်ကောက်ဆေးရုံကိုရောက် ချက်ချင်းလုပ်စရာရှိတာတွေလုပ် ၊ MRI တွေရိုက် ၊ သူ့ဘေလုံးကပုံမှန် ၈ စင်တီမီတာရှိသင့်တာထက် ၁၈ စင်တီမီတာအထိကြီးနေပြီတဲ့ …..
ဘေးနားမှာလည်း ဖူးရောင်နေတဲ့ဘုလုံးတွေကိုမြင်နေရတော့ သေချာတဲ့အဖြေတွေရှာကြည့်လိုက်တော့ ခွဲစိတ်ပြီး ဘေလုံးကိုဖြတ်ထုတ် ( Spleenomegaly ) ပစ်ရတော့မယ်..မတတ်နိုင်ဘူးခွဲဆိုခွဲရမှာပေါ့…
ခွဲစိတ်ခန်းဝင်ပြီး ဆရာဝန်ကြီးကခေါ်ပြတယ်..အားပါးပါး သူ့ဘေလုံးက အချင်း ၇ လက်မလောက်ကြီးကိုရှိတယ်..အထဲကိုခွဲထားတွေပြတော့ အထဲမှာ ( Pus formations ) ဘေလုံးပြည်တည်ဖုလေးတွေတစ်လုံးလုံးမှာနေရာအပြည့်ယူထားနေပြီ..ဆန်စေ့တွေလိုပါဘဲ…ဖွေးနေရောဘဲ….
ဒါတွေကိုယူပြီး ဒီရောဂါဇစ်မြစ်ဘယ်ကလာတာလဲဆိုတာကိုလည်း ဓါတ်ခွဲစစ်ဆေးနေပါပြီ….လူမှာဘေလုံးမရှိလည်းဘာမှမဖြစ်ဘူးတဲ့..ဘေလုံးရဲ့အဓိကတာဝန်က ပြင်ပကဝင်လာတဲ့ ရောဂါပေါင်းစုံ ၊ ဓါတ်မတည့်တဲ့ဆေးဝါးပေါင်းစုံကို တိုက်ခိုက်ခြေဖျက်ရတဲ့အဓိကတာဝန်ကိုထမ်းဆောင်နေရတဲ့ ပင်မခံစစ် စခန်းကြီးပေါ့…ဗျာ…
အလာနောက်ကျရင်တော့ အခြေအနေမကောင်းနိုင်ဘူးတဲ့…ခွဲစိတ်ခန်းကထွက်လာပြီးသတိရတဲ့အချိန်ကစပြီး သူ့ခန္ဓာတစ်ခုလုံးခံစားနေရတဲ့ဝေဒနာတွေယူပစ်သလိုပျောက်ငွားတယ်တဲ့ဗျာ….အံ့သြစရာကြီးပါဆို..
ခုတော့ လုံးဝမဖျားတော့တဲ့အပြင်စားလိုက်တာမှကြောက်ခမန်းလိလိ..ပါဘဲ..ဓနုတိုင်းရင်းသားကြီး ကိုဘုန်းကျော်..ကျွန်တော့်ကို ကျေးဇူးတွေတင်လွန်းလို့ …အသက်သခင်ကျေးဇူးရှင်ကြီးပါတဲ့…
ကျွန်တော်ပြောလိုက်ပါတယ်..ခင်များလိုဘဲ သေလုဆဲဆဲကယောင်ကတမ်းဖြစ်နေတဲ့ လူနာပေါင်းများစွာကို ဒီလိုဘဲ..ကယ်ခဲ့ဖူးတယ်..ခင်ဗျားလိုဘဲ ကျေးဇူးတင်ကြကြောင်းဋ္ဋီကာချဲ့ပြီးပြောတတ်ကြတာဘဲ…အဲ့ဒါတွေအဓိကမကျဘူးဗျ….
ဒါပေမယ့် ခင်ဗျားကတိုင်းရင်းသားပီပီ တုံးတိကြီးပြတ်ပြတ်သားသားကျေးဇူးတင်စကားပြောတတ်တာကို ကျွန်တော်ကျေနပ်ပါတယ်..
ကျွန်တော်က ရင်ထဲကလာတဲ့စေတနာနဲ့ဘဲကူညီပေးတယ်… ကျွန်တော့်ကိုလည်းရင်ထဲကလာတဲ့စေတနာအစစ်အမှန်နဲ့ဘဲ ကျေးဇူးတင်ပါလို့…ဘဲ ပြောချင်တယ်..ကျေးဇူးဆိုတာဆပ်ဘို့မဟုတ်ပါဘူး…. မမေ့ရင်ကျေနပ်ပြီ….
ကျွန်တော့်ကိုတော်တော်လေးခင်သွားရှာပါတယ်…အိမ်မှာပါ..အလကားပေးနေခိုင်းခဲ့တာကိုး..ကျွန်တော့်အိမ်မှာသူတစ်ယောက်တည်းစိတ်ကြိုက်နေသွားတယ်..ခုတော့သေရွာပြန်ငကျော်တစ်ယောက် ( သို့ ) ” ကိုဘုန်းကျော်ညွန့် ” တစ်ယောက် ကျမ္မာရေးဒေါင်ဒေါင်မြည်သွားပါပြီ…
ဘဝတစ်လျှောက်လုံး ကိုယ်ကဘဲကူညီနိုင်သရွေ့ကူညီပေးနေအုံးမှာပါ..ဘယ်သူဘဲဖြစ်ဖြစ်ပါ…ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ်မို့ကျေနပ်ပါသည် ၊ ကျွန်တော့်ကိုဆက်ဆံကြည့်ပါ…
တစ်သက်စွဲမက်ဖွယ်ခင်မင်စရာကောင်းတဲ့ ဟာသဓါတ်လေးတွေနဲ့လည်း သူ့ကိုပျော်ရွှင်အောင်စနောက်ရင်းနဲ့ဘဲ အတော်လေးခင်မင်သွားကြပါတယ်…
တစ်ခါတစ်လေ စကားပြောရင်တော့ ဘုကျတတ်ပါတယ်ဗျ 🤣🤣🤣 ကျေးဇူးတင်ပါသည်..🙏 SiThu Maung
Credit \ Original




