ကြ်န္ေတာ္တို႔ ေမာင္ႏွမႏွစ္ေယာက္လို အျဖစ္ဆိုးမ်ိဳး မၾကံဳရေအာင္ အမ်ားသိေစရန္…
ကြ်န္ေတာ္တို႔ေမာင္ႏွမႏွစ္ေယာက္လို အျဖစ္ဆိုးမ်ိဳးမၾကံဳရေအာင္အမ်ားသိေစရန္
ကြ်န္ေတာ္၏အမည္မွာ ေမာင္ျပည့္ျပည့္(ခ)ဥာဏ္လင္းေအာင္ ျဖစ္ပါတယ္ ကြ်န္ေတာ္အစ္မကေတာ့ မရီရီေဝယံျမင့္ေအာင္ျဖစ္ျပီး ေရႊေတာင္ျမိဳ႕ ေအာင္ေျမသာ ေဆာက္လုပ္ေရးရပ္ကြက္(စက္ရုံနယ္ေျမ)မွာေနထိုင္ပါတယ္… မိဘမ်ားမရွိေတာ့တဲ႔အတြက္ ေမာင္ႏွမႏွစ္ေယာက္ဘဝကို ရိုးရိုးသားသားရုန္းကန္စားေသာက္ေနရပါတယ္…
အစ္မေလးရဲ႕အမ်ိဳးသားကေတာ့ထိုင္းမွာ အလုပ္သြားလုပ္ေနပါတယ္… ဒီရက္ပိုင္းမွာ အေကာင့္တစ္ခုမွ လူမူကြန္ယက္တြင္ ကြ်န္ေတာ္အား မူးယစ္ေဆးဝါးသုံးစြဲတယ္ ေရာင္းဝယ္တယ္ဆိုျပီး ကြ်န္ေတာ္တို႔ေမာင္ႏွမ ဓါတ္ပုံမ်ားျဖင့္ ျဖန္႔ေနပါတယ္…သူေျပာသလို မူးယစ္ေဆးဝါးအမႈႏွင့္ေထာင္က်ေနတဲ႔ သူ႔အကိုကိုယ္ ကြ်န္ေတာ္က သတင္းေပးတိုင္တယ္ဆိုတာလဲမဟုတ္ပါဘူး …သူျပတဲ႔ဓါတ္ပုံထဲကတစ္ေယာက္ကိုလဲမသိပါဘူး …
ပီးေတာ့သူေျပာသလိုမ်ိဳး ကြ်န္ေတာ္တို႔ေမာင္ႏွမႏွစ္ေယာက္က မခ်မ္းသာပါဘူး ေရႊေတာင္ျမိဳ႕ ေအာင္ေျမသာ ရပ္မိရပ္ဖမ်ားအသိပါ… တစ္ေန႔လုပ္တစ္ေန႔စားနဲ႔ ဝမ္းေရးအတြက္ရုန္းကန္ေနရတာပါ…
အဲ႔လိုမ်ိဳး လူမႈကြန္ယက္မွာ သတင္းေတြျဖန္႔လို႔ ေရႊေတာင္ျမိဳ႕မရဲစခန္းမွ ဒုစခန္းမွဴးႏွင့္ရယကအဖြဲ႕မ်ား ကြ်န္ေတာ့္အိမ္ႏွင့္ခႏၶာကိုယ္ကိုစစ္ေဆးခဲ႔ျပီးပါျပီ …
ဒါေၾကာင့္ မိဘမရွိဘဲဘဝကိုေအးခ်မ္းစြာ သမာအာဇီဝက်က် ရွာေဖြစားေသာက္ေနရတဲ႔ ကြ်န္ေတာ္တို႔ေမာင္ႏွမႏွစ္ေယာက္အား မဟုတ္မမွန္ေသာ သတင္းမ်ားတင္၍ ဒုကၡဆက္မေပးပါနဲ႔လို႔ ဒီေနရာကေန ေမတၲာရပ္ခံအပ္ပါတယ္ခင္ဗ်ာ…ကြ်န္ေတာ္ေရာ ကြ်န္ေတာ့္အမပါ မူးယစ္ေဆးဝါးနဲ႔ပတ္သက္ျပီး (လုံးဝ)လုံးဝမသုံးစြဲဘူးပါ
ပတ္လဲမသက္ခဲ႔ဘူးပါ…အရင္ကလဲမပတ္သက္ခဲ႔လို ေနာက္လဲပတ္သက္စရာအေၾကာင္းလဲမရွိပါဘူးခင္ဗ်ာ …ဒါေၾကာင့္ ေရႊေတာင္ျမိဳ႕ရွိ အမ်ားျပည္သူမ်ားႏွင့္ ရပ္ေဝးရပ္နီးမွ အြန္လိုင္သုံးေနေသာ မိဘျပည္သူမ်ားကြ်န္ေတာ္ႏွင့္ ကြ်န္ေတာ့္အမပံုတြသုံးျပီး မူးယစ္ေဆးဝါးျဖန္႔ျဖဴးေရာင္းခ်ေနပါတယ္လို႔ မဟုတ္မမွန္သတင္းမ်ားတင္လာရင္ မယုံၾကည္ၾကပါနဲ႔လို႔ ေမတၲာရပ္ခံအပ္ပါတယ္ခင္ဗ်ာ … … … Nyan Lin Aung
Credit \ Original
Unicode
ကျွန်တော်တို့မောင်နှမနှစ်ယောက်လို အဖြစ်ဆိုးမျိုးမကြုံရအောင်အများသိစေရန်
ကျွန်တော်၏အမည်မှာ မောင်ပြည့်ပြည့်(ခ)ဉာဏ်လင်းအောင် ဖြစ်ပါတယ် ကျွန်တော်အစ်မကတော့ မရီရီဝေယံမြင့်အောင်ဖြစ်ပြီး ရွှေတောင်မြို့ အောင်မြေသာ ဆောက်လုပ်ရေးရပ်ကွက်(စက်ရုံနယ်မြေ)မှာနေထိုင်ပါတယ်… မိဘများမရှိတော့တဲ့အတွက် မောင်နှမနှစ်ယောက်ဘဝကို ရိုးရိုးသားသားရုန်းကန်စားသောက်နေရပါတယ်…
အစ်မလေးရဲ့အမျိုးသားကတော့ထိုင်းမှာ အလုပ်သွားလုပ်နေပါတယ်… ဒီရက်ပိုင်းမှာ အကောင့်တစ်ခုမှ လူမူကွန်ယက်တွင် ကျွန်တော်အား မူးယစ်ဆေးဝါးသုံးစွဲတယ် ရောင်းဝယ်တယ်ဆိုပြီး ကျွန်တော်တို့မောင်နှမ ဓါတ်ပုံများဖြင့် ဖြန့်နေပါတယ်…သူပြောသလို မူးယစ်ဆေးဝါးအမှုနှင့်ထောင်ကျနေတဲ့ သူ့အကိုကိုယ် ကျွန်တော်က သတင်းပေးတိုင်တယ်ဆိုတာလဲမဟုတ်ပါဘူး …သူပြတဲ့ဓါတ်ပုံထဲကတစ်ယောက်ကိုလဲမသိပါဘူး …
ပီးတော့သူပြောသလိုမျိုး ကျွန်တော်တို့မောင်နှမနှစ်ယောက်က မချမ်းသာပါဘူး ရွှေတောင်မြို့ အောင်မြေသာ ရပ်မိရပ်ဖများအသိပါ… တစ်နေ့လုပ်တစ်နေ့စားနဲ့ ဝမ်းရေးအတွက်ရုန်းကန်နေရတာပါ…
အဲ့လိုမျိုး လူမှုကွန်ယက်မှာ သတင်းတွေဖြန့်လို့ ရွှေတောင်မြို့မရဲစခန်းမှ ဒုစခန်းမှူးနှင့်ရယကအဖွဲ့များ ကျွန်တော့်အိမ်နှင့်ခန္ဓာကိုယ်ကိုစစ်ဆေးခဲ့ပြီးပါပြီ …
ဒါကြောင့် မိဘမရှိဘဲ ဘဝကိုအေးချမ်းစွာ သမာအာဇီဝကျကျ ရှာဖွေစားသောက်နေရတဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်အား မဟုတ်မမှန်သော သတင်းများတင်၍ ဒုက္ခဆက်မပေးပါနဲ့လို့ ဒီနေရာကနေ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ…ကျွန်တော်ရော ကျွန်တော့်အမပါ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး (လုံးဝ)လုံးဝမသုံးစွဲဘူးပါ
ပတ်လဲမသက်ခဲ့ဘူးပါ…အရင်ကလဲမပတ်သက်ခဲ့လို နောက်လဲပတ်သက်စရာအကြောင်းလဲမရှိပါဘူးခင်ဗျာ …ဒါကြောင့် ရွှေတောင်မြို့ရှိ အများပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ အွန်လိုင်သုံးနေသော မိဘပြည်သူများကျွန်တော်နှင့် ကျွန်တော့်အမပုံတွသုံးပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေပါတယ်လို့ မဟုတ်မမှန်သတင်းများတင်လာရင် မယုံကြည်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ … … … Nyan Lin Aung
Credit \ Original





