“ရည္းစားေဟာင္းနဲ႔ ေတြ႕ခဲ့ရင္ ဒါေလးေတြေတာ့ ေျပာျဖစ္ေအာင္ေျပာလိုက္ပါ”




ရည္းစားေဟာင္းနဲ႔ ေတြ႕ခဲ့ရင္ ဒါေလးေတြေတာ့ ေျပာျဖစ္ေအာင္ေျပာလိုက္ပါ

သို႔ ……

တစ္ခ်ိန္တုန္းက (အခုဘာမွမဆိုင္ေတာ့တဲ့) ရည္းစားေဟာင္းေရ ”

ငါတို႔ေတြ ဘယ္ေတာ့မွ စကားေျပာၾကေတာ့မွာ မဟုတ္ဘူးဆိုတာေတာ့ ေသခ်ာတယ္ …။

ငါလည္း မေျပာခ်င္ေတာ့ပါဘူး။ ဒါေပမဲ့ ဒါေလးေတြကိုေတာ့ ငါက နင့္ကို ေျပာျပ ပါရေစေ နာ္ ….

၁။ ေက်းဇူးပါ”

ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္နဲ႔ ေနာက္ဆုံး ျပတ္သြားတဲ့အတြက္ ေက်းဇူးတင္တယ္။ ဘာလို႔လဲဆိုေတာ့ ငါ အရင္ကလို ေပ်ာ့ညံ့တဲ့မိန္းမ မဟုတ္ေတာ့ဘူး။

ျပတ္သားလာၿပီ။ ငါ့ကို အျမဲတမ္း သိမ္ငယ္ေအာင္လုပ္ခဲ့တဲ့ နင့္ေဘးကေန ထြက္လာေတာ့မွ ငါက ဘယ္ေလာက္အဖိုးတန္တယ္ဆိုတာ သိလာရၿပီေလ …။

၂။ သင္ခန္းစာရခဲ့တယ္”

ဟုတ္တယ္ ငါေပးတဲ့ သင္ခန္းစာေၾကာင့္ ကိုယ့္ကို အဆိပ္အေတာက္ျဖစ္ေစမယ့္လူကို မခ်စ္ဖို႔ ငါနားလည္သြားတယ္။

ငါ ဘာေတြမွားခဲ့တယ္ဆိုတာလည္း သိသြားတယ္။ နင့္ေၾကာင့္ ငိုခဲ့ရတဲ့ မ်က္ရည္ေတြလည္း ေျခာက္ခမ္းသြားၿပီ။ ငါ့ကို တန္ဖိုးထားၿပီး ခ်စ္မယ့္လူကို ေရြးခ်ယ္ဖို႔ နားလည္သြားၿပီေလ …။

၃။ ေယာက္်ားေကာင္းတစ္ေယာက္က ဘာဆိုတာ သိခြင့္ရလို႔ ေက်းဇူးတင္တယ္”

တကယ့္ေယာက္်ားေကာင္းတစ္ေယာက္ဆိုတာ မိန္းမတစ္ေယာက္အေပၚ အနိုင္မယူဘူး။ ျပတ္သားတယ္။ မွားရင္ မွားတယ္လို႔ဝန္ခံရဲတယ္။

တာဝန္ယူစိတ္ ရွိတယ္။ နင္ကေတာ့ ဘာျဖစ္ျဖစ္ နင္မွန္တယ္လို႔ပဲ ေတြးခဲ့တာေလ။ နင္ငါ့အေပၚ အနိုင္ပဲလိုခ်င္ခဲ့တာ …။

၄။ နင့္ရဲ့ေနာက္လူအတြက္ ငါစိတ္မေကာင္းပါဘူး”

ငါကေတာ့ နင္ေပးတဲ့ သင္ခန္းစာေတြနဲ႔ ပိုေကာင္းတဲ့ အနာဂတ္ကို ကိုယ္တိုင္တည္ေဆာက္ရေတာ့မွာ။ နင့္ရဲ့ ေနာက္လူအတြက္ေတာ့ ငါတကယ္စိတ္မေကာင္းဘူး။

နင့္လိုမ်ိဳး အတၱႀကီးၿပီး ေယာက္်ားမပီသတဲ့လူကို ခ်စ္ရတဲ့ သူ႔ခမ်ာ ပင္ပန္းစိတ္ဆင္းရဲ ရေတာ့မွာေလ။ ငါကေတာ့ သူ႔အေပၚ သနားမိ႐ုံကလြဲၿပီး ဘာစိတ္မွ မရွိဘူးဆိုတာ နင္သိေအာင္ ေျပာလိုက္ခ်င္ ပါရဲ႕ …။ ။

Source:Duwun

Unicode

ရည်းစားဟောင်းနဲ့ တွေ့ခဲ့ရင် ဒါလေးတွေတော့ ပြောဖြစ်အောင်ပြောလိုက်ပါ

သို့ ……

တစ်ချိန်တုန်းက (အခုဘာမှမဆိုင်တော့တဲ့) ရည်းစားဟောင်းရေ ”

ငါတို့တွေ ဘယ်တော့မှ စကားပြောကြတော့မှာ မဟုတ်ဘူးဆိုတာတော့ သေချာတယ် …။

ငါလည်း မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ဒါလေးတွေကိုတော့ ငါက နင့်ကို ပြောပြ ပါရစေေ နာ် ….

၁။ ကျေးဇူးပါ”

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး ပြတ်သွားတဲ့အတွက် ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ငါ အရင်ကလို ပျော့ညံ့တဲ့မိန်းမ မဟုတ်တော့ဘူး။

ပြတ်သားလာပြီ။ ငါ့ကို အမြဲတမ်း သိမ်ငယ်အောင်လုပ်ခဲ့တဲ့ နင့်ဘေးကနေ ထွက်လာတော့မှ ငါက ဘယ်လောက်အဖိုးတန်တယ်ဆိုတာ သိလာရပြီလေ …။

၂။ သင်ခန်းစာရခဲ့တယ်”

ဟုတ်တယ် ငါပေးတဲ့ သင်ခန်းစာကြောင့် ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့်လူကို မချစ်ဖို့ ငါနားလည်သွားတယ်။

ငါ ဘာတွေမှားခဲ့တယ်ဆိုတာလည်း သိသွားတယ်။ နင့်ကြောင့် ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း ခြောက်ခမ်းသွားပြီ။ ငါ့ကို တန်ဖိုးထားပြီး ချစ်မယ့်လူကို ရွေးချယ်ဖို့ နားလည်သွားပြီလေ …။

၃။ ယောက်ျားကောင်းတစ်ယောက်က ဘာဆိုတာ သိခွင့်ရလို့ ကျေးဇူးတင်တယ်”

တကယ့်ယောက်ျားကောင်းတစ်ယောက်ဆိုတာ မိန်းမတစ်ယောက်အပေါ် အနိုင်မယူဘူး။ ပြတ်သားတယ်။ မှားရင် မှားတယ်လို့ဝန်ခံရဲတယ်။

တာဝန်ယူစိတ် ရှိတယ်။ နင်ကတော့ ဘာဖြစ်ဖြစ် နင်မှန်တယ်လို့ပဲ တွေးခဲ့တာလေ။ နင်ငါ့အပေါ် အနိုင်ပဲလိုချင်ခဲ့တာ …။

၄။ နင့်ရဲ့နောက်လူအတွက် ငါစိတ်မကောင်းပါဘူး”

ငါကတော့ နင်ပေးတဲ့ သင်ခန်းစာတွေနဲ့ ပိုကောင်းတဲ့ အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်ရတော့မှာ။ နင့်ရဲ့ နောက်လူအတွက်တော့ ငါတကယ်စိတ်မကောင်းဘူး။

နင့်လိုမျိုး အတ္တကြီးပြီး ယောက်ျားမပီသတဲ့လူကို ချစ်ရတဲ့ သူ့ခမျာ ပင်ပန်းစိတ်ဆင်းရဲ ရတော့မှာလေ။ ငါကတော့ သူ့အပေါ် သနားမိရုံကလွဲပြီး ဘာစိတ်မှ မရှိဘူးဆိုတာ နင်သိအောင် ပြောလိုက်ချင် ပါရဲ့ …။ ။

Source:Duwun

Recent Updates

Recent Posts Widget