ခေါက်ဆွဲပြုတ်ခွက်ထဲ ခုန်ချပြီး ရေချိုး ဇိမ်ခံရမယ့် ဂျပန်ပြည်ကဝန်ဆောင်မှု




ခေါက်ဆွဲပြုတ်ခွက်ထဲ ခုန်ချပြီး ရေချိုး ဇိမ်ခံရမယ့် ဂျပန်ပြည်ကဝန်ဆောင်မှု

နွားနို့နဲ့ ရေချိုးဖူးကြမယ် ၊ ရနံ့ဆီမွှေးတွေနဲ့ ရေချိုးရတဲ့ ဝန်ဆောင်မှုတွေ နဲ့ ဇိမ်ခံဖူးကြမယ်… ဒါတွေက လူတော်တော်များများ ကြုံဖူးတဲ့ ပုံမှန်ထက်ပိုမိုက်တဲ့ ရေချိုးနည်း ပုံစံတွေပါပဲ ။ ဂျပန်ပြည်မှာတော့ ဒါ့ထက်ပိုပြီး ထူးခြားတဲ့ ရေချိုးခန်း ဝန်ဆောင်မှုတစ်ခု ရှိပါတယ် ။

ဂျပန်ပြည် Hakine မြို့မှာရှိတဲ့ Yunessun ရေပူစမ်းနဲ့ ရေချိုးခန်း ဝန်ဆောင်မှုမှာတော့ ဝက်စွပ်ပြုတ်နဲ့ ခေါက်ဆွဲတွေ အပြည့်ဖြည့်ထားတဲ့ ရေချိုးကန်ကြီးထဲ အတူတကွ ရေချိုးလို့ရတဲ့ ထူးထူးခြားခြား အရသာတစ်ခုကို ဖန်တီးပေးထားပါတယ် ။

အစပိုင်းမှာတော့ ဒီရေပူစမ်းကနေ ခေါက်ဆွဲ အစစ်တွေကို အသုံးပြုခဲ့ပေမယ့် အစိုးရကျန်းမာရေးအဖွဲ့က ပိတ်ပင်ခဲ့တာကြောင့် ခေါက်ဆွဲအတုတွေကို အသုံးပြုခဲ့ပြီး ဝက်စွပ်ပြုတ်ကိုတော့ မပြောင်းမလဲ ဆက်သုံးပေးခဲ့ပါတယ် ။ ဝက်စွပ်ပြုတ်ကို ကိုယ့် ခန္ဓာကိုယ်အရေပြားပေါ် တင်လိုက်ရတဲ့ ခံစားမှုက တကယ့် ခေါက်ဆွဲပြုတ်ခွက်ထဲ ခုန်ချပြီး ရေချိုးဇိမ်ခံနေရသလိုပါပဲလို့ ခေါက်ဆွဲပြုတ်နဲ့ ရေချိုးလာတဲ့ ဖောက်သည်တစ်ဦးက ပြောခဲ့တာလည်း ပိုစိတ်ဝင်စားစရာတွေ ဖြစ်လာစေတာ အမှန်ပါ ။

ဒါဆို ဘာလို့ ဒီလိုရေချိုးကြရတာတုန်း?

ဝက်စွပ်ပြုတ်မှာ ကောလဂျင် ပါဝင်ပါတယ် ။ ဒီလို ရေချိုးကြရတဲ့ အကြောင်းရင်းကတော့ ကျန်းမာရေးအရ အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပြီး လူရဲ့ ဇီဝစနစ်ကို ထောက်ကူအားပေးတာကြောင့်လို့ သိရပါတယ် ။

ZAW (H2H)

For Unicode

Recent Updates

Recent Posts Widget