“ကြာသပတေးနေ့ည ယူနိုက်တက်သတင်းတိုများ…”
ကာသပတေးနေ့ည ယူနိုက်တက်သတင်းတိုများ…
ယူနိုက်တက် အသင်းသည် ဒီလစ်ကို ပထမတုန်းက တစ်နှစ်လစာငွေ ယူရို(14) သန်းနှင့် (5) နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ် ကမ်းလှမ်းပေမယ့် ပယ်ချခံရသည်။

သို့ပေမယ့် ယူနိုက်တက်အသင်းသည် ယခုအခါ ဒီလစ်ကိုကမ်းလှမ်းရာတွင် ယင်းထက်ပိုကောင်းမည့် ကမ်းလှမ်းမှုဖြင် ကမ်းလှမ်းသွားမည့် အတွက်ကြောင့် ဒီလစ်ဘက်က လက်ခံလိမ့်မည်ဟု ယူနိုက်တက် အသင်းက မျှော်လင့်ထားသည်။
Source:[Sport]
အင်တာမီလန်အသင်းသည် ယူနိုက်တက် အသင်းမှ တိုက်စစ်မှူး လူကာကူနှင့် ချယ်လ်ဆီး အသင်းမှ ဗစ်တာမိုဆက်တို့ကို ခေါ်ယူရန် ကြိုးပမ်းသွား မည်ဖြစ်သည်။
ယူနိုက်တက် အသင်းက လူကာကူ၏ ပြောင်းရွှေ့ကြေးကို ယူရိုသန်း(70-80) ဈေးရပါကရောင်းချ ပေးမည်ဖြစ်သည်။
Source: [Sky Sport]
ခရစ္စတယ်ပဲလေ့စ် အသင်းသည် ၎င်းတို့၏ညာနောက်ခံလူ ဝမ်ဘစ်စကာကို ရောင်းထုတ်ခဲ့မည်ဆိုပါက ပေါင်သန်း (70) ဖြင့်သာလက်လွတ်လိုပြီး ယူနိုက်တက်အသင်းက ယင်းအတွက် ယူရိုသန်း(40) သာ ပေးချေရန် အလိုရှိသည်။
Source: [Evening standard ]
ယူနိုက်တက် အသင်းသည် မိုနာကို အသင်း၏ အသက်(16) နှစ်အရွယ်ကစားသမား Hannibal Mejbri ကို အရေးပါသည့် ကမ်းလှမ်းမှု ပုံစံဖြင့် ကမ်းလှမ်းခဲ့သည်။
အသင်းနှစ်သင်းကြားတွင် ကစားသမား၏အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးမှုမှာ လများစွာကြာမြင့်ခဲ့ပြီးဖြစ်သည်။
Source: [rmc]
MEN သတင်းစာ၏အဆိုချက်ရ ကွင်းလယ်လူပေါ့ဘာသည် ယူနိုက်တက် အသင်းတွင် ဆက်ရှိသွားမည်ဖြစ်ပြီး ယင်းကို အသင်းက အပြောင်းအရွှေ့ကာလတွင်ထိန်းသိမ်း သွားမည်ဖြစ်သည်။
Source: [MEN]
ယူနိုက်တက် အသင်းသည် PSG အသင်း၏ ကွင်းလယ်လူ ရာဘီအော့ ကိုခေါ်ယူရန် စောင့်ကြည့်နေ သည်။ ယင်းကိုမာတစ်နေရာတွင် အစားထိုးလိုသည်။
Source: [MEN]
ကျွန်တော်ရေးသားထားတဲ့ သတင်းတွေကို ယူနိုက်တတ်ပရိသတ်များအနေဖြင့် ကျွန်တော်တို့ယူနိုက်တက် ပရိသတ်တွေ ပိုမိုဖတ်ရှု့ နိုင်အောင် ယူနိုက်တက်groupများတွင် Share ခြင်းဖြင့် ကူညီပေးကြပါ ရန် မေတ္တာ ရပ်ခံပါ၏☺
#နငယ်




