“တက္ကသိုလ်ဝင် စာမေးပွဲကျတယ်ထင်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ကျောင်းသူ၊ စာမေးပွဲအောင်မြင်”





အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ဧကာဒသမတန်း အောင်စာရင်းကို (တက္ကသိုလ်ဝင်တန်း အောင်စာရင်း) ထုတ်ပြန်ခဲ့ရာ၊ တစ်နိုင်ငံလုံးမှာ စာမေးပွဲမအောင်လို့ သတ်သေခဲ့သူ (၂၆)ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း အောင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပြီး၊ တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်းတွေ ကျဆင်းနေပါတယ်။

အောင်မြင်ဖို့ခက်ခဲလေ ကျောင်းသားတွေဘက်က စာခိုးချခြင်းနဲ့ အောင်မြင်ဖို့အတွက် စာစစ်ဆရာတွေကို စုံစမ်းပြီး အခြားလာဘ်ငွေပေးခြင်းတွေကိုပါ ကျူးလွန်နေခဲ့တာကြောင့်၊ ပညာရေးဝန်ကြီးက ဒီလို စနစ်ဆိုးတွေ ဆက်နေသရွေ့ အောင်သင့်သူတွေ မအောင်ဘဲ၊ မအောင်သင့်သူတွေ အောင်နေလိမ့်မယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အခုနှစ်မှာလည်း စာမေးပွဲရှုံးလို့ သတ်သေသူတွေ (၂၆)ယောက်အထိ ရှိခဲ့ရာ အသက်(၁၇)နှစ်အရွယ် Anamika Arutla လည်း ပါဝင်ခဲ့ပါတယ်။



သူမကလည်း စာမေးပွဲကျပြီ အထင်နဲ့ စိတ်ဖိအားတွေ ဝင်ရောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်း ညီမဖြစ်သူက အောင်စာရင်းကို အွန်လိုင်းပေါ်ကနေ ကြည့်ချိန်မှာတော့ Arutla က အောင်မြင်နေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါကောင်မလေးဟာ ပြီးခဲ့တဲ့ ဧပြီလက သေဆုံးခဲ့ပါတယ်။ သူမ သေဆုံးပြီး (၄၄)ရက်အကြာမှာ စာမေးပွဲစစ်ဆေးသူတွေက သူမ ပြန်လည်စစ်ဆေးရာ ရလဒ်က မအောင်မြင်ပါဘူးတဲ့။

အဖြေလွှာတွေအရ Arutla ဟာ ကောင်းကောင်းမဖြေနိုင်ခဲ့ဘူးလို့လည်း စာစစ်အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပါတယ်။

ဒါပေမယ့် ဘာဖြစ်လို့ သူမ အောင်စာရင်းမှာ ပါလာတာလဲဆိုတာ အတော်လေး စဉ်းစားရခက်နေပြီး၊ စုံစမ်းစစ်ဆေးမှုတွေတောင် ရှိလာခဲ့ပါတယ်။



Arutla ဟာ National Cadet Corps (NCC) ရဲသင်တန်းကျောင်းသူ တစ်ဦးလည်းဖြစ်ပြီး၊ စာမေးပွဲကျတယ်လို့ သတင်းကြားပြီးတာနဲ့ Bansilalpet, Secunderabad မှာတည်ရှိတဲ့အဖွားရဲ့အိမ်မှာ ဧပြီ(၁၈)ရက်က သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနေ့မှာပဲ Telangana Board of Intermediate Education (TBIE) က စာမေးပွဲအောင်စာရင်းကို အွန်လိုင်းပေါ်ကနေကြည့်လို့ရအောင် ထုတ်ပြန်ခဲ့တာပါ။

အဆိုပါဝက်ဘ်ဆိုဒ်မှာ Arutla ဟာ တီလီဂူဘာသာစကားမေဂျာမှာ ရမှတ်(၂၀)သာ ရရှိခဲ့ကြောင်း ဖော်ပြထားပြီး၊ သူမရဲ့ညီမက အဖြေစစ်ဆေးမှုကို Download ဆွဲကြည့်ရမှာတော့ ရမှတ်(၂၀)ကနေ (၄၈)မှတ်အဖြစ် ပြောင်းထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။



(၄၈)မှတ် ပေးထားပေမယ့်၊ အောင်စာရင်းထုတ်ပြန်သူတွေက အဖြေတွေကို ပြန်စစ်တော့ မအောင်မြင်ဘူးလို့ဆိုပြန်ပါတယ်။ ဒီကြားထဲမှာ ကွဲလွဲမှုတွေက ပိုပြီးအငြင်းပွားစေခဲ့လို့ အခုဆို အထက်က စုံစမ်းစစ်ဆေးနေပါပြီ။

သူမက သူ့ကိုယ်သူ သတ်သေတာမဟုတ်ဘဲ အစိုးရက သတ်တာလို့ မိသားစုဝင်တစ်ဦးက ထုတ်ဖော်ခဲ့ပါတယ်။

လင်းသူရိန် (D Khit Media)

Recent Updates

Recent Posts Widget