ဒီ လက္ခဏာ (၁၀) မျိုး ဖြစ်နေပြီဆိုရင် သင့် စိတ်ရောဂါဆရာဝန်နဲ့ ပြသဆွေးနွေးဖို့လိုနေပါပြီ




ဒီ လက္ခဏာ (၁၀) မျိုး ဖြစ်နေပြီဆိုရင် သင့် စိတ်ရောဂါဆရာဝန်နဲ့ ပြသဆွေးနွေးဖို့လိုနေပါပြီ

လူဖြစ်တဲ့အလျောက် ကိုယ်စီဘဝတိုက်ပွဲတွေကို ရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေမှာ အောင်မြင်စွာကျော်လွှားနိုင်တဲ့ အချိန်တွေရှိသလို၊ တစ်ခါတလေမှာတော့ စိတ်ပင်ပန်းလွန်းပြီး အနားယူဖို့၊ စိတ်ဖြေဖို့ လိုအပ်တဲ့အချိန်တွေ ရှိပါတယ်။

ခုဖော်ပြပေးမှာကတော့ သင့်စိတ်ပင်ပန်းလွန်းနေပြီး စိတ်ရောဂါဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုအပ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

(၁) အာရုံစိုက်လို့မရဘူး၊ ဘာကိုမှစိတ်မဝင်စားဘူး၊ စိတ်တွေက တောင်စဉ်ရေမရဖြစ်ပြီး ဘာကိုမှလည်း မလုပ်ချင်မကိုင်ချင်၊ အရင်ကလိုလည်း မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြသဖို့လိုပါပြီ။

(၂) သင့်ရဲ့စိတ်တွေအရမ်းအပြောင်းအလဲမြန်နေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်ပါဘူး။ နည်းနည်းလေးမှသည်းမခံနိုင်ဘူး ဒေါသတွေအရမ်းကြီးနေတယ်၊ တစ်ခါတလေ သေချင်စိတ်တွေတောင်ပေါက်တယ်၊ ပျော်လိုက် ဝမ်းနည်းလိုက် အမျိုးမျိုး ဖြစ်နေတယ်၊ စိတ်မထိန်းနိုင်ဘူးဆိုရင်လည်း ပြသင့်ပါတယ်နော်

(၃) အချိန်တော်တော်များများမှာ စိတ်ပျက်တာတွေ၊ စိတ်ကုန်တာတွေ၊ မျှော်လင့်ချက်မဲ့ပြီး အသက်မရှင်ချင်တော့တာတွေ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုနေပါတယ်။

(၄) စိုးရိမ်စိတ်တွေအရမ်းများနေတယ်၊ မဖြစ်သေးတာတွေကို တွေးတွေးပြီး စားမဝင်အိပ်မပျော်တွေဖြစ်တယ်၊ အလွန်အမင်းစိုးရိမ်သောကများတာတွေကလည်း ပြဖို့လိုနေတဲ့ လက္ခဏာတွေပါ။

(၅) အတိတ်ထဲက ရုန်းမထွက်နိုင်ဘူး၊ အတိတ်ကအဖြစ်ဆိုးတွေကို ထပ်ခါတလဲလဲမြင်ယောင်တာ၊ အရိုးထဲထိစွဲနေအောင် မှတ်မိနေပြီး အဲ့ဒီ့အရာတွေက သင့်ကိုခြောက်လှန့်နေတယ်ဆိုရင်တော့ ဆရာဝန်ပြသဖို့လိုနေပါပြီ။

(၆) သင်ဟာ သင့်ကိုသင် သေကြောင်းကြံဖူးတယ်၊ သေကြောင်းကြံဖို့ ခဏခဏ စဉ်းစားဖူးတယ်ဆိုရင်တော့ဆရာဝန် ပြသဖို့ လိုနေပါပြီ။

(၇) သင်ဟာ စိတ်ဒဏ်ရာတွေကို ကုသဖို့အတွက် မူးယစ်ဆေးဝါးတွေ၊ အရက်၊ ဆေးလိပ်တွေသုံးစွဲ နေတဲ့သူဆိုရင်လည်း ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်နော်

(၈) သင်ဟာ ဒေါသတွေအရမ်းကြီးနေတယ်၊ လုံးဝစိတ်မထိန်းနိုင်ပဲ ဒေါသအလျောက် လုပ်မိတဲ့အရာတွေ များနေပြီ၊ ဒေါသကို လုံးဝမထိန်းနိုင်ဘူးဆိုရင်လည်း ဆရာဝန်ပြဖို့လိုနေပါပြီ။

(၉) သင့်အနောက်ကို တစ်ယောက်ယောက်လိုက်လာတာမျိုး၊ တစ်ယောက်ယောက်က စောင့်ကြည့်သလို ခံစားရတာမျိုး၊ နောက်ကျောမလုံတာတွေ၊ တိရိစ္ဆာန်တွေကို အလွန်အမင်းကြောက်တာမျိုးတွေဖြစ်ရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁၀) အစားလုံးဝမစားတာမျိုး၊ အလွန်အကျွံစားတာမျိုးတွေ ဖြစ်နေတယ်၊ အစားအသောက်နဲ့ပတ်သက်ပြီး မူမမှန်တာမျိုးတွေ ဖြစ်နေရင်လည်း ဆရာဝန်နဲ့ပြသင့်ပါတယ်။

Ref: Auntymay

Unicode













Ref: Auntymay

Recent Updates

Recent Posts Widget