သူမရဲ့ နာမည်လေးကို ဆေးမင်ကြောင်ထိုးပေးတဲ့ ပရိသတ်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ သံသာမိုးသိမ့်




မိန်းမချောဆိုပြီး ပရိသတ်တွေ တစ်ခဲနက် အားပေးကြတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ “မနေ့ဖြစ်သည် ၂ “ဇာတ်လမ်းတွဲ နဲ့ “ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာလဲ ဇာတ်လမ်းတွဲတွေ များစွာကို ရိုက်ကူးနေပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိစပြုနေသူတစ်ယောက် ဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ရရှိလာတဲ့ သံသာမိုးသိမ့်က ဒီတစ်ခေါက်မှာတော့ သူမရဲ့ အမာခံပရိသတ်တစ်ဦးက လုပ်ပေးတဲ့ Surprise ကြောင့် တော်တော်လေး ဝမ်းသာနေတာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေထားပါတယ်။

“ဒီနေ့အတွက်အကြီးစား Surprise 💙 အရမ်းချစ်ပါတယ် အသည်းလေးရေ Chit Hsu Hnin Pwint အမဘယ်ရောက်ရောက် ရအောင်လာသူ သူချစ်ကြောင်းကို သူ့အသားအနာခံပြီးပြခဲ့သူ 💙 အမတကယ် ဝမ်းနည်းလို့မျက်ရည်ပါလည်ရတယ်ကွယ်” ဆိုပြီး ပြောထားပါတယ်။

သံသာမိုးသိမ့်နာမည်နဲ့ တက်တူးလေး



သံသာမိုးသိမ့်ကတော့ သူမကို ချစ်တဲ့ ပရိသတ်ကြောင့် မျက်ရည်လည်ရတဲ့အထိ ဝမ်းးသာနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ မိုမိုလေးပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Than Thar Moe Theint’s fb


Recent Updates

Recent Posts Widget