ရာသီဥတု ….ပူပူေလးမွာ ….ဖာလူဒါ ေအးေအးေလး…. လုပ္စားၾကည့္ရေအာင္…




ေႏြရာသီ ပူျပင္းတဲ့ ရာသီဥတုမွာ လုပ္စားႏိုင္ဖို႔ ဖာလူဒါ လုပ္နည္းေလးပါ။ ဖာလူဒါက အိႏၵိယစတိုင္ လုပ္နည္းပါ၊

အိႏၵိယမွာေတာ့ ဖာလူဒါထဲကို ပင္ပြား၊ စမိုင္ဖတ္၊ သာကူေစ့၊ ႏြားႏို႔၊ သၾကားရည္ တို႔ထည့္ၿပီ လုပ္ၾကပါတယ္။ ဝတ္ရည္ကေတာ့ ရန္ကုန္မွာ စားေနက်စတိုင္ ဖာလူဒါ လုပ္နည္းကို ရွယ္ေပးထားပါတယ္။

ပါဝင္ပစၥည္းမ်ား

ႏြားႏို႔- ခြက္၄ခြက္ (၈၀၀ မီလီလီတာ)

မုန႔္လက္ေဆာင္းဖတ္ – ၁ခြက္

အနီေရာင္ ဂ်ယ္လီ – ခြက္တဝက္ (အတုံးေသးမ်ားတုံးထားပါ)

အဝါေရာင္ ဂ်ယ္လီ – ခြက္တဝက္ (အတုံးေသးမ်ားတုံးထားပါ)

အစိမ္း(သို႔) ခရမ္းေရာင္ ဂ်ယ္လီ – ခြက္တဝက္ (အတုံးေသးမ်ားတုံးထားပါ)

သာကူေစ့ – ခြက္ ၁ခြက္

ႏို႔စိမ္း (သို႔) ႏို႔ဆီ – စားပြဲတင္ဇြန္း ၅ဇြန္း

ပူတင္း – ၂တုံး

Vanilla ေရခဲမုန႔္ – ၁ဗူး

အနီေရာင္ သၾကားရည္တြင္ ပါဝင္ပစၥည္းမ်ား

အနီေရာင္ဆိုးေဆးအရည္ – လက္ဖက္ရည္ဇြန္း တဝက္

သၾကား – စားပြဲတင္ဇြန္း ၆ဇြန္း

ေရ – စားပြဲတင္ဇြန္း ၃ဇြန္း

ျပင္ဆင္နည္း

၁။ အရင္ဆုံး သာကူႀကိဳရန္ ဒယ္အိုးထဲ ေရတဝက္ထည့္ၿပီ ေရဆူလာလွ်င္ သာကူေစ့မ်ားထည့္ၿပီ ေရာေမႊေပးပါ။

၂။ သာကူကို မီးအတင့္သင့္ျဖင့္ သာကူမ်ား မကပ္သြားေအာင္ ေမႊေပးရပါမည္။

၃။ သာကူေစ့ အလယ္အစံမ်ား ေပ်ာက္သြားလွ်င္ မီးပိတ္လိုက္ၿပီ အနီေရာင္ဆိုးေဆးရည္(၄စက္)ခန႔္ ေလာင္းထည့္ကာ ေရာေမႊေပးပါ

၄။ သာကူေစ့မ်ား အနီေရာင္ေျပာင္းသြားလွ်င္ ဇကာျဖင့္ ျပန္စစ္ထားၿပီ ပန္းကန္ထဲ ေျပာင္းထည့္ထားပါ။

၅။ ၿပီေနာက္ သၾကားရည္အတြက္ ပါဝင္ပစၥည္းမ်ား ျဖစ္ေသာ (အနီေရာင္ဆိုးေဆးရည္၊ သၾကား၊ ေရ)တို႔ကို သၾကားအရည္ေပ်ာ္သည္အထိ ေရာေမႊေပးပါ။

၆။ ႏြားႏို႔ ၈၀၀ မီလီလီတာ ကို ဒယ္ထဲ ထည့္ၿပီ မီးအတင့္သင့္ျဖင့္ မိနစ္ ၂၀ခန႔္ ႏြားႏို႔ တဝက္ခန႔္ ခမ္းသြားသည္အထိ ပ်စ္ေအာင္ တည္ထားေပးပါ။

(သို႔) ႏြားႏို႔ ပြက္ပြက္ဆူေအာင္ တည္ထားၿပီ ေကာ္မႈန႔္(လက္ဖက္ရည္ဇြန္း ၁ဇြန္း) တို႔ကို ေရျဖင့္ ေရာေမႊၿပီ ေလာင္းထည့္ေပးပါ၊ ႏြားႏို႔ အနည္းငယ္ ပ်စ္လွ်င္ မီးပိတ္လိုက္ပါ။
ရ။ ၿပီေနာက္ ႏြားႏို႔ကို အခန္းအပူခ်ိန္ျဖင့္ ေခတၱအေအးခံၿပီ ေရခဲေသတၱာေအာက္ထပ္ ထည့္ၿပီ အေအးခံထားပါ။

ဖာလူဒါ ျပဳလုပ္နည္း
၁။ အရင္ဆုံး ဖန္ခြက္ရွည္ထဲသို႔ အနီေရာင္ သၾကားရည္(စားပြဲတင္ဇြန္း ၂ဇြန္း) ထည့္ပါ။
၂။ ၿပီေနာက္ အေပၚမွ မုန႔္လက္ေဆာင္ဖတ္(စားပြဲတင္ဇြန္း ၁ဇြန္း၊ ဂ်ယ္လီ ေရာင္စုံ(၁မ်ိဳး စားပြဲတင္ဇြန္း တဝက္စီ)၊ သာကူ၊ ပူတင္း(တုံးဝက္)၊ ႏြားႏို႔(ခြက္တဝက္)ထည့္ေပးပါ။
၄။ ေနာက္ဆုံး ေရခဲမုန႔္(1 Scoop)အေပၚမွ တင္၊ ႏို႔စိမ္း(သို႔) ႏို႔စိမ္း(စားပြဲတင္ဇြန္း ၂ဇြန္း) ဆမ္းေပးပါ။

၅။ အားလုံးကို သမေအာင္ အနည္းငယ္ ေရာေမႊၿပီ အရသာရွိေသာ ဖာလူဒါ ေအးေအးေလးကို သုံးေဆာင္ႏိုင္ပါၿပီ…

Credit Wutyee Food House

Unicode >>> Version
နွေရာသီ ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးပါ။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါ၊

အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီ လုပ်ကြပါတယ်။ ဝတ်ရည်ကတော့ ရန်ကုန်မှာ စားနေကျစတိုင် ဖာလူဒါ လုပ်နည်းကို ရှယ်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့- ခွက်၄ခွက် (၈၀၀ မီလီလီတာ)

မုန့်လက်ဆောင်းဖတ် – ၁ခွက်

အနီရောင် ဂျယ်လီ – ခွက်တဝက် (အတုံးသေးများတုံးထားပါ)

အဝါရောင် ဂျယ်လီ – ခွက်တဝက် (အတုံးသေးများတုံးထားပါ)

အစိမ်း(သို့) ခရမ်းရောင် ဂျယ်လီ – ခွက်တဝက် (အတုံးသေးများတုံးထားပါ)

သာကူစေ့ – ခွက် ၁ခွက်

နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

ပူတင်း – ၂တုံး

Vanilla ရေခဲမုန့် – ၁ဗူး

အနီရောင် သကြားရည်တွင် ပါဝင်ပစ္စည်းများ

အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တဝက်

သကြား – စားပွဲတင်ဇွန်း ၆ဇွန်း

ရေ – စားပွဲတင်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတဝက်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။

၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။

၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ

၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ပြီနောက် သကြားရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၆။ နွားနို့ ၈၀၀ မီလီလီတာ ကို ဒယ်ထဲ ထည့်ပြီ မီးအတင့်သင့်ဖြင့် မိနစ် ၂၀ခန့် နွားနို့ တဝက်ခန့် ခမ်းသွားသည်အထိ ပျစ်အောင် တည်ထားပေးပါ။

(သို့) နွားနို့ ပွက်ပွက်ဆူအောင် တည်ထားပြီ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ရေဖြင့် ရောမွှေပြီ လောင်းထည့်ပေးပါ၊ နွားနို့ အနည်းငယ် ပျစ်လျှင် မီးပိတ်လိုက်ပါ။

ရ။ ပြီနောက် နွားနို့ကို အခန်းအပူချိန်ဖြင့် ခေတ္တအအေးခံပြီ ရေခဲသေတ္တာအောက်ထပ် ထည့်ပြီ အအေးခံထားပါ။

ဖာလူဒါ ပြုလုပ်နည်း

၁။ အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ အနီရောင် သကြားရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။

၂။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်(စားပွဲတင်ဇွန်း ၁ဇွန်း၊ ဂျယ်လီ ရောင်စုံ(၁မျိုး စားပွဲတင်ဇွန်း တဝက်စီ)၊ သာကူ၊ ပူတင်း(တုံးဝက်)၊ နွားနို့(ခွက်တဝက်)ထည့်ပေးပါ။

၄။ နောက်ဆုံး ရေခဲမုန့်(1 Scoop)အပေါ်မှ တင်၊ နို့စိမ်း(သို့) နို့စိမ်း(စားပွဲတင်ဇွန်း ၂ဇွန်း) ဆမ်းပေးပါ။

၅။ အားလုံးကို သမအောင် အနည်းငယ် ရောမွှေပြီ အရသာရှိသော ဖာလူဒါ အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ…

Credit Wutyee Food House

Recent Updates

Recent Posts Widget