၁၅ အရြယ္မိန္းကေလး အေဒၚျဖစ္သူက ေျခေထာက္ကို ခ်ဳပ္ကိုင္ေပးၿပီး သားမယားျပဳက်င့္ခံရ
သားမယားအျဖစ္ျပဳက်င့္ခံရသျဖင့္ ဒလၿမိဳ႕မရဲစခန္းသို႔တိုင္ၾကား
ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္တြင္ အသက္(၁၅)ႏွစ္ ခန္႔ မိန္းကေလးတဦး အလိုမတူပဲ သားမယားအျဖစ္ ျပဳက်င့္ခံရ၍ ျပန္ေျပာပါက သတ္ပစ္မည္ဟု ေျပာဆိုၿပီး ဆီးခံုအား လက္ျဖင့္ႏွိပ္ ေျချဖင့္နင္းျခင္းအတြက္ ဒလၿမိဳ႕မရဲစခန္းတြင္ တိုင္တန္းထားေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ တရားလို ေဒၚစုမြန္လတ္(၃၄)ႏွစ္၏ လင္ပါသမီးျဖစ္သူ မေငြ(အမည္လႊဲ)သည္ ယခင္က ေဒၚခင္သန္း ဆာပါေခ်ာင္ေက်ာင္းစု ရပ္ကြက္၊ ဒလၿမိဳ႕ေနသူႏွင့္အတူေနထိုင္စဥ္ အိမ္ေထာင္က်ၿပီး တစ္လခန္႔ ေပါင္းသင္း၍ ကြဲကြာခဲ့ၿပီးေနာက္ ဒလၿမိဳ႕နယ္၊ ေမွာ္စက္ရပ္ကြက္ရွိ အဖြားျဖစ္သူ ေဒၚျမစိန္(ခ)ေဒၚကုလာမစိန္ ေနအိမ္တြင္ သြားေရာက္ေနထိုင္ခဲ့ၿပီး
(၁၅.၅.၂၀၁၉)ရက္ေန၌ တရားလိုအား ေဒၚခင္သန္းမွ မေငြ(အမည္လႊဲ)မွာ မူမမွန္၍ ဆီးစစ္ၾကည့္ရန္ေျပာဆိုသျဖင့္ ဆီးစစ္ၾကည့္ရာ ကိုယ္ဝန္ရွိေနေၾကာင္း သိရ၍ ေမးျမန္းခဲ့ရာ လြန္ခဲ့ေသာ(၂)လခန္႔ (ေန႔ရက္မမွတ္မိ) နံနက္(၃)နာရီခန္႔ အဖြားျဖစ္သူ ေဒၚျမစိန္၏ေနအိမ္ေပၚ၌ အိပ္ေပ်ာ္ေနစဥ္ ေဒၚျမစိန္၏ ေနာက္ေယာကၤ်ားျဖစ္သူ ဦးသန္းျမင့္မွာ ျခင္ေထာင္အတြင္းသို႔ ဝင္လာၿပီး သားမယားျပဳရန္ၾကံစည္၍ မေငြ(အမည္လႊဲ)မွၾကမ္းျပင္အား ေျချဖင့္ေဆာင့္ရာ အနီးရွိအိပ္ေနသူ အေဒၚျဖစ္သူ မဇာဇာတင့္ဆိုသူမွ အိပ္ရာမွထလာၿပီး ေျခေထာက္အား ခ်ဳပ္ကိုင္ေပးသျဖင့္အလိုမတူပဲ သားမယားအျဖစ္(၁)ႀကိမ္ ျပဳက်င့္ခံရၿပီးေနာက္ (၂/၃)ရက္ျခား တစ္ႀကိမ္စီျပဳက်င့္ခဲ့ေၾကာင္း၊ ျပန္ေျပာပါက သတ္ပစ္မည္ဟု ေျပာဆိုသျဖင့္ မည္သူ႔ကိုမၽွေျပာဆိုခဲ့ျခင္းမရွိေၾကာင္း၊
မေငြ(အမည္လႊဲ)အား ဦးသန္းျမင့္မွ မသဲသဲ ဆိုသူထံသို႔ ေခၚေဆာင္သြားၿပီး မသဲသဲမွ ၄င္း၏ဆီးခံုအား အံုးဆီပြတ္ကာ လက္ျဖင့္ႏွိပ္ျခင္း၊ ေျချဖင့္နင္းျခင္း၊ဦးသန္းျမင့္မွ ေျချဖင့္နင္းျခင္း ျပဳလုပ္ခဲ့ေၾကာင္း ေျပာျပသိရွိခဲ့ရသျဖင့္ဥပေဒအရ အေရးယူေပးပါရန္ လာေရာက္ တိုင္တန္းျခင္းျဖစ္ေၾကာင္း ဒလၿမိဳ႕မရဲစခန္းမွ ရဲလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ သြားမည္ျဖစ္ေၾကာင္း သိရၿပီး
သားမယားအျဖစ္ျပဳက်င့္ၿပီး ျပန္ေျပာပါက သတ္ပစ္မည္ဟု ေျပာဆိုၿပီး ဆီးခံုအား လက္ျဖင့္ႏွိပ္ ေျချဖင့္နင္းျခင္း သန္းျမင့္(၅၈)ႏွစ္(ဘ)ဦးလွတင္၊ ေမွာ္စက္ရပ္ကြက္၊ဒလၿမိဳ႕ မသဲသဲ(ခ)မတင္တင္စိန္(၅၂)ႏွစ္(ဘ)ဦးလွတင္၊ေမွာ္စက္ရပ္ကြက္၊ ဒလၿမိဳ႕နယ္။မဇာဇာတင့္(၂၄)ႏွစ္(ဘ)ဦးသန္႔ဇင္၊ေမွာ္စက္ရပ္ကြက္၊ဒလၿမိဳ႕နယ္ေနသူတို႔အား တရားလိုျဖစ္သူ ေဒၚစုမြန္လတ္(၃၄)ႏွစ္(ဘ)ဦးစိန္ထြန္းမွ တိုင္ၾကားခဲ့ရာ ဒလၿမိဳ႕မရဲစခန္း(ပ)၆၆၂/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၁၂/၅၀၆/၁၁၄ျဖင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ဒလၿမိဳ႕မရဲစခန္းမွ သိရသည္။ #ကိုဂ်ိမ္း(ဒလ)
Unicode
သားမယားအဖြစ်ပြုကျင့်ခံရသဖြင့် ဒလမြို့မရဲစခန်းသို့တိုင်ကြား
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အသက်(၁၅)နှစ် ခန့် မိန်းကလေးတဦး အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခံရ၍ ပြန်ပြောပါက သတ်ပစ်မည်ဟု ပြောဆိုပြီး ဆီးခုံအား လက်ဖြင့်နှိပ် ခြေဖြင့်နင်းခြင်းအတွက် ဒလမြို့မရဲစခန်းတွင် တိုင်တန်းထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ တရားလို ဒေါ်စုမွန်လတ်(၃၄)နှစ်၏ လင်ပါသမီးဖြစ်သူ မငွေ(အမည်လွှဲ)သည် ယခင်က ဒေါ်ခင်သန်း ဆာပါချောင်ကျောင်းစု ရပ်ကွက်၊ ဒလမြို့နေသူနှင့်အတူနေထိုင်စဉ် အိမ်ထောင်ကျပြီး တစ်လခန့် ပေါင်းသင်း၍ ကွဲကွာခဲ့ပြီးနောက် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်ရှိ အဖွားဖြစ်သူ ဒေါ်မြစိန်(ခ)ဒေါ်ကုလာမစိန် နေအိမ်တွင် သွားရောက်နေထိုင်ခဲ့ပြီး
(၁၅.၅.၂၀၁၉)ရက်နေ၌ တရားလိုအား ဒေါ်ခင်သန်းမှ မငွေ(အမည်လွှဲ)မှာ မူမမှန်၍ ဆီးစစ်ကြည့်ရန်ပြောဆိုသဖြင့် ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း သိရ၍ မေးမြန်းခဲ့ရာ လွန်ခဲ့သော(၂)လခန့် (နေ့ရက်မမှတ်မိ) နံနက်(၃)နာရီခန့် အဖွားဖြစ်သူ ဒေါ်မြစိန်၏နေအိမ်ပေါ်၌ အိပ်ပျော်နေစဉ် ဒေါ်မြစိန်၏ နောက်ယောင်္ကျားဖြစ်သူ ဦးသန်းမြင့်မှာ ခြင်ထောင်အတွင်းသို့ ဝင်လာပြီး သားမယားပြုရန်ကြံစည်၍ မငွေ(အမည်လွှဲ)မှကြမ်းပြင်အား ခြေဖြင့်ဆောင့်ရာ အနီးရှိအိပ်နေသူ အဒေါ်ဖြစ်သူ မဇာဇာတင့်ဆိုသူမှ အိပ်ရာမှထလာပြီး ခြေထောက်အား ချုပ်ကိုင်ပေးသဖြင့်အလိုမတူပဲ သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ခံရပြီးနောက် (၂/၃)ရက်ခြား တစ်ကြိမ်စီပြုကျင့်ခဲ့ကြောင်း၊ ပြန်ပြောပါက သတ်ပစ်မည်ဟု ပြောဆိုသဖြင့် မည်သူ့ကိုမျှပြောဆိုခဲ့ခြင်းမရှိကြောင်း၊
မငွေ(အမည်လွှဲ)အား ဦးသန်းမြင့်မှ မသဲသဲ ဆိုသူထံသို့ ခေါ်ဆောင်သွားပြီး မသဲသဲမှ ၄င်း၏ဆီးခုံအား အုံးဆီပွတ်ကာ လက်ဖြင့်နှိပ်ခြင်း၊ ခြေဖြင့်နင်းခြင်း၊ဦးသန်းမြင့်မှ ခြေဖြင့်နင်းခြင်း ပြုလုပ်ခဲ့ကြောင်း ပြောပြသိရှိခဲ့ရသဖြင့်ဥပဒေအရ အရေးယူပေးပါရန် လာရောက် တိုင်တန်းခြင်းဖြစ်ကြောင်း ဒလမြို့မရဲစခန်းမှ ရဲလုပ်ငန်းများဆောင်ရွက်ပြီး ဥပဒေနှင့်အညီ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သိရပြီး
သားမယားအဖြစ်ပြုကျင့်ပြီး ပြန်ပြောပါက သတ်ပစ်မည်ဟု ပြောဆိုပြီး ဆီးခုံအား လက်ဖြင့်နှိပ် ခြေဖြင့်နင်းခြင်း သန်းမြင့်(၅၈)နှစ်(ဘ)ဦးလှတင်၊ မှော်စက်ရပ်ကွက်၊ဒလမြို့ မသဲသဲ(ခ)မတင်တင်စိန်(၅၂)နှစ်(ဘ)ဦးလှတင်၊မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်။မဇာဇာတင့်(၂၄)နှစ်(ဘ)ဦးသန့်ဇင်၊မှော်စက်ရပ်ကွက်၊ဒလမြို့နယ်နေသူတို့အား တရားလိုဖြစ်သူ ဒေါ်စုမွန်လတ်(၃၄)နှစ်(ဘ)ဦးစိန်ထွန်းမှ တိုင်ကြားခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၆၆၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၁၂/၅၀၆/၁၁၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒလမြို့မရဲစခန်းမှ သိရသည်။ #ကိုဂျိမ်း(ဒလ)


