သီရိလကၤာႏိုင္ငံ အေသခံဗံုးခြဲတုိက္ခိုက္သူ ရန္ကုန္တြင္ဖမ္းမိတဲ့ ဗြီဒီယိုဖိုင္
သီရိလကၤာႏိုင္ငံ ဗုံးခြဲမႈျဖစ္စဥ္တြင္ ပါဝင္ပါတ္သက္သည့္ သံသယရွိသူတဦးအား ရန္ကုန္တြင္ ဖမ္းမိ
၂၀၁၉ ေမ ၂၃
ဧၿပီလ (၂၁) ရက္ေန႕ကသီရိလကၤာ နိုင္ငံအတြင္း အေသခံ ဗုံးခြဲတိုက္ခိုက္မႈႏွင့္ ဆက္စပ္သည္ဟု သံသယရွိသူ Abdul Salam Irshad Mohmood ဆိုသူအား ေမလ ၂၃ ရက္ေန႕ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတား ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးမွဴးရံုးတြင္ဖမ္းမိခဲ့ေၾကာင္းသိရ ။
အဆိုပါႏိုင္ငံျခားသည္ ေက်ာက္တံတားၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရး႐ုံးတြင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္း လာေရာက္တိုးရာမွ ရဲတပ္ဖြဲ႕ က အလိုရွိေနသူႏွင့္ ႐ုပ္ခ်င္းဆင္၍ အခ်က္အလက္မ်ားကိုတိုက္ဆိုင္စစ္ေဆးကာ ဖမ္းဆီးလိုက္ျခင္း ျဖစ္ေၾကာင္းအမည္မေဖာ္လိုသူ လဝကဝန္ထမ္းတစ္ဦး၏ေျပာျပခ်က္အရသိရသည္ ။
ေက်ာက္တံတားၿမိဳ႕နယ္လဝက တာဝန္ရွိသူ တဦးက“ သူ႕ ပတ္စပို႕တံုးလာထုတာပါ ၊ ဖမ္းမိတာေတာ့မွန္ပါတယ္ ၊ သံသယရွိသူလို႕ေျပာၾကတယ္ ” ဟု ေျပာ သည္။
၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၁ ရက္ေန႕တြင္ သီရိလကၤာႏိုင္ငံကိုလံဘိုၿမိဳ႕ ၊ နီဂြမ္ဘိုၿမိဳ႕ႏွင့္ ဘတ္ကီကာေလၿမိဳ႕မ်ားရွိအဓိက ဟိုတယ္ႀကီးမ်ားႏွင့္ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းတို႕တြင္အေသခံဗံုးခြဲအၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္အျပစ္မဲ့ျပည္သူလူမမယ္ကေလးမ်ားအပါလူေပါင္း ၃၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး ၅၀၀ နီးပါးဒဏ္ရာရရွိခဲ့သည့္ျဖစ္စဥ္တြင္ အဆိုပါႏိုင္ငံျခားသားသည္ သံသယရွိသူတစ္ဦးျဖစ္ေၾကာင္းသတင္းရရွိထားသည့္အျပင္ ၎သည္ျမန္မာႏိုင္ငံသို႕ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႕ကတည္းကေရာက္ရွိေနထိုင္ေနေၾကာင္းသတင္းရရွိပါသည္ ။
Credit – ဧရာဝတီ
Unicode
သီရိလင်္ကာနိုင်ငံ ဗုံးခွဲမှုဖြစ်စဉ်တွင် ပါဝင်ပါတ်သက်သည့် သံသယရှိသူတဦးအား ရန်ကုန်တွင် ဖမ်းမိ
၂၀၁၉ မေ ၂၃
ဧပြီလ (၂၁) ရက်နေ့ကသီရိလင်္ကာ နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ Abdul Salam Irshad Mohmood ဆိုသူအား မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင်ဖမ်းမိခဲ့ကြောင်းသိရ ။
အဆိုပါနိုင်ငံခြားသည် ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးရာမှ ရဲတပ်ဖွဲ့ က အလိုရှိနေသူနှင့် ရုပ်ချင်းဆင်၍ အချက်အလက်များကိုတိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ လဝကဝန်ထမ်းတစ်ဦး၏ပြောပြချက်အရသိရသည် ။
ကျောက်တံတားမြို့နယ်လဝက တာဝန်ရှိသူ တဦးက“ သူ့ ပတ်စပို့တုံးလာထုတာပါ ၊ ဖမ်းမိတာတော့မှန်ပါတယ် ၊ သံသယရှိသူလို့ပြောကြတယ် ” ဟု ပြော သည်။
၂၀၁၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့ ၊ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေမြို့များရှိအဓိက ဟိုတယ်ကြီးများနှင့်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့တွင်အသေခံဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူလူမမယ်ကလေးများအပါလူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး ၅၀၀ နီးပါးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တွင် အဆိုပါနိုင်ငံခြားသားသည် သံသယရှိသူတစ်ဦးဖြစ်ကြောင်းသတင်းရရှိထားသည့်အပြင် ၎င်းသည်မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းကရောက်ရှိနေထိုင်နေကြောင်းသတင်းရရှိပါသည် ။
Credit – ဧရာဝတီ





