ရင္ခြင္မွာခဏခိုလႈံၿပီး ထြက္ေျပးသြားသူေလးေၾကာင့္ တစ္ေယာက္တည္းအ႐ူးလိုက်န္ရစ္ခဲ့တဲ့ ရဲေလးရဲ႕သီခ်င္းအသစ္
ရင္ခြင္မွာခဏခိုလႈံၿပီး ထြက္ေျပးသြားသူေလးေၾကာင့္ တစ္ေယာက္တည္းအ႐ူးလိုက်န္ရစ္ခဲ့တဲ့ ရဲေလးရဲ႕သီခ်င္းအသစ္
အဆိုေတာ္ ၊ သ႐ုပ္ေဆာင္ ရဲေလးကေတာ့ ဂီတေလာကမွာေရာ အႏုပညာ ေလာကမွာပါ နာမည္ရ ေအာင္ျမင္ေနတဲ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အခ်စ္ေတာ္တစ္ဦး ျဖစ္ပါတယ္ ။ သီခ်င္းဆိုေကာင္းၿပီး မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပး ဝန္းရံမႈကို အျပတ္အသတ္ ရရွိထားတဲ့ ရဲေလးက အခုလည္း သီခ်င္းအသစ္ တစ္ပုဒ္ကို ပရိသတ္ေတြနဲ႔ စတင္ မိတ္ဆက္ေပးလိုက္ပါတယ္ ။ ဒီသီခ်င္းေလးကေတာ့ “အ႐ူးကမာၻ” လို႔ အမည္ေပးထားတဲ့ ရဲေလးရဲ႕ အသစ္စက္စက္ သီခ်င္းေလးပဲ ျဖစ္ပါတယ္ ။
ဒီသီခ်င္းေလးကေတာ့ ရဲေလးနဲ႔ Featuring NJ တို႔ကိုယ္တိုင္ ေရးစပ္ၿပီး သီဆို ဖန္တီးထားတဲ့ အေဆြးသီခ်င္းေကာင္းေလး တစ္ပုဒ္ပဲ ျဖစ္ပါတယ္ ။ မေမွ်ာ္လင့္ဘဲ ဘဝထဲကို ဝင္ေရာက္လာခဲ့တဲ့ မိန္းကေလးတစ္ေယာက္ကို အ႐ူးအမူး ခ်စ္ခဲ့မိၿပီးတဲ့ေနာက္ ထိုမိန္းကေလးရဲ႕ထားခဲ့ျခင္းခံခဲ့ရတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ေရးစပ္ ပုံေဖာ္ထားတာ ျဖစ္ပါတယ္ ။ ေကာင္မေလးမရွိေတာ့ တဲ့ဘဝမွာ တစ္ေယာက္တည္း အ႐ူးကမာၻ ျဖစ္ခဲ့ရတဲ့ ေကာင္ေလးေနရာမွာေတာ့ ရဲေလးကိုယ္တိုင္ ပါဝင္ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္ ။
သီခ်င္း စာသားေလးေတြက ထိမိလြန္းသလို Music Video ေလးမွာ ပါဝင္ထားတဲ့ ရဲေလးနဲ႔ ေ႐ႊရင္ေအးတို႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကလည္း အရမ္းကို သဘာဝက် ပီျပင္လြန္းတာေၾကာင့္ အားလုံးကအႀကိဳက္ေတြ႕ေနရတာ ျဖစ္ပါတယ္ ။ ဒီေန႔ေမလ ၂၂ ရက္ေန႔မွာ ထြက္ရွိလာတဲ့ “အ႐ူးကမာၻ” သီခ်င္းေလးကေတာ့ ခဏေလးအတြင္းမွာ ပရိသတ္ေတြၾကား ေရပန္းစား လူႀကိဳက္မ်ားေနတာ ေတြ႕ရပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ အသစ္ထြက္ရွိလာတဲ့ အဆိုေတာ္ ရဲေလးရဲ႕ “အ႐ူးကမာၻ” သီခ်င္း ဗီဒီယိုဖိုင္ေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္ ။
ရုပ္သံၾကည္ရႈ႕ရန္
Credit;Myanmarload
For Unicode
ရင်ခွင်မှာခဏခိုလှုံပြီး ထွက်ပြေးသွားသူလေးကြောင့် တစ်ယောက်တည်းအရူးလိုကျန်ရစ်ခဲ့တဲ့ ရဲလေးရဲ့သီချင်းအသစ်
အဆိုတော် ၊ သရုပ်ဆောင် ရဲလေးကတော့ ဂီတလောကမှာရော အနုပညာ လောကမှာပါ နာမည်ရ အောင်မြင်နေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ် ။ သီချင်းဆိုကောင်းပြီး မိန်းကလေး ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကို အပြတ်အသတ် ရရှိထားတဲ့ ရဲလေးက အခုလည်း သီချင်းအသစ် တစ်ပုဒ်ကို ပရိသတ်တွေနဲ့ စတင် မိတ်ဆက်ပေးလိုက်ပါတယ် ။ ဒီသီချင်းလေးကတော့ “အရူးကမ္ဘာ” လို့ အမည်ပေးထားတဲ့ ရဲလေးရဲ့ အသစ်စက်စက် သီချင်းလေးပဲ ဖြစ်ပါတယ် ။
ဒီသီချင်းလေးကတော့ ရဲလေးနဲ့ Featuring NJ တို့ကိုယ်တိုင် ရေးစပ်ပြီး သီဆို ဖန်တီးထားတဲ့ အဆွေးသီချင်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ် ။ မမျှော်လင့်ဘဲ ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်ခဲ့မိပြီးတဲ့နောက် ထိုမိန်းကလေးရဲ့ထားခဲ့ခြင်းခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးစပ် ပုံဖော်ထားတာ ဖြစ်ပါတယ် ။ ကောင်မလေးမရှိတော့ တဲ့ဘဝမှာ တစ်ယောက်တည်း အရူးကမ္ဘာ ဖြစ်ခဲ့ရတဲ့ ကောင်လေးနေရာမှာတော့ ရဲလေးကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။
သီချင်း စာသားလေးတွေက ထိမိလွန်းသလို Music Video လေးမှာ ပါဝင်ထားတဲ့ ရဲလေးနဲ့ ရွှေရင်အေးတို့ရဲ့သရုပ်ဆောင်ချက်တွေကလည်း အရမ်းကို သဘာဝကျ ပီပြင်လွန်းတာကြောင့် အားလုံးကအကြိုက်တွေ့နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မေလ ၂၂ ရက်နေ့မှာ ထွက်ရှိလာတဲ့ “အရူးကမ္ဘာ” သီချင်းလေးကတော့ ခဏလေးအတွင်းမှာ ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များနေတာ တွေ့ရပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ အဆိုတော် ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်း ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော် ။
ရုပ်သံကြည်ရှု့ရန်
Source:YLJK Entertainment
Credit;Myanmarload




