Unicode
မိုးယံဇွန် နဲ့ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပတ်သက်ပြီးပြောပြလာတဲ့ စံရတီမိုးမြင့်
သူကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ မင်းသမီးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ လတ်တလောမှာ
ဆံပင်ဒီဇိုင်းအသစ်လေးနဲ့လှနေတဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ် ။
အရင်က ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာမသိခဲ့ဘူး ချစ်နည်းမမှန်ခဲ့ဘူး ။ အရင်က ကိုယ့်ကိုယ်ကို ထက်သူများကိုပဲ
ပိုချစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲက တွေ့ ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ် ။
ခုတော့ ကိုယ့်ကိုယ်ကိုချစ်တတ်လာတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုချစ်မှန်းလည်းမသိခဲ့ဘူး ။
ခုတော့ကိုယ့်ကိုယ်ကိုချစ်တဲ့နည်းမှန်လာတယ် ကိုယ့်ကိုယ်ကိုလှအောင်နေတယ်။ ကိုယ့်ဘဝကို အပျော်ဆုံးနေတယ် ။
အရင်တုန်းကတော့ကိုယ့်ကိုယ်ကိုထက် သူများကိုပိုချစ်တယ်
ခုတော့ကိုယ့်ကိုယ်ကိုပိုချစ်လာတာအဲအချိန်ကိုတော့ပြန်မရောက်ချင်တော့ဘူး ။
ဖျက်ပစ်ချင်တာတော့မဟုတ်ဘူး ဖြစ်ခဲ့တဲ့ဟာအကုန်လုံးကိုတော့ ဘဝမှာအမှတ်တရတစ်ခုအနေနဲ့ ရင်ထဲမှာအမြဲသိမ်းထားတယ်။
ကိုယ်ကိုတိုင်ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက်ရလာတဲ့ ရလဒ်ကိုလည်း လက်ခံတယ် လို့ ပြောပြထားပြီးတော့မိုးယံဇွန်ရဲ့
ချစ်သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်း“ လူအရမ်းမှားနေပါတယ် သဲသဲလည်းပြောရတယ် အကိုရေတူနေတယ်လို့
သူကောင်မလေးကလည်းတူနေတာ တိုက်ကိုတိုက်ဆိုင်နေတာ။
မထင်ပါနဲ့မဟုတ်ပါဘူး ဂျင် (GYM) မှာက ကိုယ်သွားတဲ့အချိန်သူကရှိနေတာ သူကောင်မလေးနဲ့ပုံတင်တော့လည်း
သက်သည်းအရောင်ကတူနေတာ ဒါပေမယ့်သဲသဲက (၅)ချောင်းလုံးအပြာ သူကောင်မလေးက တစ်ချောင်း
ငွေရောင်ဖောက်ထားတယ်။
ကိုမိုးယံဇွန်နဲ့သဲသဲတို့ခင်တာ (၈)(၉) နှစ်လောက်ရှိပြီ အဲဒါကြောင့် မဟုတ်ပါဘူး လို့ ရှင်းပြထားပါသေးတယ်။
သဲရဲ့ပြောင်းလဲလာပုံအဆင့်ဆင့် ဝလာတော့လည်း ဝလာသလို ဆံပင်ပြောင်းလိုက်တော့ပြောင်းလိုက်သလိုကို
ချစ်ပြီးအားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်လို့ပြောပြထားပါသေးတယ်။
စံရတီမိုးမြင့်ရဲ့ ပြောင်းလဲလာတဲ့ ပုံစံအတိုင်းဆက်ပြီးတော့အားပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။
Recent Updates
Recent Posts Widget