အိမ္မွာ လတ္လတ္ဆတ္ဆတ္ ခူးစားလို႔ရေအာင္ ကန္စြန္း႐ြက္ကို အိုးႏွင့္ စိုက္ပ်ိဳးသည့္နည္းေလး…




အိမ္မွာ လတ္လတ္ဆတ္ဆတ္ ခူးစားလို႔ရေအာင္ ကန္စြန္း႐ြက္ကို အိုးႏွင့္ စိုက္ပ်ိဳးသည့္နည္းေလး

ရန္ကုန္တြင္ ကန္စြန္းခင္းမွ ခူးရ်္ ကစြန္း႐ြက္ ေရာင္းသူမ်ား ရွိသကဲ့သို႔ အခ်ိဳ႕ကလည္း ေရဆိုးေျမာင္းေဘးတြင္ အေလ့က် ေပါက္ေနေသာ ကန္စြန္း႐ြက္မ်ားကို တႏိုင္တပိုင္ စီးၿပီး ေရာင္းသူမ်ား ရွိပါသည္ … ။

ေရဆိုးေျမာင္းထဲတြင္ စက္႐ုံမွ စြန႔္ျပစ္သည့္ ဓါတုေဗဒ ေရဆိုးမ်ား လူေနအိမ္မ်ားမွ စြန႔္ျပစ္သည့္ အညစ္အေၾကးမ်ား ရွိၿပီး ထိုအနီး အနားတြင္ ေပါက္ေသာ ကန္စြန္း႐ြက္မ်ားတြင္ လူကို ဥပဒ္ေပးေသာ ပိုးမႊားမ်ား ပါရွိရ်္ စားသုံးမိပါက ေရာဂါဆိုးမ်ား ရရွိႏိုင္ပါသည္ ။

မိတ္ေဆြ ကန္စြန္း႐ြက္ ဝယ္လ်င္ သတိထား၍ ဝယ္ယူ စားသုံးသင့္ပါသည္ ကန္စြန္း႐ြက္ကို ဒီလိုလည္း စိုက္ပ်ိဳးႏိုင္ပါတယ္ ။

႐ိုး႐ိုးကန္စြန္း႐ြက္ စည္းအိုးထဲ ထည့္ထားတာ ။ စိုက္ပင္ဆို ဒီလို တညီတည္း အတိုအရွည္ မညီေရအိုး တစ္ဘက္တည္း စုမေနပါ ။ စိုက္လိုပါက အိုးအတြင္း

၁ – သဲ တစ္ဆ ၊ ေျမေဆြး ႏွစ္ဆ ၊ ျပာ တဆ သမေမႊၿပီး အိုးတြင္း သုံးပုံ ႏွစ္ပုံ ထည့္ပါ ။

၂ – ေျမညႇိ ကန္စြန္းေစ့ ၁၀၀ ခန႔္ျဖဴး ။

၃ – အေပၚမွ သဲျမဳတ္ေအာင္ ျဖဴး ။

၄ – ေရေလာင္းေပး ၊ ၅ ရက္ခန႔္တြင္ အပင္၂ လက္မခန႔္ ရွည္လာလွ်င္ ေရ ၁ လက္မ အၿမဲျမႇပ္ထားပါ ။

၅ – ၂၀ ရက္ ၾကာလ်င္ ခူးစားပါ ။

ေနာက္တနည္းရွိေသးသည္ ….. ။

၁ – သဲ တဆ ၊ ေျမေဆြး တဆ ၊ ျပာ တစ္ဆုတ္ ေရာၿပီး အိုးတြင္းထည့္ ။

၂ – ထိုေျမေပၚ ေရ လက္ေလးသစ္ခန႔္ ထည့္ ။

၃ – ေဈးမွ ကန္စြန္း႐ြက္ တစ္စည္းဝယ္ ။ ကစြန္းၫြန႔္က္ု ၃ လက္မေလာက္ ေျမျမဳပ္၍ တစ္ပင္းျခင္းစိုက္ ။

၄ – ၁၀ ရက္ အတြင္း အၫြန႔္ ခူးစား ။

၅ – ၇ ရက္ တစ္ႀကိမ္ခန႔္ ႏြားေခ်းေဆြး လက္တစ္ဆုပ္ခန႔္ ထည့္ေပး ။ သို႔မဟုတ္ အၫြန႔္ ခူးၿပီးတိုင္း ႏြားေခ်း ေျမမေဆြးထည့္ ။

၆ – ေနပူ တိုက္႐ိုက္က်ရာမွာထား ၊ ၇ ရက္ တႀကိမ္ ေၾကာ္စားလို႔ ရ၏ ။

Source-My Food Myanmar

Unicode

အိမ်မှာ လတ်လတ်ဆတ်ဆတ် ခူးစားလို့ရအောင် ကန်စွန်းရွက်ကို အိုးနှင့် စိုက်ပျိုးသည့်နည်းလေး

ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူးရျ် ကစွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင် စီးပြီး ရောင်းသူများ ရှိပါသည် … ။

ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီး အနားတွင် ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများ ပါရှိရျ် စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည် ။

မိတ်ဆွေ ကန်စွန်းရွက် ဝယ်လျင် သတိထား၍ ဝယ်ယူ စားသုံးသင့်ပါသည် ကန်စွန်းရွက်ကို ဒီလိုလည်း စိုက်ပျိုးနိုင်ပါတယ် ။

ရိုးရိုးကန်စွန်းရွက် စည်းအိုးထဲ ထည့်ထားတာ ။ စိုက်ပင်ဆို ဒီလို တညီတည်း အတိုအရှည် မညီရေအိုး တစ်ဘက်တည်း စုမနေပါ ။ စိုက်လိုပါက အိုးအတွင်း

၁ – သဲ တစ်ဆ ၊ မြေဆွေး နှစ်ဆ ၊ ပြာ တဆ သမမွှေပြီး အိုးတွင်း သုံးပုံ နှစ်ပုံ ထည့်ပါ ။

၂ – မြေညှိ ကန်စွန်းစေ့ ၁၀၀ ခန့်ဖြူး ။

၃ – အပေါ်မှ သဲမြုတ်အောင် ဖြူး ။

၄ – ရေလောင်းပေး ၊ ၅ ရက်ခန့်တွင် အပင်၂ လက်မခန့် ရှည်လာလျှင် ရေ ၁ လက်မ အမြဲမြှပ်ထားပါ ။

၅ – ၂၀ ရက် ကြာလျင် ခူးစားပါ ။

နောက်တနည်းရှိသေးသည် ….. ။

၁ – သဲ တဆ ၊ မြေဆွေး တဆ ၊ ပြာ တစ်ဆုတ် ရောပြီး အိုးတွင်းထည့် ။

၂ – ထိုမြေပေါ် ရေ လက်လေးသစ်ခန့် ထည့် ။

၃ – ဈေးမှ ကန်စွန်းရွက် တစ်စည်းဝယ် ။ ကစွန်းညွန့်က်ု ၃ လက်မလောက် မြေမြုပ်၍ တစ်ပင်းခြင်းစိုက် ။

၄ – ၁၀ ရက် အတွင်း အညွန့် ခူးစား ။

၅ – ၇ ရက် တစ်ကြိမ်ခန့် နွားချေးဆွေး လက်တစ်ဆုပ်ခန့် ထည့်ပေး ။ သို့မဟုတ် အညွန့် ခူးပြီးတိုင်း နွားချေး မြေမဆွေးထည့် ။

၆ – နေပူ တိုက်ရိုက်ကျရာမှာထား ၊ ၇ ရက် တကြိမ် ကြော်စားလို့ ရ၏ ။

Source-My Food Myanmar

Recent Updates

Recent Posts Widget