ထမင္းစားၿမိန္ေစမယ့္ ပဲကုလားဟင္းေကာင္းေကာင္း ခ်က္နည္း…!
ပါဝင္ပစၥည္းမ်ား
ကုလားပဲျခမ္း- ၁၀ က်ပ္သား
အာလူး – ၃ လုံး
ခရမ္းသီး – ၂ လုံး
မုန္လာဥ – ၁ လုံး
ဒန္.သလြန္သီး – ၂ ေတာင့္
ၾကက္သြန္နီ – ၂ လုံး
ၾကက္သြန္ျဖဴ – ၅ မႊာ
င႐ုတ္သီးအနီေတာင့္- ၅ ေတာင့္
ဆီသတ္႐ြက္- ၂ ခက္
ဆီ ၊ ဆား
ၾကက္သားမႈန္.
င႐ုတ္သီးမႈန္.
နႏြင္းမႈန္.
မန္က်ည္းရည္
ဒန္ေပါက္မဆလာ
ခ်က္ျပဳတ္နည္း
အရင္ဆုံး ကုလားပဲျခမ္း ကို တစ္ညေရစိမ္ထားပါ။
အာလူး ၊ခရမ္းသီး၊မုန္လာဥ၊ဒန္.သလြန္သီး၊ၾကက္သြန္နီ၊ၾကက္သြန္ျဖဴတို.ကို ေရေဆးလွီးၿပီး င႐ုတ္သီးမႈန္.၊နႏြင္းမႈန္.၊ဆား၊ၾကက္သားမႈန္.နဲ.နယ္ထားပါ။
ၿပီးရင္ ဒန္အိုးထဲ ေရလိုသေလာက္ထည့္ၿပီး ကုလားပဲျခမ္းကို ပြက္ပြက္ဆူေအာင္ ျပဳတ္ပါ။
ကုလားပဲျခမ္းမ်ား အနည္းငယ္ႏူးၿပီး ကြဲလာလွ်င္ နယ္ထားတာေတြထည့္ပါ။ဆီအနည္းငယ္ထည့္ပါ။
ေရလိုရင္ ထပ္ထည့္ပါ။
ပြက္ပြက္ဆူေအာင္တည္ပါ။
င႐ုတ္သီးအနီေတာင့္ကို ႏွစ္ပိုင္းလွီးထည့္ပါ။မန္က်ည္းရည္ထည့္ပါ။ အရသာလိုသလိုျပင္ပါ။
အာလူး၊ခရမ္းသီးမ်ား ႏူးၿပီး အရသာအဆင္ေျပရင္ မဆလာ၊ဆီသတ္႐ြက္ထည့္ၿပီး ခဏတည္ေပးပါ။
အခုဆိုရင္ ပူပူေလးနဲ႔ အနံ႔ ေမႊးႀကိဳင္တဲ့ ပဲကုလားဟင္းကို အရသာရွိစြာ သုံးေဆာင္ႏိုင္ပါၿပီ။
Credit:Kyaw Min Htwe
Unicodeဖြင့်ဖတ်ရန်
ထမင်းစားမြိန်စေမယ့် ပဲကုလားဟင်းကောင်းကောင်း ချက်နည်း
ပါဝင်ပစ္စည်းများ
ကုလားပဲခြမ်း- ၁၀ ကျပ်သား
အာလူး – ၃ လုံး
ခရမ်းသီး – ၂ လုံး
မုန်လာဥ – ၁ လုံး
ဒန်.သလွန်သီး – ၂ တောင့်
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၅ မွှာ
ငရုတ်သီးအနီတောင့်- ၅ တောင့်
ဆီသတ်ရွက်- ၂ ခက်
ဆီ ၊ ဆား
ကြက်သားမှုန်.
ငရုတ်သီးမှုန်.
နနွင်းမှုန်.
မန်ကျည်းရည်
ဒန်ပေါက်မဆလာ
ချက်ပြုတ်နည်း
အရင်ဆုံး ကုလားပဲခြမ်းကို တစ်ညရေစိမ်ထားပါ။
အာလူး၊ခရမ်းသီး၊မုန်လာဥ၊ဒန်.သလွန်သီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို.ကို ရေဆေးလှီးပြီး ငရုတ်သီးမှုန်.၊နနွင်းမှုန်.၊ဆား၊ကြက်သားမှုန်.နဲ.နယ်ထားပါ။
ပြီးရင် ဒန်အိုးထဲ ရေလိုသလောက်ထည့်ပြီး ကုလားပဲခြမ်းကို ပွက်ပွက်ဆူအောင် ပြုတ်ပါ။
ကုလားပဲခြမ်းများ အနည်းငယ်နူးပြီး ကွဲလာလျှင် နယ်ထားတာတွေထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။
ရေလိုရင် ထပ်ထည့်ပါ။
ပွက်ပွက်ဆူအောင်တည်ပါ။
ငရုတ်သီးအနီတောင့်ကို နှစ်ပိုင်းလှီးထည့်ပါ။မန်ကျည်းရည်ထည့်ပါ။ အရသာလိုသလိုပြင်ပါ။
အာလူး၊ခရမ်းသီးများ နူးပြီး အရသာအဆင်ပြေရင် မဆလာ၊ဆီသတ်ရွက်ထည့်ပြီး ခဏတည်ပေးပါ။
အခုဆိုရင် ပူပူလေးနဲ့ အနံ့ မွှေးကြိုင်တဲ့ ပဲကုလားဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit:Kyaw Min Htwe


