“ရဟန္း လက္မခံေသာ အလွဴ..
ရဟန္း လက္မခံေသာ အလွဴ.. …ဖတ္ရံုတင္မဖတ္ပါနဲ႔ မွ်ေဝေပးျဖစ္ေအာင္ ေပးခဲ့ပါ
ရဟန္း လက္မခံေသာ အလွဴ
တစ္ေန႔မနက္ ရဟန္းတစ္ပါးဟာ လမ္းေလ်ွာက္ၿပီး ရြာထဲက အိမ္ေတြမွာ ဆြမ္းခံႂကြလာတယ္။
ေစာေစာစီးစီး အရက္ေသာက္ၿပီး အေတာ္ေလးမူးေနတဲ့ အရက္သမား တစ္ေယာက္ဟာ အဲဒီရဟန္းကုိ ျမင္တာနဲ႔ ေဘးနားက အတူလုိက္ပါသြားရင္ ရဟန္းကုိ ေအာ္ဟစ္ဆဲဆုိပါေတာ့တယ္။
အမူးသမားဟာ ရြာမွာ အဆုိးဆုံး လူမုိက္တစ္ေယာက္မုိ႔ ရြာသူရြာသားေတြဟာ ေၾကာက္ၿပီး ဘာမွ မေျပာရဲၾကဘူး။
ရဟန္းဟာ လူမုိက္ဆဲဆုိသမ်ွကုိ ဘာတစ္ခြန္းမွ ျပန္မေျပာ တစ္ခ်က္လွည့္မၾကည့္ဘဲ အိမ္ေတြမွာ ဆက္လက္ဆြမ္းခံေနတယ္။
လူမုိက္ကလည္း ရဟန္းနာက လုိက္ပါရင္း မေမာမပန္း ဆက္လက္ ဆဲဆုိေနတယ္။
ရြာအစြန္ကုိ ေရာက္လာၾကၿပီး။ ေနလည္းအေတာ္ပူျပင္းလာၿပီး။
အခုအရက္မူးသမားဟာ အမူးေျပလာၿပီး။ သူလည္း တစ္လမ္းလုံး ဆဲဆုိေနခဲ့လုိ႔ ေမာေနၿပီး။
ဒီအခါမွာ အမူးသမားက ရဟန္းကုိ စေလ်ွာက္တင္တယ္။
အမူးသမား….အရွင္ဘုရား တပည့္ေတာ္ တစ္လမ္းလုံး ဆဲဆုိေနတာကုိ အရွင္ဘုရား တစ္ခြန္းမွ ျပန္မေျပာ စိတ္လည္းမဆုိးဘူး။
အဲဒါ ဘာေၾကာင့္ပါလဲ ဘုရား ( သူ အမူးေျပၿပီမုိ႔ အရွင္ေတြ၊ ဘုရားေတြ ေခၚလာၿပီ)
ရဟန္း…ဒကာတစ္ေယာက္က ဘုန္းႀကီးကုိ ပစၥည္း လာလွဴလုိ႔ ဘုန္းႀကီးက လက္ခံလုိက္ရင္ အဲဒါ ဘယ္သူ႕ ပစၥည္း ျဖစ္သြားမလဲ။
အမူးသမား….. ဘုန္းႀကီးက လက္ခံမွေတာ့ အဲဒါ ဘုန္းႀကီး ပစၥည္း ျဖစ္သြားၿပီးေပါ့ ဘုရား။
ရဟန္း……. ဒါဆုိ အဲဒီ ပစၥည္းကုိ ဘုန္းႀကီးက လက္မခံရင္ေကာကြာ။
အမူးသမား ..ဘုန္းႀကီး လက္မခံရင္ အဲဒီ ပစၥည္းဟာ လွဴတဲ့ သူရဲ႕ ပစၥည္း ပဲ ျဖစ္ေနမွာပါပဲ။
ရဟန္း ……. ေအး မင္းလမ္းတစ္ေလ်ွာက္လုံးမွာ အဆဲ အလွဴႀကီးေပးေနတာကုိ ဘုန္းႀကီး လက္မခံဘူး။
ဒါေၾကာင့္ အဲဒီအဆဲေတြ အာလုံးကုိ မင္းပုိင္သြားၿပီး။
အိမ္ကုိ ျပန္ယူသြားေပေတာ့။
အမူးသမား .. တင္ပါ့ ဘုရား။
ေဖ့စ္ဘုတ္မွာ ဆဲလုိက္ရလုိ႔ ေက်နပ္မေနၾကပါနဲ႔။
အဆဲေတြကုိ တစ္ဖက္သားက မယူဘူးဆုိရင္ ဆဲသူထံ ျပန္ေရာက္လာပါလိမ့္မယ္။
Credit -ဗန္းေမာ္ သိန္းေဖ
မ်ွေဝလုိေသာ အေတြးမ်ား
Unicode
ရဟန်း လက်မခံသော အလှူ.. …ဖတ်ရုံတင်မဖတ်ပါနဲ့ မျှဝေပေးဖြစ်အောင် ပေးခဲ့ပါ
ရဟန်း လက်မခံသော အလှူ
တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံကြွလာတယ်။
စောစောစီးစီး အရက်သောက်ပြီး အတော်လေးမူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကို မြင်တာနဲ့ ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကို အော်ဟစ်ဆဲဆိုပါတော့တယ်။
အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက်တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှ မပြောရဲကြဘူး။
ရဟန်းဟာ လူမိုက်ဆဲဆိုသမျှကို ဘာတစ်ခွန်းမှ ပြန်မပြော တစ်ချက်လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ်။
လူမိုက်ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက် ဆဲဆိုနေတယ်။
ရွာအစွန်ကို ရောက်လာကြပြီး။ နေလည်းအတော်ပူပြင်းလာပြီး။
အခုအရက်မူးသမားဟာ အမူးပြေလာပြီး။ သူလည်း တစ်လမ်းလုံး ဆဲဆိုနေခဲ့လို့ မောနေပြီး။
ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ်။
အမူးသမား….အရှင်ဘုရား တပည့်တော် တစ်လမ်းလုံး ဆဲဆိုနေတာကို အရှင်ဘုရား တစ်ခွန်းမှ ပြန်မပြော စိတ်လည်းမဆိုးဘူး။
အဲဒါ ဘာကြောင့်ပါလဲ ဘုရား ( သူ အမူးပြေပြီမို့ အရှင်တွေ၊ ဘုရားတွေ ခေါ်လာပြီ)
ရဟန်း…ဒကာတစ်ယောက်က ဘုန်းကြီးကို ပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါ ဘယ်သူ့ ပစ္စည်း ဖြစ်သွားမလဲ။
အမူးသမား….. ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီး ပစ္စည်း ဖြစ်သွားပြီးပေါ့ ဘုရား။
ရဟန်း……. ဒါဆို အဲဒီ ပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ။
အမူးသမား ..ဘုန်းကြီး လက်မခံရင် အဲဒီ ပစ္စည်းဟာ လှူတဲ့ သူရဲ့ ပစ္စည်း ပဲ ဖြစ်နေမှာပါပဲ။
ရဟန်း ……. အေး မင်းလမ်းတစ်လျှောက်လုံးမှာ အဆဲ အလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး။
ဒါကြောင့် အဲဒီအဆဲတွေ အာလုံးကို မင်းပိုင်သွားပြီး။
အိမ်ကို ပြန်ယူသွားပေတော့။
အမူးသမား .. တင်ပါ့ ဘုရား။
ဖေ့စ်ဘုတ်မှာ ဆဲလိုက်ရလို့ ကျေနပ်မနေကြပါနဲ့။
အဆဲတွေကို တစ်ဖက်သားက မယူဘူးဆိုရင် ဆဲသူထံ ပြန်ရောက်လာပါလိမ့်မယ်။
Credit -ဗန်းမော် သိန်းဖေ
မျှဝေလိုသော အတွေးများ


