ဇြန္လဆန္းမွာ မုတ္သုံေလ ျမန္မာတစ္ႏိုင္ငံလုံးသို႔ဝင္ေရာက္ျပီး မိုးရြာမည္




အေနာက္ေတာင္မုတ္သုံေလသည္ ဇြန္လ (၁ – ၅)ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ မ်ားသို႔လည္းေကာင္း၊ ဇြန္လ (၆ – ၁၀)ရက္အတြင္း ျမန္မာတစ္ႏိုင္ငံလုံးသို႔လည္းေကာင္း အသီးသီး ၀င္ေရာက္ႏိုင္ေၾကာင္း မိုးေလဝသ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန က ယေန႔သတင္းထုတ္ျပန္သည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္‌၀န္း (၂)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ (၁)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ‌ေရာက္ရွိႏိုင္ေၾကာင္း၊ ယင္းကာလ အတြင္း အေနာက္ေတာင္မုတ္သုံေလသည္ အားအသင့္အတင့္ ရွိႏိုင္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇြန္လ လပတ္အတြက္ မိုးေလ၀သခန္႔မွန္းခ်က္ အားမိုးဇလ မွ ထုတ္ျပန္ခဲ႔သည္။

စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ေလ်ာ့ နည္းႏိုင္ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ႐ြာသြန္း ၿမဲခန္႔ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၁၆)ရက္မွ (၂၁)ရက္ခန္႔ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ခ်င္း ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ (၁၀)ရက္မွ (၁၅)ရက္ခန္႔ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ေၾကာင္း မိုးဇလ ၏ သတင္းထုတ္ျပန္ခ်က္ တြင္ ပါရွိသည္။

Source_မိုးဇလ
Credit\ original
Unicode

အနောက်တောင်မုတ်သုံလေသည် ဇွန်လ (၁ – ၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များသို့လည်းကောင်း၊ ဇွန်လ (၆ – ၁၀)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့လည်းကောင်း အသီးသီး ၀င်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက် အားမိုးဇလ မှ ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်း မြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၁)ရက်ခန့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်း ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၀)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

Source_မိုးဇလ
Credit\ original

Recent Updates

Recent Posts Widget