mystylemyanmar
Unicode
အချစ်ဟာ ရုပ်သွင်ပြင်နဲ့ မဆိုင်ဘူးလို့ သက်သေပြလိုက်တဲ့ ဗီယက်နမ်စုံတွဲ
ချစ်သူကောင်လေးရဲ့ ရုပ်သွင်ပြင်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ဗီယက်နမ်စုံတွဲဟာ အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ အကြောင်း သက်သေပြလိုက်ပါတယ်နော် …။
ကောင်မလေးက သူ့ချစ်သူနဲ့ တွဲရိုက်ထားတဲ့ပုံတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် လူတွေဟာ မကောင်းတဲ့ ထင်မြင်ချက်တွေ အများကြီးပေးခဲ့ကြပါတယ်။
Comment အများစုက သူ့ကောင်လေးရဲ့ Overweight ဖြစ်နေတဲ့အပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ် …။
အချစ်ဟာ ရုပ်သွင်ပြင်နဲ့ မဆိုင်ဘူးလို့ သက်သေပြလိုက်တဲ့ ဗီယက်နမ်စုံတွဲတချို့က အဲဒီလိုကောမန့်တွေ ရေးသားလို့ ပုံတွေကို ပြန်ဖျက်သွားမယ်လို့ ထင်ခဲ့ကြပေမယ့် ကောင်မလေးကတော့ သူတို့နှစ်ယောက် Date တဲ့ပုံလေးတွေကို ဆက်ပြီးတင်ခဲ့ပါတယ် ….။
လူတစ်ယောက်ကို ချစ်မိဖို့ အတွက်ဆိုရင် သူ့ရဲ့ ကိုယ်အလေးချိန် ရုပ်ရည်သွင်ပြင်ဟာ အရေးမကြီးဘူးလို့လည်း ရေးသားခဲ့ပါတယ်။ အချစ်ဟာ ရုပ်သွင်ပြင်နဲ့ မဆိုင်ဘူးလို့ သက်သေပြလိုက်တဲ့ ဗီယက်နမ်စုံတွဲ သူတိုချစ်သူနှစ်ဦး လက်တွဲလာတာဟာ တစ်နှစ်ကျော် ၂ နှစ်နီးပါးလောက်ရှိပြီလို့ သိရပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ မှန်သလိုလိုပါပဲနော် ….။ ။
mystylemyanmar