ဖုန္း၀ယ္တဲ႔အခါ သတိထားသင့္တဲ႔ အခ်က္မ်ား။




အန္းဒ႐ြိဳက္စမတ္ ဖုန္း နဲ႔ အိုင္ဖုန္းေတြကိုတစ္ပတ္ရစ္ျပန္ ဝယ္တဲ့အခါမ်ိဳးေတြ၊တျခားသူဆီ ကေနေဈးေပါေပါနဲ႔ရတဲ့အခါျဖစ္ ေစဝယ္ယူတဲ့အခါ ျဖစ္ေစ ဖုန္းအ သစ္မွာယူတာျဖစ္ေစ တရားဝင္ အ လုံး ဟုတ္ မဟုတ္ အတုအစစ္ကို ေသခ်ာစိစစ္ ခြဲျခားစစ္ေဆးၿပီးမွ ဝယ္ယူသင့္ပါတယ္။

ဖုန္းအတြင္း အျပင္ဖီးခ်ားေတြ ကို တရားဝင္ အ လုံးဟုတ္မဟုတ္ စိစစ္ စစ္ေဆးပါ။ တရားမဝင္တဲ့ အ လုံးမ်ိဳး ျဖစ္ေနတဲ့ အခါမွာ မသမာ သူ တစ္ေယာက္သုံးခဲ့တဲ့ဖုန္းသာ ျဖစ္ေနမယ္ဆိုရင္ရဲ ေတြ စစ္ေဆး တဲ့ အပိုင္းေတြမ်ိဳး ရွိခဲ့ရင္ မိမိအေန နဲ႔အႏၲရာယ္ရွိႏိုင္တာ ေၾကာင့္ ေသ ခ်ာစစ္ေဆးၿပီး ဝယ္ယူ သင့္ ပါ တယ္။

ေနာက္ၿပီး တ႐ုတ္ျပည္ဘက္ ကဝင္တဲ့ အလုံးေတြမွာလည္း တ ရားမဝင္ အလုံးေတြ ေရာပါလာ တက္ သလိုေအာက္လုံးလို႔ ေခၚတဲ့ တျခားပစၥည္းေတြနဲ႔ လွ်ိဳ႕ဝွက္ေရာ သယ္လာတဲ့အလုံးေတြကလည္း ဖုန္းအတုေတြပါလာတတ္ပါတယ္။ ဖုန္းဆိုင္ႀကီးမွာဝယ္ယူတယ္ဆိုရင္ေတာင္ ဖုန္းအတြင္းအျပင္ဖီးခ်ားကို ေအာက္ပါအတိုင္း စိစစ္ စစ္ ေဆး ၿပီးမွသာဝယ္ယူသင့္ပါတယ္။

အန္းဒ႐ြိဳက္ ဖုန္းေတြကို စစ္ ေဆးဖို႔ ပထမ အ ခ်က္အေနနဲ႔ ဖုန္း ကိုယ္ထည္ ဖြဲ႕ စည္းထားပုံကို စစ္ ေဆး ပါ။ မူရင္း ဖုန္း နဲ႔ ႏႈိင္းယွဥ္ ၾကည့္ ပါ။ နာမည္ ႀကီးေဈးႀကီးတဲ့ စမတ္ဖုန္းေတာ္ ေတာ္မ်ားမ်ားက ေတာ့ အရည္အ ေသြးျမင့္တဲ့ပစၥည္း ေတြနဲ႔ျပဳလုပ္ထားတာကိုေတြ႕ရမွာ ပါ။ ဒုတိယ အ ခ်က္အေနနဲ႔ စမတ္ ဖုန္း ထုတ္ကုန္ ေတြရဲ႕ ဝက္ဘ္ဆိုက္ ထဲဝင္ၿပီး စစ္ ေဆးပါ။

ထပ္ၿပီး ေသခ်ာဖို႔ အတြက္ ကိုယ္ဝယ္ယူမယ့္ထုတ္ကုန္ရဲ႕ နာ မည္ကို အဲသည္ကုမဏီတံဆိပ္ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ထဲဝင္ၿပီး စစ္ေဆးပါ။

ဥပမာ ကိုယ္ဝယ္ယူမယ့္ဖုန္း အမ်ိဳး အစားက ဆမ္ေဆာင္းဖုန္း ဆိုရင္ ဆမ္ေဆာင္းဖုန္းအမ်ားစုရဲ႕ ဖုန္းစခရင္က ဖန္နဲ႔ ျပဳလုပ္ထား တာကိုအေျခခံတာေၾကာင့္ ကိုယ္ ဝယ္ ယူမယ့္ ဖုန္းစခရင္က ပလတ္ စတစ္ျဖစ္ေနရင္ေတာ့ ကလုန္း ျဖစ္ ဖို႔ ေသခ်ာေနပါၿပီ။

တတိယအခ်က္အေနနဲ႔ဖုန္း အတြင္းပိုင္းကေဆာ့ဖ္ဝဲနဲ႔ တျခား ျပင္ပအေသးစိတ္ ေဖာ္ျပခ်က္ေတြကိုစစ္ေဆးပါ။ ဖုန္းကို ပါကင္ပိတ္ ထားတဲ့ဘူးခြံကို စစ္ေဆးပါ။ထုတ္ ကုန္ရဲ႕အေသးစိတ္ေဖာ္ျပခ်က္ေတြကိုပါကင္ပိတ္ထားတဲ့ဘူးခြံရ ေက်ာဘက္မွာေတြ႕ရမွာ ျဖစ္ပါ တယ္။ အဲသည္အခ်က္ေတြနဲ႔ဖုန္း အ တြင္းပိုင္းထဲကေဖာ္ျပခ်က္ ေတြ ကိုႏႈိင္းယွဥ္စစ္ေဆးပါ။ ဖုန္းတြင္း settings > about phone ထဲဝင္ ၾကည့္ ၿပီး ႏႈိင္း ယွဥ္ပါ။ တကယ္လို႔ အေသးစိတ္ အခ်က္အလက္ေတြ ကမတူညီဘဲ ကြဲျပားေနရင္ေတာ့ ကလုန္းျဖစ္ဖို႔ ေသခ်ာေနပါၿပီ။

ဝယ္ယူမယ့္ဖုန္းကပါကင္ဘူးခြံမပါဘူးဆိုရင္ေတာ့အြန္လိုင္းေပၚကေန kenGSM Arena ဝက္ဘ္ ဆိုက္ထဲ ဝင္စစ္ေဆးၿပီး တိုက္ၾကည့္ပါ။ အဲ သည္ဝက္ဘ္ဆိုက္က မိုဘိုင္းလ္ ဖုန္း ေတာ္ ေတာ္မ်ားမ်ားရဲ႕အေသး စိတ္ ေဖာ္ျပခ်က္ေတြကို တင္ျပ ထား တဲ့ ဆိုက္ျဖစ္ပါတယ္။

ဘယ္ဖုန္းမဆိုအန္းဒ႐ြိဳက္ျဖစ္ ေစအိုင္အိုအက္စ္ျဖစ္ေစ အိုင္အမ္ အီးအိုင္(IMEI) လို႔ေခၚတဲ့ တရား ဝင္နံပါတ္ ပါဝင္ၿပီးသား ျဖစ္ပါ တယ္။ ဒါေပမဲ့ ဖုန္းေမာ္ဒယ္လ္ အစစ္ ျဖစ္မွ သာ နံပါတ္က တရားဝင္ ျဖစ္ပါတယ္။ဒါ့ေၾကာင့္အိုင္အမ္အီးအိုင္ကုတ္နံပါတ္ကို စစ္ေဆးရ မွာ ပါ။အန္းဒ႐ြိဳက္ဖုန္းေတြ အတြက္ကေတာ့ စမတ္ဖုန္းရဲ႕ေက်ာဘက္မွာ ကုတ္နံပါတ္ကို ေဖာ္ျပေပးထား တက္ပါတယ္။

ေက်ာဘက္မွာမေတြ႕ရဘူးဆိုရင္ေတာ့ ဖုန္း Settings > About > Status ထဲမွာအိုင္အမ္အီးအိုင္ IMEI ရဲ႕ အခ်က္အလက္ ေတြကို ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ တစ္မ်ိဳးအေနနဲ႔ဖုန္းေခၚဆိုတဲ့အိုင္ ကြန္းထဲမွာ *#06# ႏွိပ္လိုက္ရင္ ဖုန္းရဲ႕ အိုင္အမ္အီးအိုင္ကုတ္ ကို ေတြ႕ ျမင္ႏိုင္မွာပါ။ အိုင္အမ္အီးအိုင္ မွာ တျခားဖုန္းအမ်ိဳးအစား ေဖာ္ျပထားၿပီး ကိုယ့္ဖုန္းနဲ႔မတူရင္ေတာ့ ကလုန္းျဖစ္ေနတဲ့ ဖုန္းအတုဆိုတာ အေသခ်ာပါပဲ။

စတုတၳအခ်က္အေနနဲ႔ဖုန္းရဲ႕ third-party app ကို စစ္ေဆးပါ။ စစ္ေဆးဖို႔အတြက္အန္းဒ႐ြိဳက္ဖုန္း ဆိုရင္ ဂူးဂဲလ္ပေလးစတိုးကေန Antutu Benchmark ကို ေဒါင္း လုတ္ဆြဲပါ။သူ႔ရဲ႕  logo ပုံစံကေတာ့ အန္းဒ႐ြိဳက္ ႐ုပ္ပုံနဲ႔ ေနာက္ခံမီး ေတာက္ေနတဲ့အက္ပ္ျဖစ္ပါတယ္။ အဲသည္အက္ပ္က ကိုယ္ဝယ္ယူ မယ့္ဖုန္းရဲ႕ speed အျမန္ႏႈန္းနဲ႔ အေသးစိတ္ အခ်က္အလက္ေတြကိုေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ တ ကယ္လို႔ တျခားထုတ္ကုန္ဖုန္းရဲ႕ နာမည္ျဖစ္ေၾကာင္း ျပေနရင္ေတာ့ ကိုယ့္ရဲ႕ဖုန္းက ကလုန္းျဖစ္ေနပါၿပီ။ ဝယ္ယူမယ့္ဖုန္းကအိုင္ဖုန္းဆိုရင္ အမွတ္စဥ္နံပါတ္ေတြကို စစ္ေဆး ပါ။ နံပါတ္ေတြကိုစစ္ေဆးဖို႔ အက္ ပဲလ္ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ထဲ ဝင္ၾကည့္ပါ။နံပါတ္ကိုသိခ်င္ရင္ အဲ့ သည္ဖုန္းရဲ႕ Settings ထဲ က Ge-neral >About phone ထဲဝင္ ပါ။ ရွာမေတြ႕ရင္ https:// selfsolve. apple. com/agreement Warr-antyDynamic.do ထဲဝင္ၾကည့္ ႏိုုင္ပါ တယ္။ အဲသည္မွာဖုန္းရဲ႕ အာ မခံ အေၾကာင္းအရာေတြပါ ေတြ႕ ရမွာ ျဖစ္ပါတယ္။

စစ္ေဆးတဲ့အခါ “We, re sorry, but this serial number is not valid. Please check your information and try again” လို႔ မက္ေဆ့ခ်္စာသား ေဖာ္ ျပ ေနရင္ေတာ့ ကိုယ့္ဝယ္ယူမယ့္ ဖုန္းက ကလုန္းျဖစ္ေနတဲ့ဖုန္း အ တု ပါပဲ။

အိုင္ဖုန္း

အိုင္ဖုန္းကေတာ့တရားဝင္ ဆိုင္ႀကီးေတြမွာဝယ္ယူမယ္ဆိုရင္ေတာ့သိပ္မစိုးရိမ္ရပါဘူး။ ဒါေပမဲ့ အိုင္ဖုန္းအလုံးေတြက ပါကင္ပိတ္ ျဖစ္တာေၾကာင့္ ဝယ္ယူၿပီးရင္ လည္း စစ္ေဆးသင့္ပါတယ္။ ေဆာ့ဖ္ဝဲကို စစ္ေဆးပါ။ ကလုန္း ဆိုရင္အိုင္ အိုအက္စ္စနစ္ကို အသုံး မျပဳထားတာေၾကာင့္ ျဖစ္ပါတယ္။

အိုင္ကြၽန္း (iTunes)ကေန ခ်ိတ္ဆက္ၿပိီႍး i Cloudအေကာင့္ကိုအသုံးျပဳကာကလုန္းဟုတ္မဟုတ္ စခ႐ိုႏိုက္စ္လုပ္ၿပီး စစ္ေဆးရမွာ ျဖစ္ပါတယ္။

တရားမဝင္အလုံးဆိုရင္ အ ျပင္ပိုင္းဒီဇိုင္းကတစ္ေထရာျဖစ္ ေနတက္ေပမဲ့ အထဲက လုပ္ေဆာင္ ခ်က္ပိုင္းေတြ ကြာျခားပါလိမ့္မယ္။ လက္ေဗြရာမွာဆိုရင္လည္းလက္မနဲ႔ fingerprint လုပ္ထားတယ္ ဆိုရင္အတုကလက္ေခ်ာင္းအစုံနဲ႔ ဖြင့္လိုရေပမယ့္ အစစ္ဆိုရင္ ေတာ့ လက္တစ္ေခ်ာင္းထဲနဲ႔ပဲ ပြင့္မွာ ျဖစ္ ပါတယ္။အိုင္စီ၊ခ်ိပ္စ္၊ကင္မရာ၊အ ေလးခ်ိန္ကိုယ္ထည္ ကြာျခားတာ ကိုေတြ႕ရပါလိမ့္မယ္။

Via: ေမဘယ္လ္

(Unicode)
အန်းဒရွိုက်စမတ် ဖုန်း နဲ့ အိုင်ဖုန်းတွေကိုတစ်ပတ်ရစ်ပြန် ဝယ်တဲ့အခါမျိုးတွေ၊တခြားသူဆီ ကနေဈေးပေါပေါနဲ့ရတဲ့အခါဖြစ် စေဝယ်ယူတဲ့အခါ ဖြစ်စေ ဖုန်းအ သစ်မှာယူတာဖြစ်စေ တရားဝင် အ လုံး ဟုတ် မဟုတ် အတုအစစ်ကို သေချာစိစစ် ခွဲခြားစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။



ဖုန်းအတွင်း အပြင်ဖီးချားတွေ ကို တရားဝင် အ လုံးဟုတ်မဟုတ် စိစစ် စစ်ဆေးပါ။ တရားမဝင်တဲ့ အ လုံးမျိုး ဖြစ်နေတဲ့ အခါမှာ မသမာ သူ တစ်ယောက်သုံးခဲ့တဲ့ဖုန်းသာ ဖြစ်နေမယ်ဆိုရင်ရဲ တွေ စစ်ဆေး တဲ့ အပိုင်းတွေမျိုး ရှိခဲ့ရင် မိမိအနေ နဲ့အန္တရာယ်ရှိနိုင်တာ ကြောင့် သေ ချာစစ်ဆေးပြီး ဝယ်ယူ သင့် ပါ တယ်။

နောက်ပြီး တရုတ်ပြည်ဘက် ကဝင်တဲ့ အလုံးတွေမှာလည်း တ ရားမဝင် အလုံးတွေ ရောပါလာ တက် သလိုအောက်လုံးလို့ ခေါ်တဲ့ တခြားပစ္စည်းတွေနဲ့ လျှို့ဝှက်ရော သယ်လာတဲ့အလုံးတွေကလည်း ဖုန်းအတုတွေပါလာတတ်ပါတယ်။ ဖုန်းဆိုင်ကြီးမှာဝယ်ယူတယ်ဆိုရင်တောင် ဖုန်းအတွင်းအပြင်ဖီးချားကို အောက်ပါအတိုင်း စိစစ် စစ် ဆေး ပြီးမှသာဝယ်ယူသင့်ပါတယ်။

အန်းဒရွိုက် ဖုန်းတွေကို စစ် ဆေးဖို့ ပထမ အ ချက်အနေနဲ့ ဖုန်း ကိုယ်ထည် ဖွဲ့ စည်းထားပုံကို စစ် ဆေး ပါ။ မူရင်း ဖုန်း နဲ့ နှိုင်းယှဉ် ကြည့် ပါ။ နာမည် ကြီးဈေးကြီးတဲ့ စမတ်ဖုန်းတော် တော်များများက တော့ အရည်အ သွေးမြင့်တဲ့ပစ္စည်း တွေနဲ့ပြုလုပ်ထားတာကိုတွေ့ရမှာ ပါ။ ဒုတိယ အ ချက်အနေနဲ့ စမတ် ဖုန်း ထုတ်ကုန် တွေရဲ့ ဝက်ဘ်ဆိုက် ထဲဝင်ပြီး စစ် ဆေးပါ။

ထပ်ပြီး သေချာဖို့ အတွက် ကိုယ်ဝယ်ယူမယ့်ထုတ်ကုန်ရဲ့ နာ မည်ကို အဲသည်ကုမဏီတံဆိပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ထဲဝင်ပြီး စစ်ဆေးပါ။



ဥပမာ ကိုယ်ဝယ်ယူမယ့်ဖုန်း အမျိုး အစားက ဆမ်ဆောင်းဖုန်း ဆိုရင် ဆမ်ဆောင်းဖုန်းအများစုရဲ့ ဖုန်းစခရင်က ဖန်နဲ့ ပြုလုပ်ထား တာကိုအခြေခံတာကြောင့် ကိုယ် ဝယ် ယူမယ့် ဖုန်းစခရင်က ပလတ် စတစ်ဖြစ်နေရင်တော့ ကလုန်း ဖြစ် ဖို့ သေချာနေပါပြီ။

တတိယအချက်အနေနဲ့ဖုန်း အတွင်းပိုင်းကဆော့ဖ်ဝဲနဲ့ တခြား ပြင်ပအသေးစိတ် ဖော်ပြချက်တွေကိုစစ်ဆေးပါ။ ဖုန်းကို ပါကင်ပိတ် ထားတဲ့ဘူးခွံကို စစ်ဆေးပါ။ထုတ် ကုန်ရဲ့အသေးစိတ်ဖော်ပြချက်တွေကိုပါကင်ပိတ်ထားတဲ့ဘူးခွံရ ကျောဘက်မှာတွေ့ရမှာ ဖြစ်ပါ တယ်။ အဲသည်အချက်တွေနဲ့ဖုန်း အ တွင်းပိုင်းထဲကဖော်ပြချက် တွေ ကိုနှိုင်းယှဉ်စစ်ဆေးပါ။ ဖုန်းတွင်း settings > about phone ထဲဝင် ကြည့် ပြီး နှိုင်း ယှဉ်ပါ။ တကယ်လို့ အသေးစိတ် အချက်အလက်တွေ ကမတူညီဘဲ ကွဲပြားနေရင်တော့ ကလုန်းဖြစ်ဖို့ သေချာနေပါပြီ။

ဝယ်ယူမယ့်ဖုန်းကပါကင်ဘူးခွံမပါဘူးဆိုရင်တော့အွန်လိုင်းပေါ်ကနေ kenGSM Arena ဝက်ဘ် ဆိုက်ထဲ ဝင်စစ်ဆေးပြီး တိုက်ကြည့်ပါ။ အဲ သည်ဝက်ဘ်ဆိုက်က မိုဘိုင်းလ် ဖုန်း တော် တော်များများရဲ့အသေး စိတ် ဖော်ပြချက်တွေကို တင်ပြ ထား တဲ့ ဆိုက်ဖြစ်ပါတယ်။

ဘယ်ဖုန်းမဆိုအန်းဒရွိုက်ဖြစ် စေအိုင်အိုအက်စ်ဖြစ်စေ အိုင်အမ် အီးအိုင်(IMEI) လို့ခေါ်တဲ့ တရား ဝင်နံပါတ် ပါဝင်ပြီးသား ဖြစ်ပါ တယ်။ ဒါပေမဲ့ ဖုန်းမော်ဒယ်လ် အစစ် ဖြစ်မှ သာ နံပါတ်က တရားဝင် ဖြစ်ပါတယ်။ဒါ့ကြောင့်အိုင်အမ်အီးအိုင်ကုတ်နံပါတ်ကို စစ်ဆေးရ မှာ ပါ။အန်းဒရွိုက်ဖုန်းတွေ အတွက်ကတော့ စမတ်ဖုန်းရဲ့ကျောဘက်မှာ ကုတ်နံပါတ်ကို ဖော်ပြပေးထား တက်ပါတယ်။

ကျောဘက်မှာမတွေ့ရဘူးဆိုရင်တော့ ဖုန်း Settings > About > Status ထဲမှာအိုင်အမ်အီးအိုင် IMEI ရဲ့ အချက်အလက် တွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက် တစ်မျိုးအနေနဲ့ဖုန်းခေါ်ဆိုတဲ့အိုင် ကွန်းထဲမှာ *#06# နှိပ်လိုက်ရင် ဖုန်းရဲ့ အိုင်အမ်အီးအိုင်ကုတ် ကို တွေ့ မြင်နိုင်မှာပါ။ အိုင်အမ်အီးအိုင် မှာ တခြားဖုန်းအမျိုးအစား ဖော်ပြထားပြီး ကိုယ့်ဖုန်းနဲ့မတူရင်တော့ ကလုန်းဖြစ်နေတဲ့ ဖုန်းအတုဆိုတာ အသေချာပါပဲ။

စတုတ္ထအချက်အနေနဲ့ဖုန်းရဲ့ third-party app ကို စစ်ဆေးပါ။ စစ်ဆေးဖို့အတွက်အန်းဒရွိုက်ဖုန်း ဆိုရင် ဂူးဂဲလ်ပလေးစတိုးကနေ Antutu Benchmark ကို ဒေါင်း လုတ်ဆွဲပါ။သူ့ရဲ့  logo ပုံစံကတော့ အန်းဒရွိုက် ရုပ်ပုံနဲ့ နောက်ခံမီး တောက်နေတဲ့အက်ပ်ဖြစ်ပါတယ်။ အဲသည်အက်ပ်က ကိုယ်ဝယ်ယူ မယ့်ဖုန်းရဲ့ speed အမြန်နှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။ တ ကယ်လို့ တခြားထုတ်ကုန်ဖုန်းရဲ့ နာမည်ဖြစ်ကြောင်း ပြနေရင်တော့ ကိုယ့်ရဲ့ဖုန်းက ကလုန်းဖြစ်နေပါပြီ။ ဝယ်ယူမယ့်ဖုန်းကအိုင်ဖုန်းဆိုရင် အမှတ်စဉ်နံပါတ်တွေကို စစ်ဆေး ပါ။ နံပါတ်တွေကိုစစ်ဆေးဖို့ အက် ပဲလ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်ပါ။နံပါတ်ကိုသိချင်ရင် အဲ့ သည်ဖုန်းရဲ့ Settings ထဲ က Ge-neral >About phone ထဲဝင် ပါ။ ရှာမတွေ့ရင် https:// selfsolve. apple. com/agreement Warr-antyDynamic.do ထဲဝင်ကြည့် နိုုင်ပါ တယ်။ အဲသည်မှာဖုန်းရဲ့ အာ မခံ အကြောင်းအရာတွေပါ တွေ့ ရမှာ ဖြစ်ပါတယ်။

စစ်ဆေးတဲ့အခါ “We, re sorry, but this serial number is not valid. Please check your information and try again” လို့ မက်ဆေ့ချ်စာသား ဖော် ပြ နေရင်တော့ ကိုယ့်ဝယ်ယူမယ့် ဖုန်းက ကလုန်းဖြစ်နေတဲ့ဖုန်း အ တု ပါပဲ။

အိုင်ဖုန်း

အိုင်ဖုန်းကတော့တရားဝင် ဆိုင်ကြီးတွေမှာဝယ်ယူမယ်ဆိုရင်တော့သိပ်မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ အိုင်ဖုန်းအလုံးတွေက ပါကင်ပိတ် ဖြစ်တာကြောင့် ဝယ်ယူပြီးရင် လည်း စစ်ဆေးသင့်ပါတယ်။ ဆော့ဖ်ဝဲကို စစ်ဆေးပါ။ ကလုန်း ဆိုရင်အိုင် အိုအက်စ်စနစ်ကို အသုံး မပြုထားတာကြောင့် ဖြစ်ပါတယ်။

အိုင်ကျွန်း (iTunes)ကနေ ချိတ်ဆက်ပြီႍး i Cloudအကောင့်ကိုအသုံးပြုကာကလုန်းဟုတ်မဟုတ် စခရိုနိုက်စ်လုပ်ပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။

တရားမဝင်အလုံးဆိုရင် အ ပြင်ပိုင်းဒီဇိုင်းကတစ်ထေရာဖြစ် နေတက်ပေမဲ့ အထဲက လုပ်ဆောင် ချက်ပိုင်းတွေ ကွာခြားပါလိမ့်မယ်။ လက်ဗွေရာမှာဆိုရင်လည်းလက်မနဲ့ fingerprint လုပ်ထားတယ် ဆိုရင်အတုကလက်ချောင်းအစုံနဲ့ ဖွင့်လိုရပေမယ့် အစစ်ဆိုရင် တော့ လက်တစ်ချောင်းထဲနဲ့ပဲ ပွင့်မှာ ဖြစ် ပါတယ်။အိုင်စီ၊ချိပ်စ်၊ကင်မရာ၊အ လေးချိန်ကိုယ်ထည် ကွာခြားတာ ကိုတွေ့ရပါလိမ့်မယ်။

Via: မေဘယ်လ်

Recent Updates

Recent Posts Widget