ေဝဒနာ အရမ္းခံစားေနရတာေၾကာင့္ အသက္မရွင္ခ်င္ေတာ့တဲ့ “ဦးမန္းဝင္း”




ေဝဒနာ အရမ္းခံစားေနရတာေၾကာင့္ အသက္မရွင္ခ်င္ေတာ့တဲ့  “ဦးမန္းဝင္း”

လူ႐ႊင္ေတာ္ ဦးမန္းဝင္းကေတာ့ အႏုပညာေလာကမွာ ဆယ္စုႏွစ္ကတည္းက သူ႔ရဲ႕ ပီျပင္ၿပီး ရသေျမာက္တဲ့ ျပက္လုံးေတြနဲ႔ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာ ရရွိပိုင္ဆိုင္ထားတဲ့ ဟာသ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ အသက္အ႐ြယ္နဲ႔ က်န္းမာေရး အေျခအေနေၾကာင့္ သ႐ုပ္ေဆာင္ အလုပ္ေတြကို ရပ္နားထားရၿပီး အႏုပညာ အလုပ္ေတြနဲ႔ ကင္းကြာေနရတာလည္း ျဖစ္ပါတယ္။ ဦးမန္းဝင္းဟာ ေက်ာ္ကပ္ေရာဂါကို အျပင္းအထန္ ခံစားေနရျပီး ကိုယ္စိတ္ မခ်မ္းသာ ျဖစ္ေနရပါတယ္။

လာေခၚတဲ့သူမရွိလို႔ အိမ္မွာျငီးေငြ ့ ေနရတဲ့ ဦးမန္းဝင္းဟာ ကြၽန္ေတာ့ကို ေခၚၾကပါ. .၊ပိုက္ဆံေပးစရာ မလိုပါဘူး။ ဟာသေတြ ျပတ္ႏိုင္ပါေသးတယ္လို့ ေျပာခဲ့သည္အထိ အနုပညာအေပၚ ေပးဆပ္လြန္းသူ တစ္ေယာက္လဲျဖစ္ပါတယ္။

မ်က္လံုး ေသြးေၾကာေတြ ေပါက္လို႔ မျမင္ရေတာ့တဲ့ အခ်ိန္မွာ ေက်ာက္ကပ္ေရာဂါ ေ၀ဒနာ ခံစားေနရပါတယ္။

ေဝဒနာက နိွပ္စက္တာေျကာင့္တဲ့ အသက္ဆက္မရွင္ခ်င္ေအာင္ ခံစားေနရတယ္လို့ လူရႊင္ေတာ္ျကီး ဦးမန္းဝင္းက ဝမ္းနည္းစြာ ေျပာျပခဲ့ပါတယ္။

ရုပ္သံၾကည့္ရန္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္

Credit –padonmar

Unicode

ဝေဒနာအရမ်းခံစားနေရတာကြောင့် အသက်မရှင်ချင်တော့တဲ့ ဦးမန်းဝင်း

လူရွှင်တော် ဦးမန်းဝင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကတည်းက သူ့ရဲ့ ပီပြင်ပြီး ရသမြောက်တဲ့ ပြက်လုံးတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ ဟာသ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် သရုပ်ဆောင် အလုပ်တွေကို ရပ်နားထားရပြီး အနုပညာ အလုပ်တွေနဲ့ ကင်းကွာနေရတာလည်း ဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ကျော်ကပ်ရောဂါကို အပြင်းအထန် ခံစားနေရပြီး ကိုယ်စိတ် မချမ်းသာ ဖြစ်နေရပါတယ်။

လာခေါ်တဲ့သူမရှိလို့ အိမ်မှာငြီးငွေ ့ နေရတဲ့ ဦးမန်းဝင်းဟာ ကျွန်တော့ကို ခေါ်ကြပါ. .၊ပိုက်ဆံပေးစရာ မလိုပါဘူး။ ဟာသတွေ ပြတ်နိုင်ပါသေးတယ်လို့ ပြောခဲ့သည်အထိ အနုပညာအပေါ် ပေးဆပ်လွန်းသူ တစ်ယောက်လဲဖြစ်ပါတယ်။

မျက်လုံး သွေးကြောတွေ ပေါက်လို့ မမြင်ရတော့တဲ့ အချိန်မှာ ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားနေရပါတယ်။

ဝေဒနာက နှိပ်စက်တာကြောင့်တဲ့ အသက်ဆက်မရှင်ချင်အောင် ခံစားနေရတယ်လို့ လူရွှင်တော်ကြီး ဦးမန်းဝင်းက ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။

ရုပ်သံကြည့်ရန် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်

Credit –padonmar

Recent Updates

Recent Posts Widget