Credit-စွယ်စုံ
Unicode
Broken Family ဖြစ်ခဲ့ရတာနဲ့ပက်သက်ပြီး သူမရဲ့ခံစားချက်တွေကို မိဘတွေကို ပြောပြလိုက်တဲ့ မေသက်ခိုင်
သရုပ်ဆောင်မေသက်ခိုင်တစ်ယောက် အနုပညာအလုပ်တွေ အရင်လိုအများကြီးမလုပ်ဖြစ်ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက
ယနေ့ထက်တိုင် အများအပြားရှိနေဆဲပါပဲ။ ချစ်စရာကောင်းပြီး အရုပ်မလေးနဲ့တူတဲ့ မေသက်ခိုင်တစ်ယောက် အပြုံးချိုချိုလေးတွေက ယနေ့ထက်တိုင် ဖမ်းစားနိုင်နေဆဲဆိုတာတော့ အသေအချာပါပဲ။
သူမဟာ Broken Family မှာ ကြီးပြင်းခဲ့ရသူတစ်ယောက်ဖြစ်ပြီး မိသားစုနဲ့ပက်သက်ပြီး သူမခံစားခဲ့ရတဲ့ ခံစားချက်တစ်ချို့ကို မိခင်နဲ့ဖခင်ကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
သားသမီးတိုင်းဟာ အဖေ အမေနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပဲ လိုချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Broken Family ဖြစ်ခဲ့ရရင်လဲ ငြင်းပိုင်ခွင့်မရှိပဲ လက်ခံရစမြဲပါပဲ။
သူမရဲ့ခံစားချက်တစ်ချို့ကို ” ဘဝကို အေးအေးချမ်းချမ်းလေးပဲဖြတ်သန်းသွားချင်တယ် အဖေသည်လည်း အဖေ့ခံစားချက်နဲ့အဖေမှန်တယ် အမေသည်လည်း
အမေ့ခံစားချက်နဲ့အမေမှန်တယ် သမီးသည်လည်း သမီးခံစားချက်နဲ့ ချစ်ပေးဂရုစိုက်ပေးနေသည့်တိုင် မချစ်ဘူး ဂရုမစိုက်ဘူးဆိုတဲ့စိတ်ကအမြဲရှိခဲ့တယ်
(broken family က သားသမီးတိုင်း ဒီလိုခံစားချက်မျိုးကရှိတာပါပဲ)
အဲ့ဒီအတွက် အမှားတွေလည်းများခဲ့တယ် အဖေနဲ့က တစ်သက်လုံးမှ ၂ လလောက်ပဲအတူရှိတာဆိုတော့ အဖေ့စိတ်ကိုလည်းသေချာနားမလည်ခဲ့မိဘူး
အဖေရောအမေရော သမီးကြောင့်စိတ်အနှောက်အယှက်လည်းမဖြစ်စေချင်ပါဘူး အထင်လွဲခဲ့မိတာတွေအတွက်လည်းတောင်းပန်ပါတယ်
မေတ္တာတရားတွေအတွက်လည်းကျေးဇူးတင်ပါတယ်” ဆိုပြီး ရင်ဖွင့်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေ မေသက်ခိုင်လေးရေ။
Credit-စွယ်စုံ




