ဘာတွေဖြစ်ကုန်ပြီလဲ.. ၈ နှစ်အရွယ် မိန်းကလေးကို ကလေးနှစ်ဦးက မုဒိန်းကျင့်လို့တဲ့
ကလေး ကလေး ဆိုပြီး ဒါမျိုးကျတော့ သိတယ် တတ်တယ်
ပေါင် မေ၂၃
အသက်၈နှစ်အရွယမိန်ကလေး အား အသက်မပြည့်သေးသူ လူငယ်၂ဦးက အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ရာမှ မိန်းမကိုယ် ပြည်တယ် နာကျင်နေသဖြင့်အဖွားဖြစ်သူကရဲတိုင်ခဲ့မှု ပေါင်မြို့ပေါ် ပေါင်းရပ်ကွက်၌ဖြစ်ပွားခဲ့သည်
မိဘများ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်နေသဖြင့် အဖိုး အဖွား စောင့်ရှောက်ထားသူအသက်၈နှစ်အရွယ် မ ××× ကို အဖွားဖြစ်သူ မရှိခိုက် နေအိမ်တွင်လည်းကောင်း အခြားအိမ်သို့ခေါ်၍လည်းအကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့မှုဖြစ်သည်။
ပေါင်မြို့ ပေါင်းရပ်ကွက် ၀င်းခလုံး ပိုင်းနေ ဒေါ်ထွေးလေး သည်မြ၀တီမြို့သို့ ငပိ သွားရောင်းနေရာက မေလ ၁၁ ရက်တွင်ပြန်လာကြောင်း မြေးဖြစ်သူ အသက်၈နှစ်သာရှိသေးသော မ××မှာ ကွတကွတဖြင့်လမ်းလျောက်နေသဖြင့် မသင်္ကာ ၍၎င်းအိပ်နေစဉ်ဘောင်းဘီချွတ်ကြည့်ခဲ့ကြောင်း မိန်းမကိုယ်တွင်ပြည်စို့နေသည်ကိုတွေ့ရပြီး စနာနေသည်ဟုပြောဆိုခဲ့ကြောင်း အဖိုးဖြစ်သူက ချော့မေးခဲ့စဉ် မ××× က၎င်းအား အိမ်နီးချင်း ခိုင်ကိုသက်နှင့် ထွန်းထွန်းဝင်းတို့က တစ်ယောက်က ၉ ကြိမ် တစ်ယောက်က ၂ ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း သိရပြီး ရဲစခန်းသို့ ဒေါ်ထွေးလေးက တိုင်တန်းခဲ့ရာ
ပေါင်ရဲစခန်း (ပ)၁၇၀၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ မောင်ထွန်းထွန်းဝင်း(ခ)မင်းခန့်ကျော် ၁၄ နှစ် (ဘ)ဦးခင်အောင်ဝင်းခလုံး ပေါင်းရပ်ကွက်နေသူနှင့် ခိုင်ကိုသက် ၁၅နှစ် (ဘ)ဦးသက်ေ၀၀င်းခလုံး ပေါင်းရပ်ကွက် နေသူတို့အား အရေးယူထားသည်
ပေါင်ရဲစခန်းနယ်မြေအတွင်း၌ ကမာဘီကျေးရွာမှမိန်းကလေးကို အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်သွား ပြီးမုဒိမ်းပြုကျင့်ခဲ့မှုတစ်ခု ၊ ကျွဲခြံရွာမှအသက်မပြည့်သေးသူ မိန်းကလေးများအားကော့ကရင်ရွာမှ လူငယ်၂ဦးက အတည်ယူမည်ဆိုကာလိမ်လည်ခေါ်သွားပြီး အစာဝ ၍ပြန်လွှတ်ပြီးပစ်ထားသည့်မုဒိမ်းဖြစ်စဉ်၂ခု နှင့်ယခုအမှု တို့ စုစုပေါင်း ၄ခု တစ်လအတွင်းဖြစ်ပွားခဲ့သည်။
Paung Daily


