ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ရိုက္ကူးေရးမစျဖစ္ေသးတဲ့အေပၚ ေျပာျပလာတဲ့ လူမင္း




ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ရိုက္ကူးေရးမစျဖစ္ေသးတဲ့အေပၚ ေျပာျပလာတဲ့ လူမင္း

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ျပင္ဆင္မႈေတြ မၿပီးေသးတဲ့အတြက္ ရိုက္ကူးေရးမစနိုင္ေသးဘူးလို႔ ေျပာတဲ့ ဒါရိုက္တာလူမင္းက ဒီကားကို ၂၁၀၉ခုႏွစ္ထဲမွာေတာ့ ရိုက္ကူးေရးစတင္မွာလို႔ ေသခ်ာပါတယ္လို႔ ဆိုပါတယ္။“ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္က အရမ္းခက္ခဲပါတယ္။ ဇာတ္ၫႊန္းပိုင္းဆိုင္ရာမွာေရာ သ႐ုပ္ေဆာင္ေတြေ႐ြးခ်ယ္တဲ့ ေနရာမွာေရာေပါ့ေနာ္။ ဗိုလ္ခ်ဳပ္တေယာက္ကို ေ႐ြးခ်ယ္ၿပီး႐ုံနဲ႕မွမရတာ အထင္ကရနိုင္ငံေရးသမားႀကီးေတြ ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ သ႐ုပ္ေဆာင္မရေသးဘူး”“လူသူအင္အား၊ လက္နက္အင္အားေတြနဲ႕ ရိုက္ရမွာေတြ၊ ဒီဘက္ေခတ္ အေျခအေနမွာ ျမင္ေနရတဲ့ ေနရာေတြကို ဟိုဘက္ေခတ္လိုျဖစ္ေအာင္ကြန္ပ်ဴတာ အထူးျပဳလုပ္ခ်က္ေတြ အတြက္ ပညာရွင္ေတြနဲ႕ တိုင္ပင္ရတဲ့အပိုင္းေတြ ျပင္ဆင္ေရးအပိုင္းေတြ မၿပီးမၿပီးနဲ႕ ျဖစ္ေနတဲ့အတြက္ ရိုက္ကူးေရးကို မစနိုင္ေသးတာပါ”

“ ေသခ်ာတာကေတာ့ ဒီႏွစ္ထဲ ရိုက္ျဖစ္မွာပါ။ အေမစုနဲ႕ ဒီလထဲမွာ ေတြ႕ဖို႔ရွိပါတယ္။ ေတြ႕ျဖစ္ရင္ေတာ့ တင္ျပစရာေတြ တင္ျပမွာပါ ” လို႔ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ရိုက္ကူးမယ့္ ဒါရိုက္တာ လူမင္းက ေျပာပါတယ္။ျမန္မာနိုင္ငံက ရိုက္ကြင္းေတြမွာ အာမခံမရွိတဲ့ အေပၚ သ႐ုပ္ေဆာင္လူမင္းက တျဖည္းျဖည္းနဲ႕ေတာ့ လိုအပ္ခ်က္ေတြ ျဖည့္ရင္း ေျပာင္းလဲတိုးတက္လာတာေတြ ေတြ႕ရမွာပါလို႔ ဆိုပါတယ္။“ ဒါရိုက္တာ ကိုေပါက္ရိုက္တဲ့ ကားေလးကို ၾကည့္ျဖစ္တယ္။ ဘန္ေကာက္မွာ သြားရိုက္တယ္။ တရားဝင္ခြင့္ျပဳခ်က္ ေတြနဲ႕ ရိုက္ခဲ့တယ္။ ဟိုဘက္က သ႐ုပ္ေဆာင္ေတြလည္းပါတယ္ေပါ့။ တကယ့္ေဖ်ာ္ေျဖမႈေပးနိုင္တဲ့ ကားေလး တကားပါ။ သူတို႔ ရိုက္ကြင္းအတြက္ အာမခံထားၾကတယ္။ အဲ့လိုပဲျဖစ္သင့္တာေပါ့”

“ ရိုက္ကြင္းတခုမွာပါတဲ့သူေတြ အားလုံးရဲ႕ က်န္းမာေရး စားေရးေသာက္ေရးအားလုံးကို Productor ဘက္က တာဝန္ယူမႈ အျပည့္ရွိရမွာေပါ့။ က်ေနာ္တို႔ဆီမွာကေတာ့ သူ႕ဟာနဲ႕သူ ေပါ့ေနာ္။ ရိုက္ကူးလာတဲ့ အေတြ႕အႀကဳံနဲ႕ အေလ့အထကိုက လိုအပ္ခ်က္ေတြ အမ်ားႀကီး ျဖစ္ေနတာေပါ့” လို႔ လူမင္းက ဆိုပါတယ္။လူမင္းက သ႐ုပ္ေဆာင္စတင္လုပ္ကိုင္စဥ္က အခက္အခဲေတြကိုလည္း အခုလိုေျပာပါတယ္။“က်ေနာ္တို႔ မင္းသားျဖစ္စတုန္းက အႏုပညာကို ႐ူးသြပ္ေနေတာ့ ဝရံတာကေနခုန္ခ်လိဳက္ဆိုတာနဲ႕ ေအာက္ကဆြဲ ေပမယ့္ ပေရာ္ဖက္ရွင္နယ္ေတြ မဟုတ္ေတာ့ ခါးနဲ႕ ပစ္ရိုက္တာပဲေလ။ ကံေကာင္းလို႔ ေအာက္ပိုင္းမေသတာေပါ့။ ရိုက္ကူးေရးမွာ ျမင္းကန္ခံရတာေတြ မ်က္ႏွာထိတာေတြ အတြက္ အာမခံဘာမွမရွိဘူး။ အခုေတာ့ ကိုယ္တို႔႐ုပ္ရွင္ ေလာက တျဖည္းျဖည္း နဲ႕ေတာ့ လိုအပ္ခ်က္ေတြ ျဖည့္ရင္းေျပာင္းလဲ တိုးတက္လာတာေတြ ေတြ႕ရပါတယ္” လို႔ လူမင္းက ေျပာပါတယ္။

၃ ထပ္ကြမ္း အကယ္ဒမီဆုရွင္ သ႐ုပ္ေဆာင္ လူမင္းဟာ၂၀၁၃ ခုႏွစ္၊ ဇြန္လက စတင္ကာ ၂၀၁၇ ခုႏွစ္အထိ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠ႒အျဖစ္ ၄ ႏွစ္ေက်ာ္ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လူမင္းက ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ ဒါရိုက္တာအျဖစ္ တာဝန္ယူကာ ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။
Credit TheIrrawaddyBurmeseNews

Unicode

ဗိုလ်ချုပ်ရုပ်ရှင်ပြင်ဆင်မှုတွေ မပြီးသေးတဲ့အတွက် ရိုက်ကူးရေးမစနိုင်သေးဘူးလို့ ပြောတဲ့ ဒါရိုက်တာလူမင်းက ဒီကားကို ၂၁၀၉ခုနှစ်ထဲမှာတော့ ရိုက်ကူးရေးစတင်မှာလို့ သေချာပါတယ်လို့ ဆိုပါတယ်။“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်က အရမ်းခက်ခဲပါတယ်။ ဇာတ်ညွှန်းပိုင်းဆိုင်ရာမှာရော သရုပ်ဆောင်တွေရွေးချယ်တဲ့ နေရာမှာရောပေါ့နော်။ ဗိုလ်ချုပ်တယောက်ကို ရွေးချယ်ပြီးရုံနဲ့မှမရတာ အထင်ကရနိုင်ငံရေးသမားကြီးတွေ နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်မရသေးဘူး”“လူသူအင်အား၊ လက်နက်အင်အားတွေနဲ့ ရိုက်ရမှာတွေ၊ ဒီဘက်ခေတ် အခြေအနေမှာ မြင်နေရတဲ့ နေရာတွေကို ဟိုဘက်ခေတ်လိုဖြစ်အောင်ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ အတွက် ပညာရှင်တွေနဲ့ တိုင်ပင်ရတဲ့အပိုင်းတွေ ပြင်ဆင်ရေးအပိုင်းတွေ မပြီးမပြီးနဲ့ ဖြစ်နေတဲ့အတွက် ရိုက်ကူးရေးကို မစနိုင်သေးတာပါ”

“ သေချာတာကတော့ ဒီနှစ်ထဲ ရိုက်ဖြစ်မှာပါ။ အမေစုနဲ့ ဒီလထဲမှာ တွေ့ဖို့ရှိပါတယ်။ တွေ့ဖြစ်ရင်တော့ တင်ပြစရာတွေ တင်ပြမှာပါ ” လို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်းက ပြောပါတယ်။မြန်မာနိုင်ငံက ရိုက်ကွင်းတွေမှာ အာမခံမရှိတဲ့ အပေါ် သရုပ်ဆောင်လူမင်းက တဖြည်းဖြည်းနဲ့တော့ လိုအပ်ချက်တွေ ဖြည့်ရင်း ပြောင်းလဲတိုးတက်လာတာတွေ တွေ့ရမှာပါလို့ ဆိုပါတယ်။“ ဒါရိုက်တာ ကိုပေါက်ရိုက်တဲ့ ကားလေးကို ကြည့်ဖြစ်တယ်။ ဘန်ကောက်မှာ သွားရိုက်တယ်။ တရားဝင်ခွင့်ပြုချက် တွေနဲ့ ရိုက်ခဲ့တယ်။ ဟိုဘက်က သရုပ်ဆောင်တွေလည်းပါတယ်ပေါ့။ တကယ့်ဖျော်ဖြေမှုပေးနိုင်တဲ့ ကားလေး တကားပါ။ သူတို့ ရိုက်ကွင်းအတွက် အာမခံထားကြတယ်။ အဲ့လိုပဲဖြစ်သင့်တာပေါ့”

“ ရိုက်ကွင်းတခုမှာပါတဲ့သူတွေ အားလုံးရဲ့ ကျန်းမာရေး စားရေးသောက်ရေးအားလုံးကို Productor ဘက်က တာဝန်ယူမှု အပြည့်ရှိရမှာပေါ့။ ကျနော်တို့ဆီမှာကတော့ သူ့ဟာနဲ့သူ ပေါ့နော်။ ရိုက်ကူးလာတဲ့ အတွေ့အကြုံနဲ့ အလေ့အထကိုက လိုအပ်ချက်တွေ အများကြီး ဖြစ်နေတာပေါ့” လို့ လူမင်းက ဆိုပါတယ်။လူမင်းက သရုပ်ဆောင်စတင်လုပ်ကိုင်စဉ်က အခက်အခဲတွေကိုလည်း အခုလိုပြောပါတယ်။“ကျနော်တို့ မင်းသားဖြစ်စတုန်းက အနုပညာကို ရူးသွပ်နေတော့ ဝရံတာကနေခုန်ချလိုက်ဆိုတာနဲ့ အောက်ကဆွဲ ပေမယ့် ပရော်ဖက်ရှင်နယ်တွေ မဟုတ်တော့ ခါးနဲ့ ပစ်ရိုက်တာပဲလေ။ ကံကောင်းလို့ အောက်ပိုင်းမသေတာပေါ့။ ရိုက်ကူးရေးမှာ မြင်းကန်ခံရတာတွေ မျက်နှာထိတာတွေ အတွက် အာမခံဘာမှမရှိဘူး။ အခုတော့ ကိုယ်တို့ရုပ်ရှင် လောက တဖြည်းဖြည်း နဲ့တော့ လိုအပ်ချက်တွေ ဖြည့်ရင်းပြောင်းလဲ တိုးတက်လာတာတွေ တွေ့ရပါတယ်” လို့ လူမင်းက ပြောပါတယ်။

၃ ထပ်ကွမ်း အကယ်ဒမီဆုရှင် သရုပ်ဆောင် လူမင်းဟာ၂၀၁၃ ခုနှစ်၊ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူကာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
Credit TheIrrawaddyBurmeseNews

Recent Updates

Recent Posts Widget