ဆြမ္ဆီးၿမိဳ႕တြင္ အိမ္ေျခ ၁၀၀၀၀ ေက်ာ္ပါဝင္တဲ႔ နဂါးပုံေရေပၚကၽြန္းႀကီးကို တည္ေဆာက္မည္




ၿဗိတိန္ႏိုင္ငံ ဆြမ္ဆီးၿမိဳ႕တြင္ အိမ္ေျခ ေပါင္း ၁၀၀၀၀ ေက်ာ္ပါဝင္သည့္နဂါးပုံေရ ေပၚကၽြန္းႀကီးကို တည္ေဆာက္သြားမည္ ဟု သိရသည္။
ေဝလအမ်ိဳးသားအလံမွနဂါးပုံစံအ တိုင္းတည္ေဆာက္မည့္ Dragon Energy ကၽြန္းသည္ ၿမိဳ႕၏ပင္လယ္ထုံးအိုင္မ်ား ျပန္လည္ေဖာ္ထုတ္ေရးပေရာဂ်က္တစ္ စိတ္တစ္ပိုင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္က ၿဗိ တိန္အစိုးရ၏ပယ္ခ်မႈကိုခံခဲ့ရေသာပေရာ ဂ်က္လည္းျဖစ္သည္။ ေရေပၚကၽြန္း၏ဒီ ဇိုင္းပုံစံအရ ေဈးအရာင္းဆိုင္မ်ား၊ ေရ ေအာက္အခ်က္အလက္ထိန္းသိမ္းေရး စင္တာတစ္ခု၊ေနေရာင္ျခည္စြမ္းအင္သုံး လၽွပ္စစ္ဓာတ္အားေပးစက္႐ုံတစ္ခု၊ သန္႔ စင္သည့္ဟိုက္ဒ႐ိုဂ်င္ႏွင့္ေအာက္ဆီဂ်င္ ထုတ္လုပ္ေရးစက္႐ုံတစ္ခုတို႔ပါဝင္သည္ ကိုျမင္ေတြ႕ရသည္။


 ပေရာဂ်က္တြင္ပါဝင္ သည့္ေရေအာက္တာဗိုင္ႀကီးမ်ားသည္ ဆြမ္ဆီးၿမိဳ႕အတြက္ ရာစုႏွစ္တစ္ခုေက်ာ္ ၾကာေအာင္ ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္ ဓာတ္ေငြ႕မထြက္ေစရဘဲ စြမ္းအင္ေပးႏိုင္ လိမ့္မည္ျဖစ္သည္။ ေဟာင္ေကာင္အေျခ စိုက္MOI Imagineering ကုမၸဏီမွ ပ ေရာဂ်က္ကိုဖန္တီးခဲ့သူ Malcolm Cop son က ေရေပၚေနအိမ္ ၁၀၀၀၀ ေက်ာ္ သည္ ပင္လယ္ထုံးအိုင္ျပန္လည္ေဖာ္ထုတ္ ေရးအစီအစဥ္ကို အေထာက္အကူျပဳႏိုင္ လိမ့္မည္ဟု ဆိုခဲ့သည္။ ေရေပၚအိမ္မ်ား ကို ဧရာမေအာက္ခံျပားႀကီးမ်ားေပၚတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ပင္လယ္တံ တိုင္းႀကီးတစ္ခုကလည္း ကာရံေပးထားဦး မည္ျဖစ္သည္။ ကုန္က်စရိတ္မ်ားျပားသည့္ အတြက္ ၿဗိတိန္အစိုးရက လက္မခံခ်င္ သည့္တိုင္ေအာင္ ဆြမ္ဆီးၿမိဳ႕အာဏာပိုင္ မ်ားက အတည္ျပဳရန္လုပ္ေဆာင္ေနၾကၿပီ ျဖစ္သည္။ အဆိုပါပေရာဂ်က္သည္ ၂၀၂၁ ခုႏွစ္တြင္စတင္ၿပီး ၂၀၂၆ ခုႏွစ္ တြင္ ၿပီးဆုံးႏိုင္ေျခရွိေနသည္ဟု သိရ သည္။
(AP,1.6.19) ေအးယုႏိုင္

Credit – pyimyanmarnews

Unicode ျဖင့္ဖတ္ရန္

ဗြိတိန်နိုင်ငံ ဆွမ်ဆီးမြို့တွင် အိမ်ခြေ ပေါင်း ၁၀၀၀၀ ကျော်ပါဝင်သည့်နဂါးပုံရေ ပေါ်ကျွန်းကြီးကို တည်ဆောက်သွားမည် ဟု သိရသည်။
ဝေလအမျိုးသားအလံမှနဂါးပုံစံအ တိုင်းတည်ဆောက်မည့် Dragon Energy ကျွန်းသည် မြို့၏ပင်လယ်ထုံးအိုင်များ ပြန်လည်ဖော်ထုတ်ရေးပရောဂျက်တစ် စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဗြိ တိန်အစိုးရ၏ပယ်ချမှုကိုခံခဲ့ရသောပရော ဂျက်လည်းဖြစ်သည်။ ရေပေါ်ကျွန်း၏ဒီ ဇိုင်းပုံစံအရ ဈေးအရာင်းဆိုင်များ၊ ရေ အောက်အချက်အလက်ထိန်းသိမ်းရေး စင်တာတစ်ခု၊နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု၊ သန့် စင်သည့်ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံတစ်ခုတို့ပါဝင်သည် ကိုမြင်တွေ့ရသည်။ ပရောဂျက်တွင်ပါဝင် သည့်ရေအောက်တာဗိုင်ကြီးများသည် ဆွမ်ဆီးမြို့အတွက် ရာစုနှစ်တစ်ခုကျော် ကြာအောင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့မထွက်စေရဘဲ စွမ်းအင်ပေးနိုင် လိမ့်မည်ဖြစ်သည်။ ဟောင်ကောင်အခြေ စိုက်MOI Imagineering ကုမ္ပဏီမှ ပ ရောဂျက်ကိုဖန်တီးခဲ့သူ Malcolm Cop son က ရေပေါ်နေအိမ် ၁၀၀၀၀ ကျော် သည် ပင်လယ်ထုံးအိုင်ပြန်လည်ဖော်ထုတ် ရေးအစီအစဉ်ကို အထောက်အကူပြုနိုင် လိမ့်မည်ဟု ဆိုခဲ့သည်။ ရေပေါ်အိမ်များ ကို ဧရာမအောက်ခံပြားကြီးများပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ပင်လယ်တံ တိုင်းကြီးတစ်ခုကလည်း ကာရံပေးထားဦး မည်ဖြစ်သည်။ ကုန်ကျစရိတ်များပြားသည့် အတွက် ဗြိတိန်အစိုးရက လက်မခံချင် သည့်တိုင်အောင် ဆွမ်ဆီးမြို့အာဏာပိုင် များက အတည်ပြုရန်လုပ်ဆောင်နေကြပြီ ဖြစ်သည်။ အဆိုပါပရောဂျက်သည် ၂၀၂၁ ခုနှစ်တွင်စတင်ပြီး ၂၀၂၆ ခုနှစ် တွင် ပြီးဆုံးနိုင်ခြေရှိနေသည်ဟု သိရ သည်။
(AP,1.6.19) အေးယုနိုင်

Credit – pyimyanmarnews

Recent Updates

Recent Posts Widget