သာမန္ user ေတြမသိႏုိင္တဲ့ ဖုန္းထဲက လ်ိဳ႕ဝွက္ functions မ်ား




အခုေခတ္မွာ အိတ္ထဲမွာ ဖုန္းတစ္လံုးမရွိတဲ့သူဆိုတာ မရွိသေလာက္ရွားသြားပါျပီ ။
ဒါေပမယ့္ ဒီဖုန္းကို ပရုိဆန္ဆန္အသံုးမျပဳတတ္ေသးကေတာ့ တပံုတပင္ရွိေနပါေသးတယ္။
ဒီေတာ့ ေန႕စဥ္သံုးစြဲေနတဲ့ စမတ္ဖုန္းေတြကို ဘယ္လိုမ်ိဳး ပရိုဆန္ဆန္ သံုးရမလဲဆုိတာကိုေျပာျပသြားမွာပါ ။

၁- ဘတၳရီ

ဖုန္းဆိုတာ ဘတၳရီအားနဲ႕သံုးစြဲရတာျဖစ္တဲ့အတြက္ အားကုန္သြားတဲ့အခါ ဘာမွလုပ္လုိ႕ရမွာမဟုတ္ေတာ့ပါဘူး။
ဖုန္းမီးအားမရွိ ၊ မီးအားသြင္းစရာေနရာမရွိျဖစ္လာရင္ သင္စိတ္ေတြရွဳပ္လာမွာအမွန္ပါပဲ။
ဒီေတာ့ ဖုန္းအားကို ေခြ်တာသံုးမယ္ဆုိရင္ ဒီလုိျပႆနာေတြကေန လြတ္ကင္းႏိုင္ပါတယ္။
ဖုန္းအားေခြ်တာဖုိ႕အတြက္ေတာ့ automatic pixel highlighting ဆိုတာကို ပိတ္ထားလုိက္ပါ။ သာမန္ထက္ ဖုန္းအားပိုခံတာကိုေတြ႕ရပါလိမ့္မယ္။
ဒီဖန္ရွင္ဟာဖုန္းတုိင္းမွာေတာ့ မပါဝင္ပါဘူး။

၂- Text to Speech

တစ္ခ်ိဳ႕အဂၤလိပ္စာအုပ္ေတြကို သင္ထုိင္ဖတ္မေနပဲ ဖုန္းက ဖတ္ျပတာကိုနားေထာင္ႏုိင္ပါတယ္။
ဒီအတြက္ေတာ့ Settings -> Accssibility မွာ Text to Speech ဆိုတဲ့ ဖန္ရွင္ေလးကိုဖြင့္ေပးထားပါ။

၃- ဖုန္းေပ်ာက္ရွာရန္

Settings -> Security -> Device Administrators ဆုိတဲ့ေနရာမွာ အမွန္ျခစ္ေလးျခစ္ေပးထားပါ။
မေတာ္တဆ ေပ်ာက္သြားခဲ့ရင္ အျခားဖုန္းတစ္လံုးထဲသို႕ သင့္ရဲ႕ဖုန္းထဲထည့္ထားတဲ့ Gmail ကုိထည့္သြင္းပါ။
ထို႕ေနာက္ http://google.com/android/devicemanager ဒီ website ကေနတစ္ဆင့္ဝင္ေရာက္ကာ ကိုယ့္ဖုန္းကိုျပန္လည္ရွာေဖြႏုိင္ပါတယ္။

၄- Guest Mode

သင့္ရဲ႕ကိုယ္ပိုင္အခ်က္အလက္ေတြ ကို တျခားသူမသိေစခ်င္ရင္ေတာ့ Guest Mode ဖြင့္ထားတာ အေကာင္းဆံုးပါပဲ။
ဖုန္းခနေလးခ်ထားတဲ့အခါမ်ိဳးမွာ တျခားသူေကာက္ကုိင္ျပီး ကိုယ့္အခ်က္အလက္ေတြကို ၾကည့္မသြားႏုိင္ေစဖုိ႕အတြက္ Guest Mode ကုိဖြင့္ထားပါ။
ဘယ္လုိဖြင့္ရလဲ ဘယ္လုိဝင္ရမလဲဆုိတာကေတာ့ ဖုန္းအမ်ိဳးအစားေပၚမူတည္ျပီးကြာျခားတဲ့အတြက္ Setting ထဲမွာဝင္ေရာက္ၾကည့္ရွဳေပးပါ။

၅- မွန္ဘီလူး

Settings -> Accessibility -> Magnification Gestures ဆိုတဲ့ဖန္ရွင္ဟာ အျမင္အာရံုနည္းပါးတဲ့သူေတြအတြက္ အေထာက္အကူေပးႏုိင္တဲ့ဖန္ရွင္တစ္ခုပါ။
ဒီဖန္ရွင္ကုိဖြင့္ထားမယ္ဆုိရင္ သံုးခ်က္ေလာက္ဆက္တိုက္ထိလုိက္ရင္ ထိလိုက္တဲ့ေနရာကုိ မွန္ဘီလူးကျဖတ္ၾကည့္သလုိ အၾကီးၾကီးျမင္ရမွာျဖစ္ပါတယ္။

၆- Hotspot Mode

ဒါကေတာ့ အျခားသူေတြနဲ႕ ကိုယ့္ဖုန္းက အင္တာနက္ကုိေဝမွ် သံုးဖို႕အတြက္ အသံုးဝင္တဲ့ ဖန္ရွင္ေလးတစ္ခုပါပဲ။
ဖြင့္ရတာလည္း လြယ္ကူပါတယ္။ Settings -> Tethering and portable hotspot မွာ အမွန္ျခစ္ေပးလုိက္ရံုပါပဲ။

၇- လ်ိဳ႕ဝွက္ဂိမ္း

Android 2.3 ကစျပီးေတာ့ ဂူးဂဲဟာ Android user ေတြအတြက္ လ်ိဳ႕ဝွက္ဂိမ္းေလးတစ္ခုထည့္သြင္းေပးထားပါတယ္။
ဒီဂိမ္းကုိရွာခ်င္ရင္ေတာ့ Settings -> About Phone or Tablet ကိုသြားပါ။
ထို႕ေနာက္ Android Version ဆုိတာကို အခ်က္ေပါင္းမ်ားစြာ ထိပါ ။
ဒါဆုိရင္ေတာ့ ဂူးဂဲရဲ႕လ်ိဳ႕ဝွက္ဂိမ္းေလးကုိ သင္ကစားႏိုင္ပါျပီ ။

Writer – Min Thu (Daily Hot News ) .

Unicode
အခုခေတ်မှာ အိတ်ထဲမှာ ဖုန်းတစ်လုံးမရှိတဲ့သူဆိုတာ မရှိသလောက်ရှားသွားပါပြီ ။
ဒါပေမယ့် ဒီဖုန်းကို ပရိုဆန်ဆန်အသုံးမပြုတတ်သေးကတော့ တပုံတပင်ရှိနေပါသေးတယ်။
ဒီတော့ နေ့စဉ်သုံးစွဲနေတဲ့ စမတ်ဖုန်းတွေကို ဘယ်လိုမျိုး ပရိုဆန်ဆန် သုံးရမလဲဆိုတာကိုပြောပြသွားမှာပါ ။

၁- ဘတ္ထရီ

ဖုန်းဆိုတာ ဘတ္ထရီအားနဲ့သုံးစွဲရတာဖြစ်တဲ့အတွက် အားကုန်သွားတဲ့အခါ ဘာမှလုပ်လို့ရမှာမဟုတ်တော့ပါဘူး။
ဖုန်းမီးအားမရှိ ၊ မီးအားသွင်းစရာနေရာမရှိဖြစ်လာရင် သင်စိတ်တွေရှုပ်လာမှာအမှန်ပါပဲ။
ဒီတော့ ဖုန်းအားကို ချွေတာသုံးမယ်ဆိုရင် ဒီလိုပြဿနာတွေကနေ လွတ်ကင်းနိုင်ပါတယ်။
ဖုန်းအားချွေတာဖို့အတွက်တော့ automatic pixel highlighting ဆိုတာကို ပိတ်ထားလိုက်ပါ။ သာမန်ထက် ဖုန်းအားပိုခံတာကိုတွေ့ရပါလိမ့်မယ်။
ဒီဖန်ရှင်ဟာဖုန်းတိုင်းမှာတော့ မပါဝင်ပါဘူး။

၂- Text to Speech

တစ်ချို့အင်္ဂလိပ်စာအုပ်တွေကို သင်ထိုင်ဖတ်မနေပဲ ဖုန်းက ဖတ်ပြတာကိုနားထောင်နိုင်ပါတယ်။
ဒီအတွက်တော့ Settings -> Accssibility မှာ Text to Speech ဆိုတဲ့ ဖန်ရှင်လေးကိုဖွင့်ပေးထားပါ။

၃- ဖုန်းပျောက်ရှာရန်

Settings -> Security -> Device Administrators ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေးထားပါ။
မတော်တဆ ပျောက်သွားခဲ့ရင် အခြားဖုန်းတစ်လုံးထဲသို့ သင့်ရဲ့ဖုန်းထဲထည့်ထားတဲ့ Gmail ကိုထည့်သွင်းပါ။
ထို့နောက် http://google.com/android/devicemanager ဒီ website ကနေတစ်ဆင့်ဝင်ရောက်ကာ ကိုယ့်ဖုန်းကိုပြန်လည်ရှာဖွေနိုင်ပါတယ်။

၄- Guest Mode

သင့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ ကို တခြားသူမသိစေချင်ရင်တော့ Guest Mode ဖွင့်ထားတာ အကောင်းဆုံးပါပဲ။
ဖုန်းခနလေးချထားတဲ့အခါမျိုးမှာ တခြားသူကောက်ကိုင်ပြီး ကိုယ့်အချက်အလက်တွေကို ကြည့်မသွားနိုင်စေဖို့အတွက် Guest Mode ကိုဖွင့်ထားပါ။
ဘယ်လိုဖွင့်ရလဲ ဘယ်လိုဝင်ရမလဲဆိုတာကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီးကွာခြားတဲ့အတွက် Setting ထဲမှာဝင်ရောက်ကြည့်ရှုပေးပါ။

၅- မှန်ဘီလူး

Settings -> Accessibility -> Magnification Gestures ဆိုတဲ့ဖန်ရှင်ဟာ အမြင်အာရုံနည်းပါးတဲ့သူတွေအတွက် အထောက်အကူပေးနိုင်တဲ့ဖန်ရှင်တစ်ခုပါ။
ဒီဖန်ရှင်ကိုဖွင့်ထားမယ်ဆိုရင် သုံးချက်လောက်ဆက်တိုက်ထိလိုက်ရင် ထိလိုက်တဲ့နေရာကို မှန်ဘီလူးကဖြတ်ကြည့်သလို အကြီးကြီးမြင်ရမှာဖြစ်ပါတယ်။

၆- Hotspot Mode

ဒါကတော့ အခြားသူတွေနဲ့ ကိုယ့်ဖုန်းက အင်တာနက်ကိုဝေမျှ သုံးဖို့အတွက် အသုံးဝင်တဲ့ ဖန်ရှင်လေးတစ်ခုပါပဲ။
ဖွင့်ရတာလည်း လွယ်ကူပါတယ်။ Settings -> Tethering and portable hotspot မှာ အမှန်ခြစ်ပေးလိုက်ရုံပါပဲ။

၇- လျို့ဝှက်ဂိမ်း

Android 2.3 ကစပြီးတော့ ဂူးဂဲဟာ Android user တွေအတွက် လျို့ဝှက်ဂိမ်းလေးတစ်ခုထည့်သွင်းပေးထားပါတယ်။
ဒီဂိမ်းကိုရှာချင်ရင်တော့ Settings -> About Phone or Tablet ကိုသွားပါ။
ထို့နောက် Android Version ဆိုတာကို အချက်ပေါင်းများစွာ ထိပါ ။
ဒါဆိုရင်တော့ ဂူးဂဲရဲ့လျို့ဝှက်ဂိမ်းလေးကို သင်ကစားနိုင်ပါပြီ ။

Writer – Min Thu (Daily Hot News ) .

Recent Updates

Recent Posts Widget