ကမ္ဘာ့ပထမဆုံး ဖြစ်လာတော့မယ့် ကိုလံဘီယာမှာ ဖွင့်လှစ်မယ့် “အပြာတက္ကသိုလ်”






Credit \\ 0riginal
Credit \\ 0riginal
(Unicodeဖြင့် ဖတ်ရန်)
ကမ္ဘာကျော်အပြာမင်းသမီး Amaranta Hank က ကိုလံဘီယာမှာ ကမ္ဘာ့ပထမဆုံး အပြာတက္ကသိုလ်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
တက္ကသိုလ်အမည်ကတော့ University of Po rn ဖြစ်ပြီး၊ သင်ခန်းစာတွေထဲမှာ Live ပြသတဲ့ အပြာ ဇာတ်ဝင်ခန်းတွေ၊ လက်တွေ့ လုပ်ဆောင်မှုတွေနဲ့ စတင်မှာလို့ ဆိုပါတယ်။
ဘာသာရပ်တွေထဲမှာတော့ လိင်ကိစ္စနဲ့ပတ်သက်ပြီး ဇာတ်ကားရိုက်ကူးထုတ်လုပ်ရေး၊ သရုပ်ဆောင်ပညာ၊ အပြာဈေးကွက်ဆိုင်ရာ အကြောင်းရာများကို သင်ကြားပေးမှာလို့ သိရပါတယ်။ Hank ကိုယ်တိုင်က ဂျာနယ်လစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး-
ယခင်ကလည်း သူမရဲ့ ပုဂ္ဂိုလ်ရေးကို လူသိအောင် မြှင့်တင်ခဲ့ရာမှာလည်း နာမည်ကြီးခဲ့ပါသေးတယ်။ အဲဒီတုန်းက Hank က သူမ အားပေးတဲ့ ဒီပို့တီဗိုကာကူတာအသင်းသာ ထိပ်သီးလိဂ်ကို တန်းပြန်တက်လာနိုင်ရင် SOHO မဂ္ဂဇင်းမှာ ဝတ်လစ်စားလစ်ပုံ ထည့်ပေးမယ်လို့ ပြောခဲ့တာပါ။
အခုလည်း သူမ ဖွင့်လှစ်မယ့် အပြာတက္ကသိုလ်မှာ Live ပြသပြီး သင်ခန်းစာတွေကို သင်ကြားပေးမှာ ဖြစ်ခြင်းကြောင်း ကျောင်းသားတွေအနေနဲ့ အလွယ်တကူ တတ်မြောက်စေလိမ့်မယ်လို့ ဆိုထားပါတယ်။
ဖွင့်လှစ်မယ့်နေရာကတော့ Medellin မြို့မှာဖြစ်ပြီး၊ ကမ္ဘာ့ပထမဆုံး ဖြစ်လာလိမ့်မယ်လို့ သူမက ဆိုပါတယ်။
ဒီတက္ကသိုလ်မှာ အပြာကိစ္စနဲ့ပတ်သက်တဲ့အရာအားလုံးကို မရှက်မကြောက် ပွင့်ပွင့်လင်းလင်း သင်ကြားရမှာဖြစ်ကြောင်း Hank က အာမခံထားပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာဖွင့်မယ်၊ ကျောင်းသားဦးရေက ဘယ်လောက်၊ သက်ဆိုင်ရာက တက္ကသိုလ်အဖြစ် အသိမှတ်ပြုဖို့ ရှိ/မရှိ စတာတွေကိုတော့ အသေးစိပ် မသိရသေးပါဘူး။
Credit \\ 0riginal

