H1N1 ေရာဂါေျကာင့္ ေရာဂါကူးစက္ခံရသူ ( ၃၅ ) ဦး ၊ ေသဆုံးသူ ( ၉ ) ဦးအထိရွိလာ




ျမန္မာႏိုင္ငံမွာ A-H1N1 pdm 09 အမ်ိဳးအစား တုပ္ေကြးေရာဂါေၾကာင့္ လူ ကိုး ဦးအထိ ေသဆုံးခဲ့ၿပီး ေရာဂါကူးစက္ခံရသူ ၃၅ ေယာက္ထက္ မနည္း ရွိေနတဲ့အတြက္ ကာကြယ္ေရးနဲ႔ ကုသမႈေပးဖုိ႔ ႀကိဳးစားေနေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။ အထူးသျဖင့္ က်န္းမာေရး မေကာင္းတဲ့ ေရာဂါအခံရွိသူေတြအတြက္ အႏၱရာယ္ရွိတာေၾကာင့္ ႀကိဳတင္ကာကြယ္ႏုိင္ေအာင္ ျပင္ဆင္ေနတာလုိ႔လည္း ဆုိပါတယ္။ အျပည့္အစုံကုိေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ေမခက ေျပာျပေပးမွာပါ။


က်န္းမာေရးဝန္ႀကီးဌာနဘက္က ထုတ္ျပန္ခ်က္ဒီကေန႔ ညေန ၅ နာရီအထိ ဒီေရာဂါနဲ႔ ေသဆံုးသူ ဦးေရ ကိုး ဦး ရွိေနခဲ့တာပါ။ ေရာဂါကူးစက္သူ အေရအတြက္နဲ႔ ပတ္သတ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန အသိပညာ ျမင့္တင္ေရးဦးစီးဌာနက ညႊန္ၾကားေရးမွဴး Dr. ေဒၚျဖဴျဖဴေအး က VOA ကို အခုလိုေျပာပါတယ္။

“ေသဆံုးတဲ့ ကိုး ဦး ရွိသြားၿပီ။ ကိုး ဦးမွာ အမ်ိဳးသမီး တဦး၊ ကေလး တဦး တိုးတာေပါ့။ အမ်ိဳးသမီးမွာက ႏွလံုးေရာဂါ ရွိေနတယ္။ ကေလးကလည္း ေမြးရာပါ ႏွလံုးေရာဂါ ႀကီးႀကီးမားမား ရွိေနတယ္။ ပိုး စစ္ေဆးတဲ့သူ မ်ားလာတယ္။ တႏိုင္ငံလံုးဆိုရင္ မေန႔က ညေနထိ ၁၀၉ ေယာက္ ရွိတယ္။ တႏိုင္ငံလံုးေနာ္။ အဲမွာ positive က ၃၅ေယာက္ ရွိတယ္။ တႏိုင္ငံလံုးေနာ္။”

ေသဆံုးသူေတြ၊ ေရာဂါပိုးရွိသူေတြရဲ႕ အသိုင္းအဝိုင္း ပတ္ဝန္းက်င္ေတြကိုလည္း က်န္းမာေရးဦးစီးဌာနက ေစာင္ၾ့ကည့္ေနၿပီး ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေနတယ္လို႔လည္း က်န္းမာေရးတာဝန္ခံေတြက ေျပာပါတယ္။

A-H1N1 pdm 09 ေရာဂါပိုးေတြ႔ရွိထားသူ လူနာေတြလည္း ထပ္တိုးလာေနတာေၾကာင့္ ႀကိဳတင္ကာကြယ္မႈေတြနဲ႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈေတြကို ျမင့္တင္လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔လည္း ေဒါက္တာျဖဴျဖဴေအးက ေျပာပါတယ္။

“ကာကြယ္ေရးပိုင္းကို ပိုၿပီး တိုးလုပ္ေနတယ္။ ေဒသဆိုင္ရာ မီဒီယာေတြနဲ႔ ေတြ႔ၿပီး အသိပညာေပးဖို႔နဲ႔ ကာကြယ္ေရးအတြက္ လုပ္ေနၾကတယ္။ ေနာက္ျမန္မာႏိုင္ငံ ၾကက္ေျခနီေတြနဲ႔ေပါင္းၿပီး သူတို႔ activity ေတြ ေပါင္းလုပ္ဖို႔ ရွိတယ္။ ေနာက္တခုကေတာ့ ျမန္မာႏိုင္ငံဆရာဝန္အသင္းနဲ႔ လည္းေပါင္းလုပ္ဖို႔ ရွိေနတယ္။ ေနာက္စစ္ေဆးမယ့္ လူနာေတြကို ဓါတ္ခြဲခန္းကုိ အခ်ိန္မွီပို႔ဖို႔ ဆရာဝန္အသင္းနဲ႔ ပူးေပါင္းလုပ္ဖို႔ရွိတယ္။ ကုသေရးပိုင္းေရာ၊ ကာကြယ္ေရးပိုင္းေရာ တိုးလုပ္ေနတာေတြ ရွိပါတယ္။”

စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနျပည္ေတာ္နဲ႔ ရန္ကုန္တိုင္းေတြမွာ ေရာဂါပိုးေတြ ေတြ႔ထားရၿပီး ရန္ကုန္တိုင္းတြင္းမွာ အျဖစ္မ်ားေနတယ္လို႔ က်န္းမာေရးဦးစီးဌာနက အသိေပးထားပါတယ္။

အခုလို ရာသီမ်ိဳးမွာ အေအးမိ၊ တုပ္ေကြးျဖစ္ေလ့ရွိတာေၾကာင့္ သတိထားေနထိုင္ဖုိ႔ အျပင္ ကိုယ္က ေနထိုင္မေကာင္းဘူးဆိုရင္ လူအမ်ားရွိတဲ့ေနရာကို မသြားလာပဲ အတတ္ႏိုင္ဆံုးေရွာင္ၾကဥ္ၾကဖို႔နဲ႔ အသက္ရႈလမ္းေၾကာင္းကေန တဆင့္ ကူးတဲ့ ဒီေရာဂါမ်ိဳးအတြက္ ေခ်ာင္းဆိုး ႏွာေခ်ရင္ ေရာဂါပိုး မျပန္႔ပြားေအာင္ ပါးစပ္၊ ႏွာေခါင္းေတြကို အုပ္ဆိုင္းေပးဖို႔ လက္ကို မၾကာမၾကာ ေဆးေၾကာဖို႔လည္း သတိေပးထားပါတယ္။ တုပ္ေကြးေရာဂါ ျဖစ္ပြားေနတယ္လို႔ သံသယရွိရင္ ျပည္သူေတြအေနနဲ႔ ခ်က္ခ်င္း ျပည္သူ႔ေဆး႐ံုေတြဆီကို အျမန္ဆံုးကုသမႈ လာေရာက္ခံယူၾကဖို႔လည္း တုိက္တြန္းပါတယ္။

လက္ရိွအားျဖင့္ေတ့ာ က်န္းမာေရးဝန္ႀကီးဌာန တႏိုင္ငံလံုး အတုိင္းအတာနဲ႔ H1N1 တုပ္ေကြးေရာဂါ ကူးစက္မႈ ကာကြယ္ေရး ပညာေပးလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။ လူလူခ်င္း ကူးစက္တဲ့ ေရာဂါျဖစ္တဲ့အတြက္ နယ္စပ္အဝင္အထြက္ေတြ၊ အထူးသျဖင္႔ ေလဆိပ္ေတြမွာ အပူခ်ိန္တိုင္း ကိရိယာေတြနဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔လည္း က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

ေရာဂါပိုး ကာကြယ္ေဆး ထိုးမယ့္သူေတြအေနနဲ႔ အရင္ဆံုး ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွသာ ထိုးဖို႔ကိုလည္း က်န္းမာေရးဦးစီးဌာနက တိုက္တြန္းထားပါတယ္။

က်န္းမာေရး ဦးစီးဌာနကေတာ႔ ျပည္သူလူထုေတြအေနနဲ႔ ေရာဂါနဲ႔ ပက္သက္ၿပီး စိုးရိမ္တၾကီး မျဖစ္ဖို႔နဲ႔ အသက္အရြယ္ႀကီးသူေတြ၊ ကေလးသူငယ္ေတြနဲ႔ ေရာဂါပိုးအခံရွိသူေတြသာ ပိုသတိထားဖို႔ အသိေပးထားတာပါ။ တုပ္ေကြးေရာဂါ ျဖစ္ပြားေနတယ္လို႔ သံသယရွိရင္ ျပည္သူေတြအေနနဲ႔ ခ်က္ခ်င္း ျပည္သူ႔ေဆး႐ံုေတြဆီကို အျမန္ဆံုးကုသမႈ လာေရာက္ခံယူၾကဖို႔လည္း ျပည္သူလူထုကို တုိက္တြန္းပါတယ္။

Credit  \\   original

Unicode

မြန်မာနိုင်ငံမှာ A-H1N1 pdm 09 အမျိုးအစား တုပ်ကွေးရောဂါကြောင့် လူ ကိုး ဦးအထိ သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၅ ယောက်ထက် မနည်း ရှိနေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသမှုပေးဖို့ ကြိုးစားနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့ ရောဂါအခံရှိသူတွေအတွက် အန္တရာယ်ရှိတာကြောင့် ကြိုတင်ကာကွယ်နိုင်အောင် ပြင်ဆင်နေတာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ပြောပြပေးမှာပါ။

ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်ဒီကနေ့ ညနေ ၅ နာရီအထိ ဒီရောဂါနဲ့ သေဆုံးသူ ဦးရေ ကိုး ဦး ရှိနေခဲ့တာပါ။ ရောဂါကူးစက်သူ အရေအတွက်နဲ့ ပတ်သတ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာ မြင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး Dr. ဒေါ်ဖြူဖြူအေး က VOA ကို အခုလိုပြောပါတယ်။

“သေဆုံးတဲ့ ကိုး ဦး ရှိသွားပြီ။ ကိုး ဦးမှာ အမျိုးသမီး တဦး၊ ကလေး တဦး တိုးတာပေါ့။ အမျိုးသမီးမှာက နှလုံးရောဂါ ရှိနေတယ်။ ကလေးကလည်း မွေးရာပါ နှလုံးရောဂါ ကြီးကြီးမားမား ရှိနေတယ်။ ပိုး စစ်ဆေးတဲ့သူ များလာတယ်။ တနိုင်ငံလုံးဆိုရင် မနေ့က ညနေထိ ၁၀၉ ယောက် ရှိတယ်။ တနိုင်ငံလုံးနော်။ အဲမှာ positive က ၃၅ယောက် ရှိတယ်။ တနိုင်ငံလုံးနော်။”

သေဆုံးသူတွေ၊ ရောဂါပိုးရှိသူတွေရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေကိုလည်း ကျန်းမာရေးဦးစီးဌာနက စောင်ြ့ကည့်နေပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေတယ်လို့လည်း ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

A-H1N1 pdm 09 ရောဂါပိုးတွေ့ရှိထားသူ လူနာတွေလည်း ထပ်တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို မြင့်တင်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဖြူဖြူအေးက ပြောပါတယ်။

“ကာကွယ်ရေးပိုင်းကို ပိုပြီး တိုးလုပ်နေတယ်။ ဒေသဆိုင်ရာ မီဒီယာတွေနဲ့ တွေ့ပြီး အသိပညာပေးဖို့နဲ့ ကာကွယ်ရေးအတွက် လုပ်နေကြတယ်။ နောက်မြန်မာနိုင်ငံ ကြက်ခြေနီတွေနဲ့ပေါင်းပြီး သူတို့ activity တွေ ပေါင်းလုပ်ဖို့ ရှိတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ လည်းပေါင်းလုပ်ဖို့ ရှိနေတယ်။ နောက်စစ်ဆေးမယ့် လူနာတွေကို ဓါတ်ခွဲခန်းကို အချိန်မှီပို့ဖို့ ဆရာဝန်အသင်းနဲ့ ပူးပေါင်းလုပ်ဖို့ရှိတယ်။ ကုသရေးပိုင်းရော၊ ကာကွယ်ရေးပိုင်းရော တိုးလုပ်နေတာတွေ ရှိပါတယ်။”

စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာ ရောဂါပိုးတွေ တွေ့ထားရပြီး ရန်ကုန်တိုင်းတွင်းမှာ အဖြစ်များနေတယ်လို့ ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။

အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်လေ့ရှိတာကြောင့် သတိထားနေထိုင်ဖို့ အပြင် ကိုယ်က နေထိုင်မကောင်းဘူးဆိုရင် လူအများရှိတဲ့နေရာကို မသွားလာပဲ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးတဲ့ ဒီရောဂါမျိုးအတွက် ချောင်းဆိုး နှာချေရင် ရောဂါပိုး မပြန့်ပွားအောင် ပါးစပ်၊ နှာခေါင်းတွေကို အုပ်ဆိုင်းပေးဖို့ လက်ကို မကြာမကြာ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုသမှု လာရောက်ခံယူကြဖို့လည်း တိုက်တွန်းပါတယ်။

လက်ရှိအားဖြင့်တေ့ာ ကျန်းမာရေးဝန်ကြီးဌာန တနိုင်ငံလုံး အတိုင်းအတာနဲ့ H1N1 တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လူလူချင်း ကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် နယ်စပ်အဝင်အထွက်တွေ၊ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ရောဂါပိုး ကာကွယ်ဆေး ထိုးမယ့်သူတွေအနေနဲ့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ထိုးဖို့ကိုလည်း ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေး ဦးစီးဌာနကတော့ ပြည်သူလူထုတွေအနေနဲ့ ရောဂါနဲ့ ပက်သက်ပြီး စိုးရိမ်တကြီး မဖြစ်ဖို့နဲ့ အသက်အရွယ်ကြီးသူတွေ၊ ကလေးသူငယ်တွေနဲ့ ရောဂါပိုးအခံရှိသူတွေသာ ပိုသတိထားဖို့ အသိပေးထားတာပါ။ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုသမှု လာရောက်ခံယူကြဖို့လည်း ပြည်သူလူထုကို တိုက်တွန်းပါတယ်။


Credit  \\   original

Recent Updates

Recent Posts Widget