ကြွေရုပ်လေးတစ်ရုပ်လို ထိရက်စရာမရှိအောင် လှနေတဲ့ ဟန်နာယူရီရဲ့ ပုံရိပ်လေးများ
နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟန်နာယူရီက ချစ်စရာကောင်းပြီး ကိုရီးယားမလေးလို ဖြူဖြူသေးသေးလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာပါ။ ဟန်နာယူရီက မိတ်ကပ်ပညာနဲ့သာမက မော်ဒယ်အဖြစ်လဲ ရပ်တည်နေသူဖြစ်ပါတယ်။ ဟန်နာယူရီက အခုဆိုရင် သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကိုလဲ ထုတ်လုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ခံနေရတာ ဖြစ်ပါတယ်။
ဟန်နာယူရီက ဒီတစ်ခေါက်မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဟန်နာယူရီရဲ့ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်နော်။
ဟန်နာယူရီကတော့ အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်ပေမယ့် Photo Model တစ်ဦးအဖြစ်တော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ နာမည်ရသူလေး တစ်ဦးဖြစ်ပါတယ်။
ဟန်နာယူရီကတော့ ချစ်စရာကောင်းလွန်းလို့ မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ပါ ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာလွန်းလို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေသူလေးဆိုလည်း မမှားပါဘူး။
ဟန်နာယူရီကတော့ ကြွေရုပ်လေးတစ်ရုပ်လို အရမ်းကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဟန်နာယူရီရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Hanna Yu Ri’s fb
Credit \\ original






