ကိုစိုင်းက အရမ်းနွေးထွေးတယ်ဆိုတဲ့ ပန်းရောင်ခြယ်





အဆိုတော်ဂရေဟမ်ရဲ့အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေး ပန်းရောင်ခြယ်ဟာဆိုရင် အဖေ့ခြေရာနင်းတဲ့ အဆိုတော်သမီးချောလေးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်မြတ်နိုးမှုတွေလက်ခံရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ပန်းရောင်ခြယ်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ မကြာခဏအတူတွဲပြီးတွေ့နေရတဲ့ စိုင်းစိုင်းခမ်းလှိုင်အပေါ်အမြင်ကိုပြောပြသွားခဲ့ပါတယ်။


ပန်းရောင်ခြယ်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အခုကတော့ ပန်းရောင် ပွဲလေးတွေလိုက်ဆိုဖြစ်နေတယ်။ ကြော်ငြာလေးတွေရိုက်ဖို့ရှိတယ်။ ပြီးတော့ ပန်းရောင် အခွေအပြီးသတ်နေတယ်”လို့ ပြောပြထားပါတယ်။ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်အတွက် ခံစားချက်လေးကိုလည်းပန်းရောင်က “သင်္ကြန်ဆိုတာနဲ့ ပျော်တယ်ပေါ့နော်။ မြန်မာနှစ်သစ်ကူးဆိုတော့ တစ်နိုင်ငံလုံးရဲ့ Mood ကိုက အရမ်းပျော်ဖို့ကောင်းတယ်။အားလုံးရဲ့စိတ်ထဲမှာဘာမှမရှိပဲနဲ့အတူတူပဲပျော်ကြတယ်”လို့ ပြောပြထားပါတယ်။


ပန်းရောင်ခြယ်က စိုင်းစိုင်းနဲ့ ပတ်သက်တဲ့အမြင်ကိုပြောပြရာမှာ စိုင်းစိုင်းက နွေးထွေးမှုရှိတယ်လို့ “ပန်းရောင်က စိုင်းစိုင်းနဲ့ငယ်ငယ်ကတည်းက ခင်တယ်။ နောက်ပိုင်းပန်းရောင်အနုပညာအလုပ်လုပ်တဲ့အချိန်မှာ ကိုစိုင်းနဲ့တွဲလုပ်ရတဲ့အချိန်မှာ ပျော်ဖို့ကောင်းတယ်။ ကိုစိုင်းက အရမ်းလည်း Flexible ဖြစ်တယ်။အရမ်းလည်း နွေးနွေးထွေးထွေးရှိတယ်။ အတုယူစရာတွေလည်းအများကြီးပဲ”လို့ ဖြေကြားထားပါတယ်။


ဒါ့အပြင် ကိုစိုင်းရဲ့စိတ်ဓာတ်တွေကြောင့်လည်း ဒီလောက်အကြာကြီးအောင်မြင်နေတာလို့ “အဓိကက ကိုစိုင်းရဲ့စိတ်ဓာတ်ရယ်၊ခံယူချက်ရယ်၊ ကြိုးစားတာရယ်ပေါ့။အားလုံးအများကြီးပါပဲ။ အဲဒါတွေပေါင်းပြီးတော့အခုအချိန်ထိ အရမ်းအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေတာပါ”လို့ မှတ်ချက်ပေးထားပါသေးတယ်။


ပန်းရောင်ခြယ်က မကြာခင်ကျရောက်တော့မယ့် သင်္ကြန်အတွက် စကားလက်ဆောင်ကိုလည်း “သင်္ကြန်မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ။ ဘေးအန္တရာယ်ကင်းဝေးစွာနဲ့လည်းဖြတ်သန်းနိုင်ကြပါစေ”လို့ ဆုတောင်းပေးထားပါသေးတယ်။


ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပန်းရောင်ခြယ်ကိုချစ်ကြလား။ ပန်းရောင်ခြယ်ရဲ့အခွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Credit  \\  original

Recent Updates

Recent Posts Widget