“လက္ေတြ႕အသုံးခ်လို႕ရတဲ႔ သြားတိုက္ေဆးရဲ႕ အံ႔မခန္းအက်ဳိး႐ွိပုံနဲ႔ အသံုးဝင္မႈ႕။”





(၁)ရွဴးဖိနပ္ရဲ႕ ပြန္းရာေတြကုိေပ်ာက္ေအာင္လုပ္ႏိုင္

သြားတိုက္ေဆးဟာ ရွဴးဖိနပ္ေတြမွာျဖစ္တတ္တဲ့ ပြန္းရာ၊ပြတ္မိတဲ့အရာေတြ ကို

ေပ်ာက္ေအာင္လုပ္ႏိုင္စြမ္းရွိပါတယ္။သြားတိုက္ေဆးအနည္းငယ္ကို သားေရ ရွဴး(leather shoes)ေတြမွာ

နည္းနည္းညွစ္ထည့္ၿပီး ႏူးညံ့တဲ့အ၀တ္စနဲ႔ ဖိနပ္ကို ပြတ္တိုက္ေပးပါက ျခစ္ရာ ပြန္းရာေတြေပ်ာက္ၿပီး အသစ္အတိုင္းျဖစ္

သြားမွာပါ။(leather shoes)ေတြကိုသာမက sneaker shoes ေတြကို သန္႔ရွင္းေပးႏိုင္ပါတယ္။


(၂)မီးပူကို သန္႔ရွင္းေပးႏိုင္

မီးပူတုိက္ရင္း အဝတ္နဲ႔ ကပ္မိလို႔ မီးပူမွာ က်န္ေနတဲ့ အမည္းစြန္းေတြကိုလည္း သြားတိုက္ေဆးနဲ႔သန္႔ရွင္းေပးလို႔ရပါ

တယ္။သြားတိုက္ေဆးကို မီးပူဖင္ကို နည္းနည္္းသုတ္ေပးၿပီး အ၀တ္ဖတ္တစ္ခုနဲ႔သုတ္ေပးျခင္းအားျဖင့္

မီးပူကိုေျပာင္လက္သြားေစမွာျဖစ္ပါတယ္္။

(၃)လက္၀တ္ရတနာေတြကို အေရာင္တင္ေပးႏိုင္

သြားတိုက္ေဆးဟာ လက္၀တ္ရတနာ အထူးသျဖင့္ စိန္ကို ေျပာင္လက္ အေရာ င္ေတာက္ပလာေအာင္

စြမ္းေဆာင္ေပးႏုိင္ပါတယ္။သြားတိုက္ေဆး အနည္း ငယ္ကို သြားတိုက္တံမွာညွစ္ထည့္ၿပီး အေရာင္မွိန္ေနတဲ့ ရတနာပစၥည္းကို

ပြတ္ တုိက္သန္႔ရွင္းေပးပါ။ၿပီးရင္ေတာ့ အ၀တ္စိုနဲ႔ ေျပာင္စင္ေအာင္ သုတ္ေပးရမွာပါ။

(၄)၀က္ၿခံဖုကို ပိန္ေစ

၀က္ၿခံဖုေတြ ထြက္လာရင္လည္း သြားတိုက္ေဆးကို ဂ်ဲလ္အျဖစ္ သံုးလို႔ရ ပါ တယ္။၀က္ၿခံဖုကို

သြားတိုက္ေဆးတို႔ေပးျခင္းအားျဖင့္ ၀က္ၿခံဖုကို အခ်ိန္ တိုအ တြင္းပိန္သြားေစမွာျဖစ္ပါတယ္။သြားတိုက္ေဆးမွာ

ေျခာက္ေသြ႔သြားႏိုင္စြမ္းရွိကာ၊အဆီေတြကို စုပ္ယူေပးႏိုင္တာေၾကာင့္ ၀က္ၿခံဖုကို ပိန္သြားေစ တာျဖစ္ ပါတယ္။ဒါ့အျပင္္

လက္သည္းေတြကိုလည္း ျဖဴသြားေအာင္ သြားတိုက္ေဆးနဲ႔ သန္႔ရွင္းေပးလို႔ရပါတယ္။

(၅) CD/DVDခ်ပ္ေတြက အစင္းရာေတြကို ႐ွင္းလင္းႏိုင္

DVD အခ်ပ္ေတြမွာ ထင္ေနတဲ့ အစင္းရာေတြကို သြားတုိက္ေဆးနဲ႔ ႏူးညံ့တဲ့အဝတ္စကို သံုးၿပီး ပြတ္တုိက္ရင္ အစင္းေတြ

ေလ်ာ့သြားပါတယ္။

(၆) အ၀တ္အစားက အစြန္းအထင္းမ်ားကို ဖယ္ရွားႏိုင္

သြားတိုက္ေဆးက အ၀တ္အစားေပၚက ႏႈတ္ခမ္းနီ အစြန္းအထင္းႏွင့္ မင္ကဲ့သို႔ေသာ အစြန္းအထင္းမ်ားကို ဖယ္ရွားဖို႔

အေကာင္းဆံုး ပါ၀င္ပစၥည္းတစ္ခုျဖစ္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ အစြန္းအထင္းေပၚမွာ သြားတိုက္ေဆးကို

သုတ္လိမ္းၿပီး သြားတိုက္တံျဖင့္ ဒါမွမဟုတ္ လက္ျဖင့္ ပြတ္တိုက္ေပးပါ။ ၿပီးေနာက္ ထိုအစြန္းအထင္းေနရာကို ေရေႏြးနဲ႔

ေလွ်ာ္သင့္ၿပီး ေနာက္တစ္ဖန္ ျပန္ေလွ်ာ္ေပးပါ။

(၇) နံရံေပၚက အစြန္းအထင္းမ်ားကို သန္႔ရွင္းေပးႏိုင္

သင့္တို႔အိမ္က ကေလးေတြ နံရံေပၚမွာ ေလွ်ာက္ျခစ္ထားရင္မပူပါနဲ႔ ။ဒီနညး္လမ္းေလးကို အသံုးျပဳၾကည့္ပါ။ စိုစြတ္ေနတဲ့

အ၀တ္ႏွင့္ သြားတိုက္ေဆးထည့္ၿပီး နံရံေပၚက အစြန္းအထင္းမ်ားကို ပြတ္တိုက္ေပးပါ။ ၿပီးေနာက္ ေရေႏြးျဖင့္ ေဆးေၾကာၿပီး

သန္႔ရွင္းတဲ့ေရေအးနဲ႔ ျပန္လည္ ေဆးေၾကာေပးပါ။

(၈) ေကာ္ေဇာ အစြန္းအထင္းမ်ားကို ဖယ္ရွားႏိုင္

ေကာ္ေဇာေပၚက ေကာ္ဖီ၊ ၀ုိင္၊ အိမ္ေမြးတိရိစာၦန္ေတြ အညစ္အေၾကး စတဲ့ အျခားဘယ္အစြန္းအထင္းကိုမဆို

ဖယ္ရွားလို႔ရပါတယ္။ အစြန္းအထင္းေပၚမွာ သြားတိုက္ေဆးကို ညွစ္ထည့္ပါ။ ၿပီးေနာက္ အ၀တ္စတစ္ခုနဲ႔ အစြန္းအထင္းေပၚကို

ပြတ္တိုက္ေပးပါ။ သန္႔စင္ေသာ ေရႏွင့္ေဆးေၾကာပါ။ ၿပီးေနာက္ ေလျဖင့္ အေျခာက္ခံထားပါ။

(၉) ကားေရွ႕မီးသီးကို သန္႔စင္ေတာက္ေျပာင္ေစႏိုင္

ကားေရွ႕မီးေတြ ဖုန္မႈန္႔ေတြနဲ႔ ညစ္ပတ္လာရင္ ဖယ္ရွားပစ္ဖို႔ အလြန္ခက္ခဲပါတယ္။ သန္႔စင္ဖို႔နဲ႔ ေတာက္ပေစဖို႔

ေရေႏြးျဖည့္ထားတဲ့ ပန္းကန္လံုးတစ္ခုကို ယူပါ။ ၿပီးေနာက္ သြားတိုက္ေဆး အနည္းငယ္ထည့္ၿပီး အညစ္အေၾကးေတြ

ဖုန္ေတြကို ဖယ္ရွားဖို႔ ႏူးညံ့တဲ့ အ၀တ္စတစ္ခုနဲ႔ ပြတ္တိုက္ေပးပါ။ ဒီနညး္လမ္းက သင့္ကားေရွ႕မီးလံုးကို ေတာက္ပသန္႔စင္ေစဖို႔

ကူညီေပးပါလိမ့္မယ္။

(၁၀) ေရခဲေသတၱာကိုလည္း သန္႔စင္ေပးႏိုင္

သြားတိုက္တံ ဒါမွမဟုတ္ ေရျမဳပ္ေဖာ့တစ္ခု ထဲကို သြားတိုက္ေဆးထည့္ၿပီး ေရခဲေသတၱာ အျပင္ဘက္ကို ပြတ္တိုက္ေပးပါ။

သင့္ေရခဲေသတၱာ အေရာင္ထြက္လာပါလိမ့္မယ္။

(၁၁) လက္သည္းနီ အစြန္းအထင္းမ်ားကို ဖယ္ရွားေပးႏိုင္

သင့္ရဲ႕ လက္သည္းဆိုးေဆးကို ဖယ္ရွားလိုလွ်င္ လက္သည္းနီဖ်က္ေဆး မလိုပါဘူး။ သြားတိုက္ေဆးကို လက္သည္းေပၚသို႔

သုတ္လိမ္းပြတ္တိုက္ေပးျခင္းျဖင့္ အလြယ္တကူ ပ်က္ေစပါတယ္။

(၁၂)လက္ပတ္နာရီကို ျပန္လည္ေတာက္ပေစႏိုင္

လက္ပတ္နာရီမွန္ခြက္ေပၚက အရစ္အေၾကာင္းေပ်ာက္ခ်င္ရင္ သြားတိုက္ေဆးနဲ႔ ပြတ္တိုက္ေပးႏိုင္ သလို စီတီေခြမ်က္ႏွာျပင္က

အရစ္အေၾကာင္းေတြကိုလည္း သြားတိုက္ေဆးပြတ္ၿပီး မိနစ္(၂ဝ)ၾကာပြတ္ တိုက္ေပးရင္ အရစ္ေတြေပ်ာက္ႏိုင္ပါတယ္။

(၁၃)လက္ႏွိပ္ဓာက္မီး သိပ္မလင္းရင္

လက္ႏွိပ္ဓာတ္မီး အသံုးၾကာလို႔ အလင္းျပန္တဲ့ မ်က္ႏွာျပင္ ဝါသြားခဲ့ရင္ သြားတိုက္ေဆး ၃~၅မိနစ္ခန္႔ ပြတ္ထားၿပီး အဝတ္စနဲ႔

သုတ္ေပးႏိုင္ပါတယ္။

(၁၄)ဒဏ္ရာေတြ သက္သာေစႏိုင္

မေတာ္တဆအပူေလာင္တဲ့ ဒဏ္ရာကို သြားတိုက္ေဆးပြတ္ေပးရင္ အနာ သက္သာေစႏိုင္ပါတယ္။

ေသြးထြက္တဲ့ဒဏ္ရာေတြကို သြားတိုက္ေဆးနဲ႔ အရင္ေဆးေၾကာၿပီး ထပ္ပြတ္ထားေပးရင္ အနာေျခာက္ လြယ္ေစပါတယ္။

ေရာင္အမ္းတဲ့ အနာေတြ အေရာင္ေလ်ာ့ခ်င္ရင္ သြားတိုက္ေဆး လိမ္းထားေပးႏိုင္ပါတယ္။

Source AppFree

Credit:mmlivenews​

Unicodeဖြင့်ဖတ်ရန်

လက်တွေ့အသုံးချလို့ရတဲ့ သွားတိုက်ဆေးရဲ့ အံ့မခန်းအကျိုးရှိပုံနဲ့ အသုံးဝင်မှု့

(၁)ရှူးဖိနပ်ရဲ့ ပွန်းရာတွေကိုပျောက်အောင်လုပ်နိုင်

သွားတိုက်ဆေးဟာ ရှူးဖိနပ်တွေမှာဖြစ်တတ်တဲ့ ပွန်းရာ၊ပွတ်မိတဲ့အရာတွေ ကို

ပျောက်အောင်လုပ်နိုင်စွမ်းရှိပါတယ်။သွားတိုက်ဆေးအနည်းငယ်ကို သားရေ ရှူး(leather shoes)တွေမှာ

နည်းနည်းညှစ်ထည့်ပြီး နူးညံ့တဲ့အဝတ်စနဲ့ ဖိနပ်ကို ပွတ်တိုက်ပေးပါက ခြစ်ရာ ပွန်းရာတွေပျောက်ပြီး အသစ်အတိုင်းဖြစ်

သွားမှာပါ။(leather shoes)တွေကိုသာမက sneaker shoes တွေကို သန့်ရှင်းပေးနိုင်ပါတယ်။

(၂)မီးပူကို သန့်ရှင်းပေးနိုင်

မီးပူတိုက်ရင်း အဝတ်နဲ့ ကပ်မိလို့ မီးပူမှာ ကျန်နေတဲ့ အမည်းစွန်းတွေကိုလည်း သွားတိုက်ဆေးနဲ့သန့်ရှင်းပေးလို့ရပါ

တယ်။သွားတိုက်ဆေးကို မီးပူဖင်ကို နည်းနည်းသုတ်ပေးပြီး အဝတ်ဖတ်တစ်ခုနဲ့သုတ်ပေးခြင်းအားဖြင့်

မီးပူကိုပြောင်လက်သွားစေမှာဖြစ်ပါတယ်။

(၃)လက်ဝတ်ရတနာတွေကို အရောင်တင်ပေးနိုင်

သွားတိုက်ဆေးဟာ လက်ဝတ်ရတနာ အထူးသဖြင့် စိန်ကို ပြောင်လက် အရော င်တောက်ပလာအောင်

စွမ်းဆောင်ပေးနိုင်ပါတယ်။သွားတိုက်ဆေး အနည်း ငယ်ကို သွားတိုက်တံမှာညှစ်ထည့်ပြီး အရောင်မှိန်နေတဲ့

ရတနာပစ္စည်းကို ပွတ် တိုက်သန့်ရှင်းပေးပါ။ပြီးရင်တော့ အဝတ်စိုနဲ့ ပြောင်စင်အောင် သုတ်ပေးရမှာပါ။

(၄)ဝက်ခြံဖုကို ပိန်စေ

ဝက်ခြံဖုတွေ ထွက်လာရင်လည်း သွားတိုက်ဆေးကို ဂျဲလ်အဖြစ် သုံးလို့ရ ပါ တယ်။ဝက်ခြံဖုကို

သွားတိုက်ဆေးတို့ပေးခြင်းအားဖြင့် ဝက်ခြံဖုကို အချိန် တိုအ တွင်းပိန်သွားစေမှာဖြစ်ပါတယ်။သွားတိုက်ဆေးမှာ

ခြောက်သွေ့သွားနိုင်စွမ်းရှိကာ၊အဆီတွေကို စုပ်ယူပေးနိုင်တာကြောင့် ဝက်ခြံဖုကို ပိန်သွားစေ တာဖြစ် ပါတယ်။ဒါ့အပြင်

လက်သည်းတွေကိုလည်း ဖြူသွားအောင် သွားတိုက်ဆေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။

(၅) CD/DVDချပ်တွေက အစင်းရာတွေကို ရှင်းလင်းနိုင်

DVD အချပ်တွေမှာ ထင်နေတဲ့ အစင်းရာတွေကို သွားတိုက်ဆေးနဲ့ နူးညံ့တဲ့အဝတ်စကို သုံးပြီး ပွတ်တိုက်ရင် အစင်းတွေ

လျော့သွားပါတယ်။

(၆) အဝတ်အစားက အစွန်းအထင်းများကို ဖယ်ရှားနိုင်

သွားတိုက်ဆေးက အဝတ်အစားပေါ်က နှုတ်ခမ်းနီ အစွန်းအထင်းနှင့် မင်ကဲ့သို့သော အစွန်းအထင်းများကို ဖယ်ရှားဖို့

အကောင်းဆုံး ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အစွန်းအထင်းပေါ်မှာ သွားတိုက်ဆေးကို

သုတ်လိမ်းပြီး သွားတိုက်တံဖြင့် ဒါမှမဟုတ် လက်ဖြင့် ပွတ်တိုက်ပေးပါ။ ပြီးနောက် ထိုအစွန်းအထင်းနေရာကို ရေနွေးနဲ့

လျှော်သင့်ပြီး နောက်တစ်ဖန် ပြန်လျှော်ပေးပါ။

(၇) နံရံပေါ်က အစွန်းအထင်းများကို သန့်ရှင်းပေးနိုင်

သင့်တို့အိမ်က ကလေးတွေ နံရံပေါ်မှာ လျှောက်ခြစ်ထားရင်မပူပါနဲ့ ။ဒီနည်းလမ်းလေးကို အသုံးပြုကြည့်ပါ။ စိုစွတ်နေတဲ့

အဝတ်နှင့် သွားတိုက်ဆေးထည့်ပြီး နံရံပေါ်က အစွန်းအထင်းများကို ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေနွေးဖြင့် ဆေးကြောပြီး

သန့်ရှင်းတဲ့ရေအေးနဲ့ ပြန်လည် ဆေးကြောပေးပါ။

(၈) ကော်ဇော အစွန်းအထင်းများကို ဖယ်ရှားနိုင်

ကော်ဇောပေါ်က ကော်ဖီ၊ ဝိုင်၊ အိမ်မွေးတိရိစ္ဆာန်တွေ အညစ်အကြေး စတဲ့ အခြားဘယ်အစွန်းအထင်းကိုမဆို

ဖယ်ရှားလို့ရပါတယ်။ အစွန်းအထင်းပေါ်မှာ သွားတိုက်ဆေးကို ညှစ်ထည့်ပါ။ ပြီးနောက် အဝတ်စတစ်ခုနဲ့

အစွန်းအထင်းပေါ်ကို ပွတ်တိုက်ပေးပါ။ သန့်စင်သော ရေနှင့်ဆေးကြောပါ။ ပြီးနောက် လေဖြင့် အခြောက်ခံထားပါ။

(၉) ကားရှေ့မီးသီးကို သန့်စင်တောက်ပြောင်စေနိုင်

ကားရှေ့မီးတွေ ဖုန်မှုန့်တွေနဲ့ ညစ်ပတ်လာရင် ဖယ်ရှားပစ်ဖို့ အလွန်ခက်ခဲပါတယ်။ သန့်စင်ဖို့နဲ့ တောက်ပစေဖို့

ရေနွေးဖြည့်ထားတဲ့ ပန်းကန်လုံးတစ်ခုကို ယူပါ။ ပြီးနောက် သွားတိုက်ဆေး အနည်းငယ်ထည့်ပြီး အညစ်အကြေးတွေ

ဖုန်တွေကို ဖယ်ရှားဖို့ နူးညံ့တဲ့ အဝတ်စတစ်ခုနဲ့ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းက သင့်ကားရှေ့မီးလုံးကို

တောက်ပသန့်စင်စေဖို့ ကူညီပေးပါလိမ့်မယ်။

(၁၀) ရေခဲသေတ္တာကိုလည်း သန့်စင်ပေးနိုင်

သွားတိုက်တံ ဒါမှမဟုတ် ရေမြုပ်ဖော့တစ်ခု ထဲကို သွားတိုက်ဆေးထည့်ပြီး ရေခဲသေတ္တာ အပြင်ဘက်ကို

ပွတ်တိုက်ပေးပါ။ သင့်ရေခဲသေတ္တာ အရောင်ထွက်လာပါလိမ့်မယ်။

(၁၁) လက်သည်းနီ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်

သင့်ရဲ့ လက်သည်းဆိုးဆေးကို ဖယ်ရှားလိုလျှင် လက်သည်းနီဖျက်ဆေး မလိုပါဘူး။ သွားတိုက်ဆေးကို

လက်သည်းပေါ်သို့ သုတ်လိမ်းပွတ်တိုက်ပေးခြင်းဖြင့် အလွယ်တကူ ပျက်စေပါတယ်။

(၁၂)လက်ပတ်နာရီကို ပြန်လည်တောက်ပစေနိုင်

လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင် သလို

စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ် တိုက်ပေးရင်

အရစ်တွေပျောက်နိုင်ပါတယ်။

(၁၃)လက်နှိပ်ဓာက်မီး သိပ်မလင်းရင်

လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့ မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး

အဝတ်စနဲ့ သုတ်ပေးနိုင်ပါတယ်။

(၁၄)ဒဏ်ရာတွေ သက်သာစေနိုင်

မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာ သက်သာစေနိုင်ပါတယ်။

သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက် လွယ်စေပါတယ်။

ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

Source AppFree

Credit:mmlivenews

Recent Updates

Recent Posts Widget