ဒေါသစိတ်က သင့်ကိုယ်အလေးချိန်ကိုတက်စေတယ်လို့ သိပ္ပံပညာရှင်များပြော
ဒေါသဆိုတာစိတ်တိုပြီးအော်တာတခုထဲမဟုတ်ပါဘူး။ဒေါသပုံစံ ၃မျိုးရှိပါတယ်။ပြီးတော့ တခုချင်းဆီမှာလဲကိုယ်ပိုင်လက္ခဏာတွေရှိကြပါတယ်။ဥပမာ ကို
့်ကိုကိုယ်အပြစ်တင်ခြင်း အန္တရာယ်များတာလုပ်ခြင်း မှားယွင်းတဲ့မက်ေရည်လွယ်ခြင်းနဲ့ တခြားအများကြီးရှိပါတယ်။ ဒါကြောင့်ဒေါသဆိုတာကြည့်ရသလောက်မလွယ်ပါဘူး။ပြီးတော့ ၎င်းရဲ့လူတွေအပေါ်လွှမ်းမိုးမှုကလဲဆွေးနွေးရမယ့်အရာပါ။၎င်းရဲ့ဘေးထွက်ဆိုးကျိုးတခုကတော့ကိုယ်အလေးချိန်တိုးတာပါပဲ။
ကျွန်ုပ်တို့ကအချိန်တိုင်းမှာဒေါသထွက်နိုင်ပါတယ်။ဒါပေမယ့်ပုံမှန်လိုကြီးဖြစ်နေမယ်ဆိုရင် သင့်ကိုယ်အလေးချိန်အတွက်ထိခိုက်နိုင်တာကြောင့် Bright Sideကဒေါသကိုဘာကြောင့်ထိန်းသင့်လဲဆိုတာပြောပြချင်ပါတယ်။
အားလုံးကအက်ဒရီနယ်ဟော်မုန်းကစပါ
တယ်။
စိတ်ဆိုးလာတဲ့အခါ အက်ဒရီနယ် ဟော်မုန်းထွက်လာပါတယ်။ဒေါသဆိုတာကကျွန်ုပ်တို့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်မဟုတ်ဘဲ ကိုယ်ထဲကဓာတုဗေဒဖြစ်စဉ်ကိုလဲပြောင်းစေနိုင်ပါတယ်။၎င်းက ထွက်ပြေးဖို့ကော ရန်ဖြစ်ဖို့ကောကိုတွန်းအားပေးနိုင်ပြီးဒေါသဆိုတဲ့အရာဖြစ်လာပါတယ်။
အတွင်းအင်္ဂါမှကြွက်သားတွေအထိသွေးစီးဆင်းမှုကြောင့်စိတ်ဆိုးနေတဲ့အချိန်မှာဗိုက်မဆာပါဘူး။ဒါပေမယ့် ဒါကခဏတာပါပဲ။
အက်ဒရီနယ် အဆင့်လျော့ကျပြီးနောက်အားအင်လျော့နေတာကိုစသတိပြုမိပါတယ်။ထို့နောက် အစားစားဖို့စစဉ်းစားပါတော့တယ်။ ဒါပေမယ့်ကျွန်ုပ်တို့စိတ်တိုနေတယ်ဆိုတဲ့အမှန်တရားကြောင့်စိတ်မပါဘဲစားနေသလိုပါပဲ။ဆိုလိုတာကစားနေတာကမကောင်းတာလား ကောင်းတာလားဆိုတာထည့်မစဉ်းစားတော့တာပါ။ကျန်းမာရေးနဲ့ညီမညီလဲမသိတော့ပါဘူး။
သင်ဘာလုပ်နိုင်သလဲ:
စိတ်ဖိစီးမှုထပ်မခံပါနဲ့။အစားအသောက်ကိုထိန်းပြီးသင်ဗိုက်ပြည့်ပြီဆိုရပ်လိုက်ပါ။၎င်းကသင်ကိုအလေးခိန်တက်တာကိုအကူအညီဖြစ်မှာပါ။
ကျွန်ုပ်တို့ရဲ့ဒေါသကစိတ်ဖိစီးမှုရဲ့အကြောင်းရင်းပါ။
၎င်းကြောင့်ကော်တီဆုန်းဟော်မုန်းဓာတ်တိုးလာပါတယ်။.ဒေါသကစိတ်ဖိစီးမှုတိုးစေပါတယ်။၎င်းကကျွန်ုပ်တို့နှလုံးနဲ့သွေးဖိအားကိုအန္တရာယ်ဖြစ်စေပြီးကိုယ်အလေးချိန်ကိုလဲသက်ရောက်မှုရှိပါတယ်။
၎င်းဓာတ်ကသွေးထဲကသကြားဓာတ်ကိုအဆီအဖြစ်ပြောင်းပြီး အစာချေခြင်းကိုနှောင့်ယှက်ပါတယ်။ပြီးတော့ ရလဒ်အနေနဲ့အလေးချိန်တိုးပြီး ကိုယ်အတွက်မကောင်းတဲ့အဆီတွေတိုးပါတယ်။
သင်ဘာလုပ်နိုင်လဲ:
သင့်ရဲ့ပြီးခဲ့သောမကောင်းတဲ့ခံစားချက်တွေက်ုဖျောက်လိုက်ပါ။အားကစားခန်းမသွားပါ။လေ့ကျင့်ခန်းလုပ်ပါ။သို့မဟုတ်ပန်းခြံထဲလမ်းလျှောက်ပါ။၎င်းကသင့်ရဲ့စိတ်ကိုပြောင်းစေပြီးအတွေးတွေကိုထိန်းမှာပါ။
ကျွန်ုပ်တို့ခံတွင်းပျက်တယ်
စိတ်ဖိစီးမှုကအိပ်ခြင်းကိုလဲထိခိုက်စေပါတယ်။ကောင်းကောင်းမအိပ်ရရင်အားအင်လုံလောက်စွာမရပါဘူး။ပြီးတော့ကာဗွန်ဟိုက်ဒရိတ်ကိုဖြည့်ချင်လို့ချိုတဲ့အအေးတွေသကြားလုံးနဲ့တခြားကျန်းမာရေးနဲ့မညီတာတွေစားဖြစ်ပ်တယ်။
တချိန်တည်းမှာပဲကိုယ့်ကိုကိုယ်ထိန်းဖို့ခက်လာပါတယ်။အိပ်ချိန်မလုံလောက်တာကြောင့်ခံတွင်းကိုထိန်းတဲ့ဟော်မုန်းတွေရဲ့လုပ်ဆောင်နှောက်ယှက်ခံရတာကြောင့်ပါ။
သင်ဘာလုပ်နိုင်လဲ:
သင့်ဘဝနဲ့လိုက်လျောညီထွေနေဖို့နည်းလမ်းကိုရှာပ်။စာဖတ်ခြင်း သူငယ်ချင်းတွေံနဲ့တွေ့ခြင်း ကိုယ်အကြိုက်ဆုံးအရာကိုလုပ်ခြင်း သို့မဟုတ်ပျော်ရွှင်မှု ငြိမ်းချမ်းမှုရစေမယ့် တခြားတခုခုလုပ်ပါ။
Credit \\ original


