ပါးပါးရဲ့ မီးလက်ဝါးကိုအကြိုက်ဆုံးပဲဆိုတဲ့ နေထူးနိုင်ရဲ့သားလေးတွေ




နေထူးနိုင်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက Special Effects တွေနဲ့ ရုပ်ရှင်တွေ video တွေ ရိုက်လာခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုတွေများစွာရရှိထားတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ နေထူးနိုင်က သိုင်းကွက်အဆန်းတွေထွင်တတ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ နေထူးနိုင်ဟာ မကြာသေးမီက မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေမှုကိုလည်းသွားရောက်လေ့လာထားတာမို့ နောက်ထပ် အက်ရှင်ကားကောင်းတွေထွက်လာတော့မယ်လို့ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ နေထူးနိုင်က မကြာသေးမီက 8days Media နဲ့ အင်တာဗျူးမှာ သားနှစ်ယောက်ကိုပွဲထုတ်ခဲ့တာတွေ့ရပါတယ်။



နေထူးနိုင်ရဲ့သားနှစ်ယောက်နာမည်က ဘုန်းလက်ျာနဲ့ ဘုန်းလင်္ကာပါတဲ့။ အသက်ခုနစ်နှစ်နဲ့ ငါးနှစ်အရွယ်လေးတွေဖြစ်ကြောင်းသိရပါတယ်။ ဆော့တဲ့အရွယ်တွေဖြစ်တဲ့အတိုင်း အင်တာဗျူးတာတောင် တစ်စက်ကလေးမှအငြိမ်မနေပဲ ဆော့နေကြတာကိုလည်း နေထူးနိုင်က မျက်နှာတစ်ချက်မပျက်ပဲ စိတ်ရှည်လက်ရှည်ချော့မော့နေခဲ့တာတွေ့ရပါတယ်။



နေထူးနိုင်က သားနှစ်ယောက်ကို ကြီးလာရင်ဘာလုပ်မလဲလို့မေးတဲ့အခါ သားအကြီး ဘုန်းလက်ျာက “သားက Lego ဆက်တဲ့ player လုပ်မှာ”လို့ ဖြေပြီး ဘုန်းလင်္ကာကတော့ “Football player နဲ့ Lego ဆက်တဲ့ player လုပ်မှာ”လို့ ဖြေကြတာကိုကြည့်ခြင်းအားဖြင့် အင်ဂျင်နီယာလုပ်နော် ဆရာဝန်လုပ်နော် ဆိုတဲ့ ဖိအားပေးမှုတွေမရှိတာကိုမြင်ရမှာဖြစ်သလို ကလေးတွေက အဲဒီလိုဖြေလို့လည်း နေထူးနိုင်က စိတ်အနှောက်အယှက်ဖြစ်ဟန်မရှိပါဘူး။

နေထူးနိုင်ရဲ့သားနှစ်ယောက်က အဖေဖြစ်သူရဲ့ ရုပ်ရှင်တွေကိုလည်းကြည့်ပြီးကြိုက်နှစ်သက်ပါတယ်တဲ့။ ဘုန်းလက်ျာက “ဗန်တိုဆံညိုကို အကြိုက်ဆုံးပဲ”လို့ ဖြေပြီး အငယ်လေးက “မီးလက်ဝါးထပ်ရိုက်စေချင်တယ်”လို့ ပြောထားပါတယ်။ နေထူးနိုင်က ပရိသတ်တွေအတွက် သူ့ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကို “အခု မုန်းမျက်မာန်ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ PD လုပ်ပြီးတော့ ရိုက်နေတယ်။ ဟိုးလွန်ခဲ့တဲ့ 1993 လောက်မှာရှိတဲ့အသုံးအဆောင်ပစ္စည်းတို့ ကားတွေတို့ကိုစုပြီးတော့ ရုပ်ရှင်ထဲမှာထည့်ပေးရတယ်။ တတ်နိုင်သလောက်အဲဒီခေတ်အဲဒီအခါနဲ့ကိုက်တဲ့ပုံစံတွေ လုပ်ရတာပေါ့”လို့ ပြောပြထားပါတယ်။

နေထူးနိုင်ရဲ့သားလေးနှစ်ယောက်က “သားတို့ကို ချစ်တဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။ ပါးပါးကားတွေကိုလည်းကြည့်ပေးကြပါဦး”လို့ အလျိုအလျိုလူကြီးဆန်စွာဆုတောင်းပေးထားကြပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေထူးနိုင်ကိုချစ်ကြလား။ နေထူးနိုင်ရဲ့ဘယ်ရုပ်ရှင်ကားကိုအကြိုက်ဆုံးလဲ။ နေထူးနိုင်ရဲ့ သိုင်းကွက်ဆန်းတွေနဲ့ ရုပ်ရှင်ကားတွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit  \\   original

Recent Updates

Recent Posts Widget