ဘိန္းသမားမိဘေတြက နွစ္လအရြယ္သမီးေလးကို ဘိန္းျဖဴေကၽြးလုိ႔ သမီးေလးေသဆုံး
အေမရိကန္ ဗာဂ်ီးနီယားျပည္နယ္၊ Danville မွာ အသက္(၂)လသာ ရွိေသးတဲ့ သမီးေလးတစ္ေယာက္ဟာ အသိဉာဏ္ဆင္ျခင္မႈကင္းမဲ့တဲ့ မိဘေတြရဲ႕လုပ္ရပ္ေၾကာင့္ ေသဆုံးခဲ့တဲ့ရပါတယ္။ မိဘေတြနာမည္ကေတာ့ Eugene Chandler (၂၇)ႏွစ္နဲ႔ Shaleigh Brumfield (၂၆)ႏွစ္တုိ႔ ျဖစ္ပါတယ္။
သူတုိ႔ကို ၿပီးခဲ့တဲ့ အဂၤါေန႔က ဖမ္းဆီးခဲ့ပါတယ္။ မိဘႏွစ္ဦးစလုံးဟာ ဘိန္းစြဲေနသူမ်ားျဖစ္ၾကၿပီး၊ သမီးေလး ေသဆုံးၿပီးလုိ႔ (၇)လအၾကာမွာ သူတုိ႔ႏွစ္ေယာက္စလုံးကို လူသတ္မႈနဲ႔ ရဲက ဖမ္းဆီးႏုိင္ခဲ့တာျဖစ္ပါတယ္။ သမီးေလးအမည္ကေတာ့ Marleigh Chandler ျဖစ္ပါတယ္။
Marleigh ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏုိဝဘၤာ (၂၄)ရက္ ဆုံးခဲ့တာပါ။ ကေလးကို ရဲတပ္ဖြဲ႕ဝင္ေတြက CPR နည္းနဲ႔ ကုသခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ျပင္ပဒဏ္ရာလည္း မရွိတဲ့အတြက္ ဆက္လက္စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာ၊ ဘိန္းျဖဴေၾကာင့္ ေသဆုံးခဲ့ရတာကို အေျဖေပၚခဲ့ပါတယ္။
မိဘႏွစ္ဦးစလုံးကိုေတာ့ Danville City အက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ထားပါတယ္။ သူတုိ႔ကို ေနအိမ္အတြင္း အၾကမ္းဖက္မႈနဲ႔၊ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈဆုိင္ရာ ဥပေဒေတြနဲ႔ အေရးယူထားၿပီး၊ လူသတ္မႈ လူေသေစမႈေတြနဲ႔လည္း အမႈဖြင့္ထားေၾကာင္း သိရပါတယ္။
Credit \\ original
ယူနီကုဒ်ဖြင့် ဖတ်ရန်-
အမေရိကန် ဗာဂျီးနီယားပြည်နယ်၊ Danville မှာ အသက်(၂)လသာ ရှိသေးတဲ့ သမီးလေးတစ်ယောက်ဟာ အသိဉာဏ်ဆင်ခြင်မှုကင်းမဲ့တဲ့ မိဘတွေရဲ့လုပ်ရပ်ကြောင့် သေဆုံးခဲ့တဲ့ရပါတယ်။ မိဘတွေနာမည်ကတော့ Eugene Chandler (၂၇)နှစ်နဲ့ Shaleigh Brumfield (၂၆)နှစ်တို့ ဖြစ်ပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးခဲ့ပါတယ်။ မိဘနှစ်ဦးစလုံးဟာ ဘိန်းစွဲနေသူများဖြစ်ကြပြီး၊ သမီးလေး သေဆုံးပြီးလို့ (၇)လအကြာမှာ သူတို့နှစ်ယောက်စလုံးကို လူသတ်မှုနဲ့ ရဲက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးအမည်ကတော့ Marleigh Chandler ဖြစ်ပါတယ်။
Marleigh ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်္ဘာ (၂၄)ရက် ဆုံးခဲ့တာပါ။ ကလေးကို ရဲတပ်ဖွဲ့ဝင်တွေက CPR နည်းနဲ့ ကုသခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပြင်ပဒဏ်ရာလည်း မရှိတဲ့အတွက် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ၊ ဘိန်းဖြူကြောင့် သေဆုံးခဲ့ရတာကို အဖြေပေါ်ခဲ့ပါတယ်။
မိဘနှစ်ဦးစလုံးကိုတော့ Danville City အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။ သူတို့ကို နေအိမ်အတွင်း အကြမ်းဖက်မှုနဲ့၊ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားပြီး၊ လူသတ်မှု လူသေစေမှုတွေနဲ့လည်း အမှုဖွင့်ထားကြောင်း သိရပါတယ်။
Credit \\ original


