“ကျွန်မမှာ ရွေးချယ်စရာ မရှိတာမို့ သူ့ကို ဆက်ချစ်နေဦးမှာပါပဲ လို့ ငိုပြီး ရင်ဖွင့်လာခဲ့တဲ့ မင်းသမီး ဆောင်းဟေဂျို”
တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာအနှံ့အပြားက တောင် နှစ်သက်သဘောကျပြီး အားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ The Descendant of the Sun ရဲ့ စုံတွဲလေး ဆောင်းဂျွန်ကီ နဲ့ မင်းသမီး ဆောင်းဟေဂျိုတို့ မကြာခင်မှာ ကွာရှင်းဖို့ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းဖြစ်ပြီး ပရိသတ်တော်တော်များများကို စိတ်မကောင်း ဖြစ်စေခဲ့ရတာပါ။
ဒီသတင်းကို ဆောင်းဂျွန်ကီရဲ့ အေဂျင်စီဘက်က အရင်ဆုံး တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်တော့တာမို့ လည်း အကြောင်းပြချက် ပေးခဲ့တာဖြစ်ပါတယ်။
ဂျွန်ကီ နဲ့ ဟေဂျိုဟာ အိမ်ခွနြေနေတာ လအနည်းငယ်ရှိပြီ ဖြစ်သလို ဒီနှစ်တွေမှာလည်း အိမ်ထောင်ရေး အဆင်မပြေလို့ ဟေဂျိုတစ်ယောက် စိတ်ထောင်းကိုယ်ကျေပြီး အတော်လေး ပိန်သွားပုံရပါတယ်။
ကိုယ်အလေးချိန် ပေါင်ချိန်(၁၁) ပေါင်ကျော်လောက် ကျဆင်းသွားခဲ့ရတာမို့ လက်ထပ်လက်စွပ်တောင် အတော်လေးချောင်သွားလို့ မ၀တ်ဆင်ပဲ သိမ်းထားခဲ့တာဖြစ်ကြောင်း ဆိုလာခဲ့သလို မင်းသား ဂျွန်ကီဘက်ကလည်း လက်စွပ်ကို မ၀တ်ဆင်တော့တာ (၂၀၁၈) ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ဖြစ်ပါတယ်
ဆောင်းဂျွန်ကီ ဘက်က အရင်ဆုံး စတင်ကြေညာခဲ့တဲ့ အပေါ် သူမရဲ့ အေဂျင်စီ ဘက်က အတည်ပြုပြောကြားခဲ့သော်လည်း ဒီသတင်းတွေ ပျံနှံ့နေတာကြားကြားချင်း ဘန်ကောက်ကနေ ကိုရီးယားကို ချက်ချင်းပြန်လာခဲ့တဲ့ ဟေဂျိုဟာ သူမရဲ့ အဆုံးသတ်တော့မဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ” သူ့ကို ကျွန်မ ဆက်ချစ်နေဦးမှာပါ။
ဒါပေမဲ့လည်း ကျွန်မ မှာ ရွေးချယ်မှု မရှိပါဘူး။ ” လို့ ဖြေကြားခဲ့ပြီး သူမရဲ့မျက်ဝန်းတွေဟာ နီရဲနေသလို မီဒီယာတွေရဲ့ ရှေ့မှာတင်လည်း မျက်ရည် မထိန်းနိုင်ပဲ ငိုမိခဲ့တာဖြစ်ပါတယ်။ (၁၀) မိနစ်လောက် ခဏတာ ထက်သွားခဲ့ပြီး
” ဟလို … ကျွန်မ မင်းသမီး ဆောင်းဟေဂျိုပါ။ ကျွန်မရဲ့ ရင့်ကျက်မှု မရှိတဲ့ အပြုအမှုကို တောင်းပန်ပါတယ်။ ကျွန်မ လူထုရဲ့ စံပြတစ်ယောက်မို့ ခုလို ထွက်မသွားသင့်ပါဘူး။ ခုလောဆယ်မှာ ကျွန်မအတွက် ဒီကိစ္စက အတော်လေး ခံစားလွယ်နေလို့ပါ။ ကျွန်မ ကုစားနိုင်မယ်လဲ မထင်ပါဘူး။
သူ့ကိုလည်း ဆက်ချစ်နေဦးမှာပါ။ ကျွန်မမှာ ရွေးချယ်မှုလည်း မရှိပါဘူး။ အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုပေမဲ့လည်း ကွာရှင်းဖို့ ကို လက်ခံလိုက်ပါတယ် ” လို့ ဟေဂျိုဘက်က ဖွင့်ဟ စကားဆိုလာတာဖြစ်တာမို့ သူတို့နှစ်ယောက်ကို လမ်းခွဲစေတဲ့ အကြောင်းရင်းကို သိချင်နေကြမယ်ဖြစ်သလို လမ်းခွပြေမဲ့ ဆက်ချစ်နေဦးမဲ့ ဟေဂျို လေးအတွက် ဆယ်လီကမ္ဘာ ပရိသတ်ကြီး ရဲ့ အားပေးစကားများ ဆိုခဲ့ကြပါဦးနော်
Source:allkpop & Korean Drama Updates
credit – CeleGabar






