စိန်ခေါ်ပွဲအတွက် ၂၂၅ ပေါင်အထိ ဝိတ်တင်လိုက်တဲ့ အောင်လ





ယခုနှစ် အောက်တိုဘာတွင် ဂျပန်နိုင်ငံ၌ ထိုးသတ်မည့် ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်စိန်ခေါ်ပွဲအတွက် သတ်မှတ်ထားသည့် ကိုယ်အလေးချိန်ရောက်ရှိအောင် ခန္ဓာကိုယ်အလေးချိန် တင်နိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာ့စပါးကြီးမြွေအောင်လအန်ဆန်က ပြောဆိုခဲ့သည်။
လေ့ကျင့်ပြင်ဆင်
အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်စိန်ခေါ်ပွဲထိုးသတ်ရန်အတွက် ပြီးခဲ့သည့် မတ်လကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ယခုအခါတွင် သတ်မှတ်ထားသည့် ကိုယ်အလေးချိန် ၂၂၅ပေါင်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ကျွန်တော့ကို ဗီရာ စိန်ခေါ်တာ သုံးလတိတိပြည့်ပါပြီ။ စိန်ခေါ်တဲ့ ညက ကျွန်တော်၂၀၅ ပေါင် ရှိရာက တစ်ဖြည်းဖြည်း ဝိတ်တက်အောင်လေ့ကျင့်နေခဲ့ပါတယ်။ ဇွန် ၂၄ရက်က ညစာစားအပြီးမှာတော့ ၂၂၅ပေါင်နဲ့ စိန်ခေါ်ပွဲအတွက် လိုအပ်တဲ့ အလေးချိန် အတိအကျဖြစ်နေပါပြီ။ ထိုးသတ်ဖို့ အဆင်သင့် မဟုတ်သေးပေမဲ့ အောက်တိုဘာလမှာတော့ မြန်မာ့စပါးအုံးရဲ့ အကောင်းဆုံး အနေအထားဖြစ်နေဖို့ ကြိုးစားလေ့ကျင့်နေပါတယ်” ဟု အောင်လအန်ဆန်က ပြောဆိုသည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့် မတ်လကယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲတွင် လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီးနောက် လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီယာ ၎င်း၏ ချန်ပီယံဘွဲ့ကို စိန်ခေါ်ရန် ကမ်းလှမ်းခဲ့ရာ အောင်လအန်ဆန်က လက်ခံခဲ့သည်။

Credit  \\   original

Recent Updates

Recent Posts Widget