“လွလွပပျမင္ရေလ့ရွိတဲ့ မအူဝဲက ေယာက်္ားလ်ာဇာတ္႐ုပ္မွာလည္း ပီျပင္လြန္းတယ္ဆိုတဲ့ ေကာင္းျမတ္စံ။”




ေကာင္းျမတ္စံက ‘’ဇာတ္လိုက္ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေယာက်္ားလ်ာ ကာ႐ိုက္တာကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ထားတဲ့

အိျႏၵာေက်ာ္ဇင္ရဲ႕ အေၾကာင္းေျပာျပလာပါတယ္။ မိန္းကေလးဆန္ဆန္ လွလွပပေနတတ္သလို တကယ့္



ေယာက်္ားတစ္ေယာက္ပုံစံကာ႐ိုက္တာကိုလည္း ပိုင္ႏိုင္တဲ့သူပါတဲ့။

သ႐ုပ္ေဆာင္ေကာင္းျမတ္စံက အခုဆိုရင္ စီနီယာ အႏုပညာရွင္ႀကီးေတြနဲ႔ အတူ ႐ုပ္ရွင္ဇာတ္ကားေတြ



႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။ အခုလည္း ‘’ဇာတ္လိုက္’’႐ုပ္ရွင္ဇာတ္ကားမွာ အတူတူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အိျႏၵာေက်ာ္ဇင္ရဲ

႕ ကာ႐ိုက္တာအေပၚ ႀကိဳတင္ျပင္ဆင္မႈေတြကို မီဒီယာအင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။

‘’ သူက ေယာက်္ားလ်ာလို ဝတ္ထားတဲ့ ပုံစံရယ္၊ ေနာက္ၿပီးေတာ့ သူအျပင္ဝတ္နဲ႔ပုံစံရယ္ တျခားစီပဲ ကြဲထြက္တယ္။



ေယာက်္ားလ်ာပုံစံကို ဒီေန႔မွာ ျပင္ၿပီးသြားၿပီဆိုရင္ ကင္မရာတည္ထားထား၊ မတည္ထားထား ႐ိုက္႐ိုက္ မ႐ိုက္႐ိုက္ သူက

ေယာက်္ားလ်ာႀကီးလိုေနတာ။ ပုဆိုးတမမ နဲ႔ ကြမ္းေတြလည္း တပ်စ္ပ်စ္နဲ႔ သူကေနတာ အဲဒါလည္း သူ႔ကာ႐ိုက္တာအတြက္

သူ Mood သြင္းထားတာ’’ လို႔ ဆိုပါတယ္။

အဲဒီေနာက္ အျပင္မွာဆိုရင္ မိန္းကေလးဆန္ဆန္ အရမ္းလွတဲ့ အိျႏၵာေက်ာ္ဇင္ဟာ ေယာက်္ားလ်ာ

ကာ႐ိုက္တာအတြက္ကိုလည္း တကယ္ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တယ္လို႔ ေကာင္းျမတ္စံက

ဆက္လက္ေျပာျပလာပါတယ္။

‘’ ကြၽန္ေတာ္တို႔ မအူဝဲကို အျပင္မွာေတြ႕လို႔ရွိရင္ မိန္းကေလးပုံစံ မဟုတ္လား။ ဒါေပမယ့္ ႐ိုက္ကြင္း ေပၚေရာက္ရင္ေတာ့ သူက

အဲဒီလို မဟုတ္ဘူး။ ပုဆိုးေတြ ဘာေတြဝတ္ၿပီးလို႔ ဆံပင္တုေတြ တပ္ၿပီးသြားၿပီဆိုရင္ ေပါင္ကို ကားၿပီးထိုင္တယ္။ လုံးဝ

ေယာက်ာ္းႀကီးလိုမ်ိဳးပဲ သူက ေနေတာ့တာ’’ ဇြန္လ ၁၃ ရက္ေန႔က Jan Jan Jan ဆိုင္ဖြင့္ပြဲမွာ ေျဖဆိုခဲ့တာပါ။

သူဟာ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးလာရၿပီျဖစ္တာေၾကာင့္ စီနီယာေတြဆီက အႏုပညာေတြကိုလည္း

မၾကာခဏေလ့လာသင္ၾကားျဖစ္တယ္လို႔ ဆိုပါတယ္။

‘’ေလ့လာတာကေတာ့ ေလ့လာတာေပါ့ေနာ္။ သူတို႔လည္း ဒီလိုပဲ သ႐ုပ္ေဆာင္ၾကတာပဲ။ ဒါေပမယ့္ သူတို႔က

ဝါရင့္သြားၿပီဆိုေတာ့ သူတို႔အတြက္က ေအးေဆးေပါ့။ အခု ကင္မရာတည္လိုက္ရင္ သူတို႔က ဘာလုပ္ရမယ္ဆိုတာ

သိေနၿပီေပါ့’’ လို႔ သူကဆိုပါတယ္။

ေကာင္းျမတ္စံကိုေတာ့ တီဗီေၾကာ္ျငာ. မဂၢဇင္းကာဗာ.ေတြကေနတဆင့္ ပရိသတ္ေတြ

စတင္သတိထားမိလာၾကတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ MRTV-4 ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ရင္းက

ပရိသတ္အခိုင္အမာ ရရွိပိုင္ဆိုင္ထားတဲ့ မင္းသားေခ်ာ တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။လက္ရွိမွာလည္း ေကာင္းျမတ္စံ

တစ္ေယာက္ ဇာတ္ကားေတြ ႐ိုက္ကူးလက္ခံထားတာကို ေတြ႕ရပါတယ္။

credit – cele yatkwat

Unicode

ကောင်းမြတ်စံက ‘’ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ယောကျ်ားလျာ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့

အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းပြောပြလာပါတယ်။ မိန်းကလေးဆန်ဆန် လှလှပပနေတတ်သလို တကယ့်

ယောကျ်ားတစ်ယောက်ပုံစံကာရိုက်တာကိုလည်း ပိုင်နိုင်တဲ့သူပါတဲ့။

သရုပ်ဆောင်ကောင်းမြတ်စံက အခုဆိုရင် စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ

ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုလည်း ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားမှာ အတူတူ ပါဝင်သရုပ်ဆောင်ထားတဲ့

အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာအပေါ် ကြိုတင်ပြင်ဆင်မှုတွေကို မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ သူက ယောကျ်ားလျာလို ဝတ်ထားတဲ့ ပုံစံရယ်၊ နောက်ပြီးတော့ သူအပြင်ဝတ်နဲ့ပုံစံရယ် တခြားစီပဲ ကွဲထွက်တယ်။

ယောကျ်ားလျာပုံစံကို ဒီနေ့မှာ ပြင်ပြီးသွားပြီဆိုရင် ကင်မရာတည်ထားထား၊ မတည်ထားထား ရိုက်ရိုက် မရိုက်ရိုက် သူက

ယောကျ်ားလျာကြီးလိုနေတာ။ ပုဆိုးတမမ နဲ့ ကွမ်းတွေလည်း တပျစ်ပျစ်နဲ့ သူကနေတာ အဲဒါလည်း သူ့ကာရိုက်တာအတွက်

သူ Mood သွင်းထားတာ’’ လို့ ဆိုပါတယ်။

အဲဒီနောက် အပြင်မှာဆိုရင် မိန်းကလေးဆန်ဆန် အရမ်းလှတဲ့ အိန္ဒြာကျော်ဇင်ဟာ ယောကျ်ားလျာ

ကာရိုက်တာအတွက်ကိုလည်း တကယ် ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်လို့ ကောင်းမြတ်စံက

ဆက်လက်ပြောပြလာပါတယ်။

‘’ ကျွန်တော်တို့ မအူဝဲကို အပြင်မှာတွေ့လို့ရှိရင် မိန်းကလေးပုံစံ မဟုတ်လား။ ဒါပေမယ့် ရိုက်ကွင်း ပေါ်ရောက်ရင်တော့

သူက အဲဒီလို မဟုတ်ဘူး။ ပုဆိုးတွေ ဘာတွေဝတ်ပြီးလို့ ဆံပင်တုတွေ တပ်ပြီးသွားပြီဆိုရင် ပေါင်ကို ကားပြီးထိုင်တယ်။ လုံးဝ

ယောကျာ်းကြီးလိုမျိုးပဲ သူက နေတော့တာ’’ ဇွန်လ ၁၃ ရက်နေ့က Jan Jan Jan ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

သူဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပြီဖြစ်တာကြောင့် စီနီယာတွေဆီက အနုပညာတွေကိုလည်း

မကြာခဏလေ့လာသင်ကြားဖြစ်တယ်လို့ ဆိုပါတယ်။

‘’လေ့လာတာကတော့ လေ့လာတာပေါ့နော်။ သူတို့လည်း ဒီလိုပဲ သရုပ်ဆောင်ကြတာပဲ။ ဒါပေမယ့် သူတို့က

ဝါရင့်သွားပြီဆိုတော့ သူတို့အတွက်က အေးဆေးပေါ့။ အခု ကင်မရာတည်လိုက်ရင် သူတို့က ဘာလုပ်ရမယ်ဆိုတာ

သိနေပြီပေါ့’’ လို့ သူကဆိုပါတယ်။

ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ

စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက

ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ

တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။

credit – cele yatkwat

Recent Updates

Recent Posts Widget