တိမ်ထူလို့ လေယာဉ်ခါနေတာတောင် Captain ကိုမြတ်မိုးအောင်ကြောင့် စိတ်အေးခဲ့ရတယ်ဆိုတဲ့ ဟဲလေး




သီချင်းဆန်းဆန်းလေးတွေကို အမိုက်စားသီဆိုတတ်တဲ့ ဟဲလေးကတော့ ကိုယ်ပိုင်သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးပြီး ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ ဟဲလေးက ခရီးထွက်တစ်ခုထွက်ရင်း တိမ်တွေထူလို့ လေယာဉ်တွေခါနေတာတောင် Captain က ကိုမြတ်မိုးအောင်ဖြစ်နေတာကြောင့် စိတ်အေးအေးနဲ့ လေယာဉ်စီးခဲ့ရတဲ့အတွေ့အကြုံကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသံလေးကြားရုံနဲ့တင် ခရီးသည်တွေကို လုံခြုံစိတ်ချမှုပေးတဲ့ Captain ကိုမြတ်မိုးအောင်ရဲ့အရည်အချင်းကတော့ တကယ့်ကို လေးစားစရာပါပဲနော်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် ရာသီဥတုအခြေအနေမကောင်းတာတောင် ခရီးသည်တွေရဲ့စိတ်ကို လုံခြုံစေခဲ့တဲ့ လေယာဉ်မှူးကြီး ကိုမြတ်မိုးအောင်ရဲ့အကြောင်း ပြောပြလာတဲ့ ဟဲလေးရဲ့စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။



ဟဲလေးကတော့ “မနေ့ကတိမ်တွေထူလို့..လေယာဉ်ခါနေတဲ့အချိန်မှာ ထုံးစံအတိုင်းကြောက်မိတာမှန်ပေမယ့်..Captain ကိုမြတ်မိုးအောင်..မောင်းနေတယ်ကြော်ငြာတာ ကြားလိုက်ရော..စိတ်အေးချမ်းသာစွာနဲ့သာသာယာယာ ငိုက်လိုက်ပါတော့တယ်❣👍❣” ဆိုပြီး Captain ကိုမြတ်မိုးအောင်ကြောင့် စိတ်အေးခဲ့ရတဲ့ သူ့ရဲ့အဖြစ်အပျက်လေးကို ပြောထားတာပါ။





အဆိုတော် ဟဲလေးကတော့ လတ်တလောမှာ နယ်ရှိုးတွေလည်း ဆက်တိုက်ဆိုဖြစ်နေပြီး သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ တလောကထွက်ရှိထားတဲ့ ဟဲလေးရဲ့”စမူဆာ” သီချင်းဗီဒီယိုလေးကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရည်အချင်းရှိတဲ့ Captain ကြောင့် စိတ်အေးလက်အေး လေယာဉ်စီးခဲ့ရတယ်ဆိုတဲ့ ဟဲလေးရဲ့အကြောင်းကို ဘယ်လိုထင်မြင်မိလည်းဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;He Lay’s Facebook

Credit  \\   original


Recent Updates

Recent Posts Widget